Tuesday, September 15, 2015

မန်းတွင် ဖဲကြိုးဝါလှုပ်ရှားမှုစတင် ............................................. တရားရေးဌာနသို့ တပ်မတော် က အငြိမ်းစားအရာရှိအချို့ ဝင် ရောက်လာမှုအား ဆန့်ကျင်သည့် ဖဲကြိုးဝါ လှုပ်ရှားမှုကို မန္တလေးမြို့ တွင် ခရိုင်တရားရုံး၌ စတင်ပြု လုပ် လိုက်ကြောင်း အထက်မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်ထံက သိရ သည်။ ''ဖဲကြိုးဝါလှုပ်ရှားမှု စတင်ပါပြီ။ မိုးကျ ရွှေကိုယ်တွေ ဝင်လာတာနဲ့ပတ်သက်ပြီး ဒက္ခိဏခရိုင် တရားရုံးမှာ ပျဉ်းမနားရှေ့နေ အသင်းက စတယ်။ နောက်ရန်ကုန်ကရှေ့နေ တွေ လုပ်တယ်။ အခုမမန္တလေး စပါပြီ။ ကျွန်တော်တို့ရဲ့ သဘောထားကို ထုတ်ဖော်ပြသ တာပါ။ စစ်တပ်က နေရာတကာလွှမ်းမိုးချုပ် ချယ်တာကို လက်မခံနိုင်ဘူးဆိုတာကို ပြတာ''ဟု အဆိုပါကွန်ရက်က ဥပဒေရေးရာ ကော်မ တီတာဝန်ခံ တရားလွှတ်တော်ရှေ့နေ ဦးသိန်း သန်းက ပြောသည်။ တပ်မတော်က အငြိမ်းစားအရာရှိအချို့ ဝန်ကြီးဌာနများသို့ ပြောင်းရွေ့လာခြင်းနှင့် ပတ်သက်၍ သြဂုတ်လ(၈)ရက်နေ့တွင် နိုင်ငံ တစ်ဝှမ်းရှိ ဆရာဝန်များက ဖဲကြိုးအနက် တပ်ဆင်၍ လည်းကောင်း၊ မ္တလေးမြို့ရှိ လျှပ်စစ်အင်ဂျင်နီ ယာများက ဖဲကြိုးပြာများ တပ်ဆင်၍ စက်တင် ဘာလ(၁၁)ရက်နေ့တွင် လည်းကောင်း၊ နေပြည်တော် ကောင်စီနယ် မြေ၊ ဒက္ခိဏခရိုင် တရားရုံးတွင် ရှေ့နေများက ဖဲကြိုးဝါများ တပ်ဆင်၍ စက်တင်ဘာလ (၉) ရက်နေ့တွင် လည်းကောင်း ဆန့်ကျင်ကန့်ကွက် သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။

No comments: