ငွေကြေးခ၀ါချမှုတိုက်ဖျက်ရေး နည်းဥပဒေများနှင့် အကြမ်းဖက်မှုကို ငွေးကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းခြင်း နည်းဥပဒေများထုတ်ပြန်
===================================
ပြည်ထဲရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၁ ရက်တွင် အမိန့်ကြော်ငြာစာ အမှတ် (၁၂ဝ၁/၂ဝ၁၅) ဖြင့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး နည်းဥပဒေ များကို လည်းကောင်း၊ အမိန့်ကြော်ငြာစာအမှတ် (၁၂ဝ၂/၂ဝ၁၅) ဖြင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ် နင်းခြင်းနည်းဥပဒေများကို လည်းကောင်း ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနည်းဥပဒေများတွင် အခန်း (၁၃) ခန်း ပါရှိပြီး အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း(၂) ဗဟိုအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း (၃) ငွေကြေးဆိုင်ရာ စုံစမ်းထောက် လှမ်းရေးအဖွဲ့ ဖွဲ့စည်းခြင်း တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ အခန်း (၄) စိစစ် ရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း (၅) စုံစမ်းစစ်ဆေးရေးအဖွဲ့၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ အခန်း(၆) သတင်းပို့ အဖွဲ့အစည်းများရှိ မှတ် တမ်းများကို စစ်ဆေးကြည့်ရှုခြင်း၊ မိတ္တူကူးယူခြင်းနှင့် သက်သေခံပစ္စည်း အဖြစ်သိမ်းဆည်းခြင်း၊ အခန်း(၇) သက်သေခံပစ္စည်းနှင့် စပ်လျဉ်း၍ ဆောင် ရွက်ရမည့် နည်းလမ်းများ၊ အခန်း(၈) ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင် ရွက်ချက်များနှင့် သတင်းပို့ရန် တာဝန်၊ အခန်း (၉) ကြီးကြပ် ဆောင်ရွက် ခြင်း၊ အခန်း (၁ဝ) ငွေကြေး သို့မဟုတ် ကိုင်ဆောင်သူလွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအား နိုင်ငံဖြတ်ကျော်သယ်ယူပို့ဆောင်မှု၊ အခန်း (၁၁) နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အခန်း (၁၂) ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးရန်ပုံငွေ၊ အခန်း (၁၃) အထွေထွေဟူ၍ ပါရှိသည်။
အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာပြစ်မှုများအား တားဆီးနှိမ် နင်းခြင်း နည်းဥပဒေများတွင် အခန်း (၁၃) ခန်းပါရှိပြီး အခန်း (၁) အမည် နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ အခန်း (၂) ပြည်တွင်းအကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေညာခြင်းနှင့် ထိန်းချုပ် မိန့်ထုတ်ပြန်ခြင်း၊ အခန်း(၃) အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုများအား တားဆီးနှိမ်နင်းရေးလုပ်ငန်းကော်မတီဖွဲ့စည်းခြင်းနှင့် ယင်း ၏ လုပ်ပိုင်ခွင့်နှင့်တာဝန်များ၊ အခန်း (၄) အကြမ်းဖက်သမား သို့မဟုတ် အကြမ်းဖက်အုပ်စုအဖြစ် ကုလသမဂ္ဂက သတ်မှတ်ချက်ကို ကြေညာခြင်း နှင့် ထိန်းချုပ်မိန့်ထုတ်ပြန်ခြင်း၊ အခန်း (၅) သတ်မှတ်ကြေညာခြင်းခံရသည့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ သို့မဟုတ် အုပ်စုများအား အတည်ပြု ဖော်ထုတ်ခြင်း၊ အခန်း (၆) စုံစမ်းစစ်ဆေးခြင်းနှင့်အရေးယူခြင်း၊ အခန်း (၇) ကြီးကြပ်ရေးအာဏာပိုင်တို့၏ လုပ်ငန်းတာဝန်များ၊ အခန်း (၈) သတင်း ပို့အဖွဲ့အစည်းများ၏ လုပ်ငန်းတာဝန်များ၊ အခန်း (၉) ပြည်တွင်းအကြမ်း ဖက်သမား သို့မဟုတ် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြေညာ ချက်ကို ပြန်လည်ရုပ်သိမ်းခြင်း၊ အခန်း (၁ဝ) သတ်မှတ်ကြေညာခြင်းဆိုင်ရာ မှားယွင်းမှုများကို ပြင်ဆင်သည့် လုပ်ထုံးလုပ်နည်းများ၊ အခန်း (၁၁) ထိန်း ချုပ်ထားသည့် ရန်ပုံငွေများအား ရယူသုံးစွဲရန် ခွင့်ပြုခြင်း၊ အခန်း (၁၂) တတိယလူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ၏ အကျိုးစီးပွားအားကာကွယ်ခြင်းနှင့် အငြင်းပွားမှုများအား ဖြေရှင်းခြင်း၊ အခန်း (၁၃) အထွေထွေတို့ဖြစ်သည်။
(သတင်းစဉ်)
သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ
No comments:
Post a Comment