Wednesday, September 23, 2015

မြန်မာပြည်သူများကို ကာကွယ်နိုင်သည်ဟု ဒေါ်စုပြော

မြန်မာပြည်သူများကို ကာကွယ်နိုင်သည်ဟု ဒေါ်စုပြော
...............................................................................

အင်အားကြီးနိုင်ငံများ ဖြစ်ကြသည့် တရုတ်နှင့်အိန္ဒိယ နှစ်နိုင်ငံကြားရှိ မြန်မာပြည်သူများအားကာကွယ်နိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
''ပြည်သူ့ရဲ့ အကျိုးကို အဓိကထားပြီးတော့ ကိုယ်ကျိုးကိုမရှာတဲ့ အစိုးရတွေဆိုလို့ရှိရင် နိုင်ငံကြီးနှစ်နိုင်ငံ မဟုတ်ဘူး။ နိုင်ငံကြီး ဆယ်နိုင်ငံလုံးနဲ့  ဝိုင်းနေရင်တောင်မှ ကျွန်မတို့ရဲ့ ပြည်သူတွေကို ကာကွယ်ပေးနိုင်မှာပါဆိုတာ စိတ်ချပါ''ဟု ၄င်း က ပြောသည။်
စက်တင်ဘာလ(၂၂)ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့နယ်တွင် ပြုလုပ်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲတွင် တက်ရောက်လာသည့်
ပြည်သူတစ်ဦးက က ''တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံကြားက ပြည်သူများအတွက် ဘယ်လိုပြင်ဆင် ထားသင့်ပါ သလဲ''ဟူသော မေးမြန်းမှုအပေါ်အထက်ပါအတိုင်း ပြန်လည်ဖြေကြား ခဲ့ခြင်းလည်းဖြစ်သည်။



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: