စိတ်နှလုံးသား မီးအိမ်ရှင်မ (သို့မဟုတ်) နိုက်တင်ဂေးလ်
+++++++++++++++++++++++++++++++++++
ဖလော်ရင့်စ်နိုက်တင်ဂေးလ်၏ မိဘများသည်ချမ်းသာကြပြီး အထက်တန်း အလွှာထိ ဝင်ဆံ့ကြသည်။ မတောင့်မတမကြောင့်မကြ လိုတရဘဝဖြင့် ရှင်သန်ကြီးပြင်းခဲ့သူဖြစ် သည်။ ကျောင်းပညာအရာ၌လည်း သူ့ခေတ်က ပညာတတ်၊ အမျိုးသမီးလောကတွင် ထိပ်တန်းမှရှိနေခဲ့သည်။
ခရီးသွားခြင်းကို ဝါသနာပါသဖြင့် မိမိတိုင်းပြည်သာမ ကနိုင် ငံရပ်ခြားတိုင်းပြည် များသို့ ပင် အလည်အပတ်သွားရောက်ခဲ့သည်။ စူးစမ်းဆင်ခြင်နိုင်သည့် သဘောရှိသလို လူအများအကျိုးကို သယ်ပိုးဆောင်ရွက်ချင်သည့် ဆန္ဒမှာသူ၏ စိတ်နှလုံးသားထဲတွင် ပိုမိုကြီးမားလာခဲ့သည်။ ထို့ ကြောင့်အသက် ၃ဝ ကျော်အရွယ်တွင် ဖလော်ရင့်စ်နိုက်တင်ဂေးလ်သည် လူသားအများတို့အား အကျိုးကျေးဇူးပြုသည့် လုပ်ငန်းတစ်စုံတစ်ရာပြုလုပ်ဆောင်ရွက်နိုင်မှသာလျှင် မိမိဘဝသည် တန်ဖိုးရှိ သော၊အဓိပ္ပာယ်စစ်မှန်ပြည့်ဝသော ဘဝဖြစ်မည်ဟူ၍ သူ၏စိတ် ထဲတွင် ဖြစ်ပေါ် လျက်ရှိခဲ့ သည်။
မိဘများက သမီးကိုချစ်မြတ်နိုး၍ အနာဂတ်ဘဝလှပစေချင်ခဲ့သော်လည်း ဖလော်ရင့်စ်နိုက်တင်းဂေးလ်ဝါသနာကြီးသည်က လူမှုရေးလုပ်ငန်းဖြစ်သော ကြောင့် သူနာပြုလုပ် ငန်းကို မလုပ်ရန် တားမြစ်ကြသော်လည်း မိမိစိတ်ဝင် စားခဲ့သော ထိုလုပ်ငန်းတာဝန်ကြီးများ ကို မထမ်းဆောင်ခင် နိုက်တင်ဂေးလ် သည် သူဝင်ရောက်လုပ်ကိုင်မည့် ဆေး ရုံများ၊ လူနာပြုစုနေသည့် သူနာပြုများ ၏ ဘဝများစွာ ကိုလေ့လာခဲ့သည်။ ထိုခေတ်ကာလက သူနာပြုများ၏ ဘဝသည် လူနာများအပေါ် စေတနာမပါခဲ့သလို ဝတ္တ ရားကျေလုပ်ကိုင်သည့်အပြင် ထိုလုပ်ငန်းသည် အောက်ဆုံးအလွှာ ဆင်းရဲသားများသာ လုပ်ကိုင်သည့် အချိန်ဖြစ်သည်။ ထိုကြောင့် ကုသပြုစု ခြင်းများမစတင်မီ သူ့ အနေဖြင့် ရောမ မြို့၊ ပါရီမြို့၊ အလက်ဇန္ဒားမြို့ စသည်တို့ကို သွားရောက်ခဲ့ပြီး သူနာပြုလုပ်ငန်း များ၌လည်း စနစ်တကျလေ့လာခဲ့သည်။
နိုက်တင်ဂေးလ်က သူဝါသနာပါ၍ ပြုလုပ်တော့မည်ဖြစ်သော လုပ်ငန်းကြီးသည် သူကြီးပြင်းကျင်လည်ခဲ့ရာ ဘဝနှင့် မိုးနှင့် မြေဖြစ်နေသောကြောင့် စတင်လုပ် ကိုင် ရန် နှောင့်နှေးနေခဲ့သည်။ ၁၈၅၃ခုနှစ်၊ သြဂုတ်လတွင် လန်ဒန်မြို့ ၌ ဆင်းရဲချို့တဲ့ပြီး ဆွေမျိုးဥာတိနည်း ပါသော ဂိလာနအမျိုးသမီးကြီးများအတွက် ပထမဦးဆုံး ရည် ရွယ် ကာ ဂိလာန အမျိုးသမီးကြီးများ စောင့်ရှောက်ရေး ဌာနကိုဖွင့်လှစ်ခဲ့သည်။ နိုက်တင်ဂေးလ်သည်ဆေးပညာရှင်တစ်ဦး မဟုတ်သော် လည်း သူဆေးရုံ၌ လူနာ များအား သူ့ခေတ်ကာလ ဆေးပညာအဆင့် အတန်းရှိသမျှ အပြည့်အဝခံစားစေပြီး ဆေးရုံလုပ်ငန်းတာဝန်များကို အကောင်း ဆုံး၊ အချောမွေ့ဆုံး၊ တိကျသော စည်း မျဉ်း များဖြင့် ပြည်သူတို့၏ အဆင့် အတန်းကို မြှင့်တင်ပေးနေသူအဖြစ် အသိအမှတ်ပြုခံရသည်။
ထိုနှစ်ကာလများတွင် ကရိုင်းမီးယားစစ်ပွဲကြီးဖြစ်ပေါ်ခဲ့သည်။ တိုက်ပွဲသတင်းများမှာ နိုက်တင်ဂေးလ်ကို စစ်မြေပြင်သို့ သွားရောက်ရန် သတိပေးသလိုဖြစ်ခဲ့သည်။ စစ်မြေ ပင်တွင် သေဆုံးသူများ၊ဒဏ်ရာရသူများ အတွက် ဆေးဝါးနှင့် ဆရာဝန်မလုံလောက်၊ တာဝန်ယူမည့်သူမရှိဆိုသည့် သတင်းများထွက်ပေါ်လာချိန်တွင် စစ် ဝန်ကြီြး ဖစ်ေ နသော ဆစ်ဒနီဟားဗက်မှ နိုက်တင်ဂေးလ်ထံသို့ စာရေး၍ အကူအညီတောင်းခံခဲ့သည်။ သူနာပြု ဆရာမချုပ်အဖြစ်ခန့်စာကိုရရှိပြီး ၁၈၅၄ခုနှစ်၊ အောက် တိုဘာ ၂၁ ရက်နေ့ တွင် နိုက်တင်ဂေးလ်သည် အရည်အချင်းပြည့်ဝသော စေတနာ ဝန်ထမ်းသူနာပြု ၃၈ ဦးဖြင့်စတင် ထွက်ခွာခဲ့သည်။
စစ်မြေပြင်သို့ ရောက်ရှိချိန်တွင် လူနာပြုစုရေးနှင့် သန့်ရှင်းစင်ကြယ်ရေးသည် သာ အဓိကဟူသောမူနှင့် ကုသခဲ့သောကြောင့် လူနာအသေအကျေ ပျောက်နှုန်းမှာ သိသိ သာသာကြီးကွာဟခဲ့သည်။ နိုက်တင်ဂေးလ်သည် ထိုကာလများတွင် နေ့စဉ် နာရီ ၂ဝနှုန်းအလုပ်လုပ်ခဲ့ပြီး ညဘက်ဆိုလျှင်လည်း မီးအိမ် တစ်လုံးကိုင်ဆောင် လှည့် လည် ကာ လူနာများ၏ အခြေအနေကို စစ်ဆေးကြည့် ရှုတတ်သည်။ထိုအခြင်းအရာကို အကြောင်း ပြု၍ မီးအိမ်ရှင်အဖြစ် တဖြည်းဖြည်း ပြောစမှတ်ပြုလာ ခဲ့သည်။ နောင် အခါ တွင် ဆေးရုံပြင်ပလောကသို့ပါ ပျံ့နှံ့ခဲ့ရာ သူ၏အား စိတ်နှလုံးလှသည့် မီးအိမ်ရှင်မနိုက်တင်ဂေးလ်အဖြစ် ကမ္ဘာကပါ အသိအမှတ်ပြုခဲ့သည်။
စိတ်နှလုံးလှမီးအိမ်ရှင်မနိုက်တင်ဂေးလ်သည် ဒဏ်ရာရစစ်သည်များသာ မဟုတ် စစ်မြေပြင်သို့ပင် သွားရောက်ကာ ဒဏ်ရာရသူများအား ပိုမို ထိရောက် မြန် ဆန် မည့် နည်းများ၊ အစီအစဉ်သစ် များချမှတ်ပေးခဲ့သည်။
နာလန်ထလူနာများအတွက်လည်း စာအုပ်စာတမ်းများ၊ ဖျော်ဖြေမှုများ၊ ကာယလေ့ကျင့်ခန်း များကိုတီ ထွင်ပေး ခဲ့သည်။ ကရိုင်းမီး ယား စစ်မြေပြင်ပြန် နိုက်တင်ဂေးလ် အတွက် တိုင်းပြည်မှစုဆောင်းကောက် ခံချီးမြှင့်သည့် ငွေများကို ကိုယ်တိုင် မယူဘဲ စိန့်သောမတ်ဆေး ရုံတွင် သူ နာပြုသင် တန်းများအတွက် နိုက်တင်ဂေးလ်သင်တန်းကျောင်းနှင့် အဆောင် တစ်ခုဆောက်လုပ်ရန် မတည်ပေးခဲ့သည်။ သူ၏နည်းစနစ်သစ်များကြောင့် အင်္ဂလန်နိုင်ငံမှ ခေတ်သစ် သူနာပြုစနစ်ကို စတင်ပုံဖော်ခဲ့သူအဖြစ်အသိအမှတ် ပြုခဲ့ကြရသည်။
ဖလော့ရင့်(စ်) နိုက်တင်ဂေးလ်သည် သူ့ဘဝတစ်လျှောက်တွင် သူနာ ပြုအတတ်ပညာနှင့် ဆေးရုံစီမံ အုပ်ချုပ် မှုပညာဆိုင်ရာ စာအုပ်စာတမ်း များ ရေး သားပြု စုခြင်း၊ နိုင် ငံတကာရှိ သူနာ ပြုအသင်းအဖွဲ့များနှင့် အဆက်
အသွယ် ပြုခြင်း၊ လုပ်ပုံကိုင်ပုံနည်းနာများ ဝေငှပေးခြင်း၊ နည်းနာယူခြင်၊ အကြံဥာဏ် များပေးခြင်း တို့ကို အသက် အ ရွယ်ကြီးမြင့်သည်အထိ ဆောင်ရွက်
စွမ်းဆောင် ခဲ့သည်က လူထဲကလူ၊သူမတူသော စိတ်နှလုံးလှမီးအိမ်ရှင် အမျိုးသမီး တစ်ဦးပင် ဖြစ်သည်ဟုဆိုသည်က အမှန် ပင်ဖြစ်ေ ပတော့သည်။
ကြယ်စင်သစ်
Popular Journal
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment