ကိုယ့်တစ်ယောက်တည်းကိုပဲချစ်မယ် ကိုယ့်တစ်ယောက်
တည်းကိုပဲ လက်ထက်မယ်လို့ပြောတတ်တဲ့လူကိုအချစ်
ဆိုပြီး အကြွင်းမဲ့ယုံကြည်လို့မရပါဘူး..
ကိုယ့်ရဲ့လိုအပ်ချက်တွေကိုသိနေပေမဲ့ ကိုယ့်ကိုပဲ
လက်တွဲဖော်အဖြစ်ရွေးချယ်တဲ့ သူမျိုးမှသာ
တကယ်ချစ်တဲ့သူမျိုးပါ...
တချို့အချစ်တွေက ကိုယ့်ကိုတကယ်မချစ်ပဲခဏတာ
ပျော်ချင်ရုံသက်သက်ဖြစ်နေတတ်ပါတယ်...
တချို့ချစ်တွေကရူးရူးမူးမူး အချစ်ကိုလိုချင်တတ်ကြပြီး
ကိုယ်ချစ်ရတဲ့လူကို ပိုင်ဆိုင်နိုင်ဖို့လည်းနည်းပေါင်းစုံနဲ့
ကြိုးစားတတ်ကြပါတယ်...
ပိုင်ဆိုင်လိုက်ရပြီးတဲ့အခါ အဲဒီအချစ်ကို
တန်ဖိုးမထားတတ်ကြပဲ ထားခဲ့ချင်နေတတ်ပါတယ်...
ကိုယ့်ကိုတကယ်ချစ်တဲ့ လူဆိုတာကိုယ်ကလွဲရင်
ဘယ်သူ့ကိုမှမယူဘူးလို့ ပြောနေတတ်တဲ့သူမျိုးမဟုတ်ပဲ
ကိုယ့်အားနည်းချက်တွေကိုသိပေမဲ့ လက်တွဲမဖြုတ်ပဲ
ကိုယ့်ကိုပဲ ရွေးချယ်ပေးတတ်တဲ့ သူမျိုးပါ...
Phoe Phyu
Poem
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment