Saturday, September 19, 2015

တိုင်ပေမှ ပိတ်စတင်သွင်းမှု အခွန်လျှော့ချပေးရန် မြန်မာ စဉ်းစားမည်

တိုင်ပေမှ ပိတ်စတင်သွင်းမှု အခွန်လျှော့ချပေးရန် မြန်မာ စဉ်းစားမည်
Saturday, September 19, 2015
တရုတ်တိုင်ပေ မှ တင်သွင်းသော ပိတ်စများအပေါ် အခွန်လျှော့ချရေး မြန်မာနိုင်ငံက စဉ်းစားနေသည်ဟု တိုင်ပေ စီးပွားရေးဝန်ကြီးဌာနက ပြော ကြားသည်။

နိုင်ငံခြားကုန်သွယ်ရေးဗျူရို အကြီးအကဲ ယန်ဂျင်နီဦးဆောင်သော တိုင်ပေကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၉ ရက်မှ ၁၂ ရက်အထိ လာရောက်ခဲ့ပြီး မြန်မာ့စီးပွားရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် တိုင်ပေနှင့် မြန်မာကြားကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကျယ်ပြန့်စေရန်အထောက်အပံ့ပေးရေး ကတိပြုသော ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင် တိုင်ပေမှ ပိတ်စများအပေါ် မြန်မာနိုင်ငံက အ ခွန် ၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ ကောက်ခံနေသည်။ မြန်မာ နှင့် တိုင်ပေကြား ကုန်သွယ်မှုမှာ ကန်ဒေါ်လာ ၃၂ သန်းတန်ဖိုးရှိပြီး ယင်းတွင် အထည်အလိပ်များက ၁၄ ရာခိုင်နှုန်းပါဝင်သည်။

ကုန်ပစ္စည်း စစ်ဆေးမှုနည်း ပညာနှင့် ကုန်သွယ်မှု ကုန်ကျစရိတ်လျှော့ချရေးများ အပါအ၀င် အကြောင်းအရာအများအပြားကို နှစ်ဖက်ဆွေးနွေးခဲ့ကြပြီး ကုန် ပစ္စည်းများ စစ်ဆေးမှု လျင်မြန်ရေးစနစ်တစ်ခု ထူထောင်ပေးရန် တိုင်ပေက ကတိပြုခဲ့သည်။

—Ref:Want Chian Times



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: