ကုန်တင်ယာဉ်ကို စစ်ဆေးရာမှ တရားမ၀င် တမလန်းသစ် လေးတန်ကျော် ဖမ်းမိ
Saturday, September 19, 2015
မုံရွာမြို့ ချမ်းမြသာစည် ရပ်ကွက်နှင့် ဘုန်းစိုးရပ်ကွက်အ ကြား နေဇာလမ်းပေါ်တွင် မောင်း နှင်လာသော ကုန်တင်ယာဉ် တစ် စီးကို စစ်ဆေးရာ ကျပ် ၁၀ သိန်း ကျော်တန်ဖိုးရှိ တမလန်း သစ်ခွဲ သားများ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၁၈ ရက် နံနက် ၄ နာရီခွဲတွင် မုံရွာမြို့ နယ် မြေရဲတပ်ဖွဲ့စခန်းနှင့် မုံရွာမြို့နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူ များသည် သတင်းအရစောင့်ဆိုင်း ၍ ကင်တာ ခြောက်ဘီးယာဉ်ကို ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ် တွင် တရားမ၀င်သယ်ဆောင်လာ သော တန်ချိန်လေးတန်ကျော်ရှိ တမလန်းသစ်ခွဲသား ၃၁ လုံးကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်သည်။
တရားမ၀င် သစ်ခွဲသားများ တင်ဆောင် မောင်းနှင်လာသော ယာဉ်မောင်းမှာ ထွက်ပြေးတိမ်း ရှောင်သွားပြီး အသက်(၂၃)နှစ်အ ရွယ် ယာဉ်နောက်လိုက်ကို ဖမ်း ဆီးမိခဲ့သည်။ ယာဉ်နှင့် ယာဉ်ပေါ် ပါပစ္စည်းများကို မုံရွာမြို့ နန္ဒ၀န် ရပ်ကွက် သစ်တော ဦးစီးဌာန သစ်တော ရဲစခန်းတွင် သက်သေ များရှေ့၌ စစ်ဆေးဆောင်ရွက် ခဲ့ပြီး မုံရွာမြို့ နယ်မြေရဲတပ်ဖွဲ့ စခန်းတွင် အမှုဖွင့် စစ်ဆေးနေ ကြောင်း သတင်းရရှိသည်။
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment