Monday, September 21, 2015

၁၉.၉.၂၀၁၅ရက်စနေနေ့တွင် ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးကောင်းမြို့နယ်၊သိုက်ဝါးကုန်းကျေးရွာတွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိခြင်း

၂၀.၉.၂၀၁၅
၁၉.၉.၂၀၁၅ရက်စနေနေ့တွင်
ကချင်ပြည်နယ်၊မိုးညှင်းခရိုင်၊မိုးကောင်းမြို့နယ်၊သိုက်ဝါးကုန်းကျေးရွာတွင်မူးယစ်ဆေးဝါးများဖမ်းဆီးရမိခြင်း
ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်၊ရွှေဘိုမြစ်ကြီးနားကားလမ်းမပေါ်ရှိသိုက်ဝါးကုန်းကျေးရွာတွင်သတင်းအရစောင့်ဆိုင်းနေစဉ်
နံနက်(၇)နာရီအချိန်ခန့်တွင်ဟိုပင်မြို့ဘက်မှမိုးကောင်းမြို့ဘက်သို့မောင်အောင်ဝင်းထွဋ်နှင့်မအိအိမွန်(ခ)ဝိုင်းစုတို့စီနင်းလာသောဒီတီဆိုင်ကယ်အားရပ်တန့်ရှာဖွေရာ
မအိအိမွန်၏ဘော်လီအင်္ကျီအတွင်းမှအဖြူရောင်ကော်ဘူးဖြင့်ထည့်ထားသောဘိန်းဖြူ(၆)ဂရမ်ဖမ်းမိသိမ်းဆည်းခဲ့ပါသည်
၎င်းတို့နှစ်ဦးအားစစ်ဆေးမေးမြန်းရာ
အင်းတော်ကြီးဒေသတွင်နေထိုင်သူမစန်းဆိုသူမှမိုးကောင်းမြို့နယ်ဆားမော်ကျေးရွာသို့ပို့ဆောင်ခိုင်းခြင်းဖြစ်ကြောင်းထွက်ဆိုခဲ့ပါသည်
အမှုကွင်းဆက်အရ၎င်းတို့ကိုင်ဆောင်သောဖုန်းဖြင့်မစန်းဆိုသောအမျိုးသမီးအားဖုန်းဆက်ကြည့်ရာမစန်းမှဖုန်းမကိုင်ဘဲမနှင်းရီဆိုသောအမျိုးသမီးမှဖုန်းကိုင်ခဲ့ပါသည်
ဆားမော်သို့ပို့ခိုင်းသောပစ္စည်းများပို့ပြီးကြောင်းနှင့်နောက်ထပ်ဘိန်းဖြူဆပ်ပြာခွက်(၃)ခွက်လိုချင်ကြောင်းပြောရာ
ဒေါ်နှင်းရီမှဟိုပင်မြို့ဘောလုံးကွင်းဒေါင့်တွင်အပြာရောင်မိုးကာအင်္ကျီဝတ်၍စောင့်နေမည်ဖြစ်ကြောင်းပြန်လည်ပြောဆိုခဲ့ပါသည်
၎င်းနောက်ကားဖြင့်သွားရောက်၍ဒေါ်နှင်းရီအားဖမ်းဆီးပြီး၎င်းတည်းခိုရာဒေါ်ခွန်ဂျာ၏အိမ်တွင်ဝင်ရောက်ရှာဖွေရာအိမ်အောက်ရှိစပါးပုတ်အတွင်းမှဘိန်းမည်း(၂)ပိဿာအားဖမ်းမိသိမ်းဆည်းခဲ့ပါသည်
၎င်းနောက်ဒေါ်နှင်းရီပိုင်ဆိုင်သောသေတ္တာအားဒေါ်နှင်းရီထံမှသော့တောင်းပြီးရှာဖွေရာ
ငွေ(၄၆၃)သိန်းခွဲနှင့်ရွှေချောင်း(၅)ချောင်း(၅၀)ကျပ်သားအားသိမ်းဆည်းမိခဲ့ပါသည်
သိုက်ဝါးကုန်းကျေးရွာတွင်ဖမ်းမိခဲ့သောမောင်အောင်ဝင်းထွဋ်နှင့်မအိအိမွန်တို့အားပင်းဘောရဲစခန်းတွင်၎င်း
ဒေါ်ခွန်ဂျာအားဟိုပင်ရဲစခန်းတွင်၎င်းအမှုဖွင့်အရေးယူခဲ့ပါသည်
ဒေါ်ခွန်ဂျာနှင့်အတူတူတွဲ၍လက်ထိပ်ခတ်ထားသောဒေါ်နှင်းရီအားအမှုဖွင့်အရေးယူထားခြင်းမရှိကြောင်းနှင့်
ဒေါ်နှင်းရီ၏အဒေါ်ဖြစ်သူ၏အိမ်အားရှာဖွေခဲ့ခြင်းမရှိကြောင်း
ပါဝင်ကူညီခဲ့သောသူများမှပြောကြားခဲ့ကြောင်းသတင်းရရှိပါသည်
၎င်းဖြစ်စဉ်တွင်ပူးပေါင်းပါဝင်ခဲ့သောအဖွဲ့အစည်းများ
၁။ရဲအုပ်စိုးမင်းဦး၊မိုးညှင်းခရိုင်ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့
၂။ဒုရဲအုပ်မျိုးမင်းဝင်း၊မိုးညှင်းခရိုင်ဒုစရိုက်နှိမ်နှင်းရေးအဖွဲ့
၃။ဒုရဲအုပ်ဝင်းကိုကိုဦး၊ပင်းဘောနယ်မြေရဲစခန်း(နယ်ထိန်း)နှင့်အဖွဲ့
၎။ဦးဇော်မင်း၊ဆားမော်ကျေးရွာအုပ်ချုပ်ရေးမှူး(မိုးကောင်းမြို့နယ်)
၅။ဦးမြတ်ကျော်သူ။တောင်နီကျေးရွာအုပ်ချုပ်ရေးမှူး(မိုးကောင်းမြို့နယ်)



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: