အောက်တိုဘာ (၁၅) တွင် ပြည်ပသို့ ဆန်တင်ပို့ခွင့်ပြုမည်
.......................................................................
လာမည့် အောက်တိုဘာလ (၁၅)ရက်တွင် ပြည်ပသို့ ပြန်လည် ဆန်တင်ပို့ခွင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က သိရသည်။
ဆန်စပါးဈေးကွက်၊ ဆန်စပါး ကုန် သွယ်မှုနှင့်ပတ်သက်၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာနိုင်ငံဆန် စပါးအသင်းချုပ်နှင့် နိုင်ငံတော်သမ္မတအကြံ ပေးပုဂ္ဂိုလ်များ၊ အသင်းချုပ် အကြံပေးပုဂ္ဂိုလ် များနှင့်တွေ့ဆုံပြီး ဆန်စပါးကုန်သွယ်မှု ဖွံ့ဖြိုး ရေး၊ ဆန်စပါးကုန်သွယ်မှုတိုးတက်ရေး၊ ပြည် ပတင်ပို့ခြင်းဆိုင်ရာကိစ္စများ အရန်ဆန် ထားရှိရေးတို့ကို စက်တင်ဘာ(၂၂)ရက်နေ့ တွင် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ယင်းနောက် နယ်စပ်မှ ဆန်တင်ပို့ခြင်း ဆိုင်ရာ ပို့ကုန်လိုင်စင် ထုတ်ပေးသည့်နေရာ၊ ပမာဏတို့ကို လက်ရှိ သတ်မှတ်ချက်များမှ ဖြေလျှော့ ဆောင်ရွက် ပေးရန်နှင့် အောက်တိုဘာလ (၁၅)ရက်နေ့မှစပြီး ပုံမှန် ဆောင်ရွက်ပေးရန် သဘောတူညီမှုရ ခဲ့ခြင်းဖြစ်သည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment