တနိုင်းမြို့နေ ပြည်သူ့စစ်တပ်ဖွဲ့မှ ထွက်ပြေးလာသူတစ်ဦးအား KIA ခြိမ်းခြောက်စာပို့ခဲ့၍ ပြန်လည် အဖမ်းခံ ========================================= 6, September, 2015 By Kachin People တပ်မဟာ(၂)လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့မှ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ ပြည်သူ့စစ်သင်တန်းပေး၍ ပြည်သူ့စစ်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်ထားသော တနိုင်းမြို့နယ် တပ်သားအဆင့် မရန်မာအောင်အား ကင်းတာဝန်ချထားစဉ် ဇူလိုင်လ(၄)ရက်နေ့က ထွက်ပြေး လာခဲ့ကြောင်း ကြားသိရပါသည်။ ထွက်ပြေးလာသူ မရန်မာအောင် မိသားစုထံသို့ KIA မှ ပြန်လာရန် ခြိမ်းခြောက်စာ ပို့ခဲ့ကြောင်း၊ ပြန်လည်အဖမ်းမခံပါက ပြင်းထန်စွာအရေးယူမည်ဟု ပါရှိကြောင်း၊ ထို့ကြောင့် ၎င်းမိသားစုမှ မရန်မာအောင်အား ချော့မော့ကာ စက်တင်ဘာလ(၁)ရက်နေ့တွင် အဖမ်းခံစေ ခဲ့ကြောင်း မရန်မာအောင်၏ မိသားစုမှ ပြောပြချက်အရ သိရှိရသည်။
No comments:
Post a Comment