Tuesday, September 15, 2015

မန်းရှိ ရုပ်ရှင်ရုံအမည်ခံ ချစ်သူစုံတွဲအခန်းများ ဖမ်းဆီး .......................................................... မဟာအောင်မြေမြို့နယ်တွင် ရုပ်ရှင်ရုံ အမည်ခံက သမီးရည်းစားအတွဲများအား အခကြေးငွေယူကာ အခန်းငှားခြင်းလုပ်ကိုင် နေသောဆိုင်အား ဖမ်းဆီးခဲ့ကြောင်း တိုင်းရဲ ရုံးထံက သိရသည်။ ယခုလ(၁၃)ရက်နေ့၊ မွန်းလွဲ(၂းဝဝ)အချိန်တွင် ဦးမြင့်ဦး(မြို့နယ်အုပ်ချုပ်ရေး မှူး-မဟာအောင်မြေ)နှင့်အဖွဲ့၊ ဒုရဲအုပ်မိုးဝင်း စိန်(မြို့မစခန်း-မဟာအောင်မြေ)နှင့်အဖွဲ့ ၊ ဦးယဉ်မောင်ထွန်း(ရပ်ကွက်အုပ်ချုပ်ရေး မှူး-မဟာမြိုင်-၂)နှင့်အဖွဲ့တို့သည် မဟာ အောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက် (၃၈)လမ်း (၆၉x၇ဝ)ကြားရှိ Mr.38 Mini Cinema ဆိုင်အမည်ခံလျက် ဆိုင်အတွင်း အများပြည်သူအလွယ်တကူမမြင်နိုင်သော အခန်းများဖွဲ့၍ သမီးရည်းစားများအား အခ ကြေးငွေယူကာ အခန်းငှားရမ်းလုပ်ကိုင်နေ သောဆိုင်အား ဝင်ရောက်စစ်ဆေးရာ မန်နေ ဂျာအား ဆိုင်အတွင်းတွေ့ရှိရပြီး(၉x၆)ပေ အခန်း(၁၄)ခန်းဖွဲ့၍ အချိန်ပိုင်းအလိုက် အခ ကြေးငွေယူကာ အခန်းငှား လုပ်ကိုင်နေသည် ကို သက်သေခံပစ္စည်းအများနှင့်အတူ သိမ်း ဆည်းရမိခဲ့သည်။ ''ဘယ်ဆိုင်မဆို အခန်းမဖွဲ့ရဘူး။ အပြင် က လှမ်းကြည့်ရင်ဆိုင်ထဲကို ရှင်းရှင်းလင်း လင်း မြင်နေရမယ်။ အခုဟာက အများပြည်သူ လှမ်းကြည့်ရင်တောင် အလွယ်တကူ မမြင် နိုင်ဘူး။ အဲဒီဆိုင်ကို သတင်းရလို့ဝင်စစ်တာ။အခန်းတွေလည်း ဖွဲ့ထားတယ်။ လိုင်စင်လည်း မရှိဘူး။ မှတ်ပုံတင်မပါဘဲ တည်းခိုနိုင်တဲ့ သဘောဖြစ်နေတယ်။ အခုဆိုင်ကို ပိတ် သိမ်းခိုင်းထားတယ်။ နောက်ထပ်လည်း ဒီလို မျိုး ဖွင့်ထားတဲ့ ဆိုင်တွေရှိတဲ့ အကြောင်း သိရတယ်။ သတင်းကြားရရင် ဖမ်းမှာပါ'' ဟု တိုင်းရဲရုံးမှ တာဝန်ရှိသူဒုရဲမှူး တစ်ဦးက ပြောသည်။

No comments: