မင်္ဂလာနံနက်ခင်းပါ (၂၀.၉.၂၀၁၅)
ယနေ့မြန်မာစံတော်ချိန် (၀၅း၃၀)နာရီအချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် ဆက်လက်တည်ရှိနေပါသည်။ကပ္ပလီပင်လယ်ပြင်တွင် မုတ်သုံလေအားအတည်းငယ်မှ အားအသင့်အတင့်ရှိနေပြီး ဘင်္ဂလား
ပင်လယ်အော်တွင်မုတ်သုံလေအားအားကောင်း
နေပါတယ်........
မြန်မာနိုင်ငံပေါ်မှာကတော့ တစ်ပြည်လုံးလိုလိုမှာ တိမ်အသင့်အတင့် တိမ်ထူထပ်နေတာကို တွေ့ရပါတယ်..
ဒီကနေ့ နံနက် (၀၆း၃၀)နာရီအချိန်ထိ တိုင်းထွာချက်များအရ စစိကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ကချင့်ပြည်နယ်၊ရှမ်းပြည်နယ်
နှင့်ရခိုင်ပြည်နယ်တို့မှာ နေရာစိပ်စိပ်မှ နေရာအနှံအပြား၊ကျန်တိုင်းဒေသနှဲပြည်နယ်တို့မှာတော့ နေရာကွက်ကျားမှ နေရာကျဲကျဲမိုးထစ်ချုန်းရွာခဲ့ကာနဲ ရခိုင်ပြည်နယ်တွင်ဒေသအလိုက်နှင့်စစ်ကိုင်းတိုင်းဒသကြီးအောက်ပိုင်းတွင်
နေရာကွက် မိုးကြီးခဲ့ပါတယ်။
မှတ်သားဖွယ်ရာမိုးရေချိန်များကတော့ မောင်တောမြို့တွင်(၄.၇၂)လက်မ၊ဟုမ္မလင်းမြို့တွင် (၄.၄၁)လက်မ၊စစ်တွေမြို့မှာ (၃.၇၀)လက်မ၊ ကျောက်တော်မြို့တွင် (၃.၀၃)လက်မ၊ မြစ်ကြီးနားမြို့တွင် (၁.၇၇)လက်မနှင့် ခန္တီးမြို့တွင် (၁.၅၄)လက်မတို့ဖြစ်ကြပါတယ်...
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment