Sunday, September 20, 2015

မမေ့ကောင်းသည့် အတိတ်သမိုင်းကြောင်း ***********

မမေ့ကောင်းသည့်
အတိတ်သမိုင်းကြောင်း
***********

1958-ခုနှစ် လုပ်ကြံမှု
ဖဆပလ-နှစ်ခြမ်းကွဲသွားပြီးနောက်
သန့်ရှင်းဖဆပလခေါင်းဆောင်
နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက

"တိုင်းပြည်လွတ်လပ်ရေးရပြီး၍
၁၀-နှစ်ကြာသည့်အထိ
ပြည်တွင်းသောင်းကြမ်းမှု
မချုပ်ငြိမ်းသေးသဖြင့် ငြိမ်းချမ်းရေး
ရစေရန် ရောင်စုံသူပုန်အားလုံးအား
အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးပြီး
၎င်းတို့နှင့် တွေ့ဆုံဆွေးနွေး
မည်ဖြစ်ကြောင်း

" ကြေငြာလိုက်ရာ "တိုင်းပြည်မှာ
သူပုန်ရှိမှ စစ်တိုက်ရမယ၊်

စစ်တိုက်ရမှ ရာထူးတိုးမယ်"

ဟူသောမူကို ကိုင်စွဲထားသူ
ဗိုလ်ချုပ်ကြီးနေဝင်းမှာ
သူပုန်မရှိဘဲဖြစ်သွားမှာစိုးသဖြင့်

" နိုင်ငံရေးသမားတွေ
လုပ်ချင်ရာ လုပ်နေလျှင် စစ်တပ်က သည်းခံလိမ့်မည်မဟုတ်"

ဟုကြေငြာချက်ထုတ်ပြီး

ဗိုလ်မှူးချုပ်အောင်ကြီး၊

ဗိုလ်မှူးချုပ်မောင်မောင်၊

ဗိုလ်မှူးချုပ်တင်ဖေ

တို့ကို ဝန်ကြီးချုပ် ဦးနုထံ စေလွတ်ပြီး ဝန်ကြီးချုပ်ထုတ်ပြန်သော
အမိန့်ကိုတပ်မတော်ကမကြေနပ်ကြောင်း

၊ထို့ကြောင့် အာဏာသိမ်းမည်ဖြစ်ကြောင်းပြောခိုင်း
လိုက်သည်။

ဝန်ကြီးချုပ်ဦးနုက
"အာဏာမသိမ်းကြရန်၊

အာဏာသိမ်းမည်ဆိုလျှင်
တိုင်းပြည်လည်း နစ်နာမည်၊

တပ်မတော်လည်း နာမည်ပျက်မည်ဖြစ်ကြောင်း၊

ယခုထုတ်ပြန်လိုက်သည့် အမိန့်ကို
တိုင်းပြည်ငြိမ်းချမ်းရေး အတွက်ဖြစ်၍
သဘောမတူစရာ ရှိမည်မထင်ကြောင်း၊

မိမိတို့ သန့်ရှင်းအစိုးရ လုပ်တာ
ကိုင်တာလမ်းလွဲနေသည်ဆိုပါက
ရွေးကောက်ပွဲလုပ်ပြီး ပြည်သူလူထုက
သဘောတူ-မတူ
ပြည်သူ့ဆန္ဒခံယူရန်သာ ရှိကြောင်း၊

ရွေးကောက်ပွဲ
လုပ်သည့်အခါ မိမိတို့က
အာဏာဆုပ်ကိုင်ထားပြီးလုပ်လျှင်
ရွေးကောက်ပွဲသည် တရားမျှတမှုမရှိဟု
ပြောလာနိုင်သေးကြောင်း၊

ထို့ကြောင့် စစ်တပ်ကပဲ ဦးစီးပြီး ရွေး-ကောက်ပွဲ ကျင့်ပပေးစေလိုကြောင်း၊

ရွေးကောက်ပွဲ မကျင်းပမီ စစ်တပ်ကပဲ
တိုင်းပြည်ကို
ခေတ္တအုပ်ချုပ်ပေးစေလိုကြောင်း၊

ဥပဒေနှင့်အညီ ခြောက်လအတွင်း
ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုပါက
လွတ်တော်မှ တဆင့် တရားဝင်
အာဏာလွဲပေးမည် ဖြစ်ကြောင်း"

ဒီမိုကရေစီအစဉ်လာကို
ပြောပြလိုက်ရာအပြီးအပြတ်
အာဏာသိမ်းရန် ကြံရွယ်ထားခဲ့သူ
ဗိုလ်ချုပ်ကြီးနေဝင်း
မှာ အကြံအစည် ပျက်သွားပြီး
-ဥပဒေနှင့်အညီ
အိမ်စောင့်အစိုးရအဖြစ်ဖြင့်သာ
အာဏာလွှဲယူလိုက်ရတော့
သည်။

အာဏာသိမ်းရန်ကြံစည်ရခြင်း၏
အခြားအကြောင်းများမှာ
ဤနှစ်ပိုင်းအတွင်း
ဗိုလ်ချုပ်ကြီးနေဝင်းကလင်ရှိ
မယားဖြစ်သူ ဒေါ်ခင်မေသန်းကို
သူ့ယောက်ျားလက်မှ လုယူမှု
ပေါ်ပေါက်ခဲ့ရာ

ဝန်ကြီးချုပ်ဦးနုမှာ လူမှုရေး
ကျူးလွန်ဖောက်ဖျက်သူ
ဗိုလ်ချုပ်ကြီးနေဝင်းအတွက် လွန်စွာ
ရှက်လှသဖြင့် ကာကွယ်ရေး
ဦးစီးချုပ်အဖြစ်မှ ဖြုတ်ပစ်ရန်
ပါလီမန်သို့တင်သည်၊

ပါလီမန်က သဘောတူ အတည်ပြုဆုံးဖြတ်ပြီးမှ
(ပြည်ထဲရေး ဝန်ကြီး ဦးဘစော၏
ကြိုတင်သတင်းပေးချက်အရ)
ဦးဘဆွေနှင့် ဦးကျော်ငြိမ်းတို့က
ဝိုင်းဝန်းအသနားခံ တောင်းပန်
ပေးကြသဖြင့် ရာထူးမှ
မပြုတ်ခြင်းဖြစ်သည်၊

သို့အတွက် မိမိကို ဖြုတ်ပစ်ချင်နေသူ
ဝန်ကြီးချုပ်အား မိမိက
လက်ဦးမှုပြန်ယူကအာဏာသိမ်းရန်
ကြံစည်ခြင်းဖြစ်သည်။

ထို့ပြင် ထိုအချိန်က ဗိုလ်ချုပ်ကြီးနေဝင်း
ဖွဲ့ပေးထားသည့် စစ်တပ်လက်ကိုင်ဒုတ်ပျူစောထီးတပ်
ဆိုသောအရန်
တပ်များမှာ နယ်များတွင် ပြည်သူလူထု
ကိုမတရားညှင်းပန်းနှိပ်စက်နေခြင်း၊

ဒုစရိုက်မှူများကျူးလွန်နေခြင်းတို့
ကြောင့် ဝန်ကြီးချုပ်က

"ပျူစောထီးတပ် အားလုံးကို
ဖျက်သိမ်းကြောင်း"
ကြေငြာပြီး ဖျက်သိမ်း-သည်ကိုမကြေ
နပ်သဖြင့်လည်း အာဏာသိမ်းရန်
ကြံစည်ခြင်းဖြစ်သည်။

တရာဝင်ဖြစ်အောင် ဦးနုနှင့်ဗိုလ်ချုပ်ကြီးနေဝင်းတို့
အပြန်အလှန်စာများရေးကြရာတွင်
ဦးနုက

"စစ်တပ်ကတိုင်းပြည်ကို
ခေတ္တထိန်သိမ်းအုပ်ချုပ်ပေးပြီး
လွတ်လပ်၍ တရားမျှတသော
ရွေးကောက်ပွဲကို ကျင်းပပေးပါရန်"

ရေးခဲ့ပြီးဗိုလ်ချုပ်ကြီးနေဝင်းကမူ
"ဤမျှလောက် ကြီးလေးသောတာဝန်
ကို မထမ်းဆောင်ဘူးသဖြင့်
တာဝန်မကျေဖြစ်မည်ကို စိုးရိမ်မိကြောင်း
၊ သို့ရာတွင် ဝန်ကြီးချုပ်
တာဝန်ပေးသည့်အတိုင်း ကြိုးစား၍ ထမ်းဆောင်ပေးမည်ဖြစ်ကြောင်း
ပြန်လည်ရေးသားခဲ့သည်။

(ခြောက်လအတွင်း ရွေးကောက်ပွဲလုပ်ပေးရန် အခြေခံ
ဥပဒေပါအတိုင်း
ကတိထားခဲ့ကြသော်လည်း
၁၅-လ ကြာမှ ဗိုလ်ချုပ်ကြီးနေဝင်း
က ရွေးကောက်ပွဲ ကျင်းပပေးသည်၊

ရွေးကောက်ပွဲ၌ ဦးနုသည် အပြတ်
အသက်အနိုင်ရခဲ့သည်၊

ပြည်သူများက ဦးနု၏ ငြိမ်းချမ်းရေး
ကမ်းလှမ်းချက်ကို မည်မျှနှစ်သက်သဘော
ကျကြောင်း ငြိမ်းချမ်းရေးကို မည်မျှလိုလားကြောင်းဖော်ပြလိုက်ခြင်း
ပင်ဖြစ်၏၊

သန့်ရှင်း ဖဆပလ,
တည်မြဲဖဆပလ,
ပမညတနှင့်
တသီးပုဂ္ဂလတို့ ဝင်ရောက် ယှဉ်ပြိုင်ရာ
စစ်တပ်က သူတို့နှင့် သင့်မြတ်သည့်
တည်မြဲ ဖဆပလ အနိုင်ရရေးအတွက်
ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခြိမ်းခြောက်ဆောင်
ရွက်နေသည့် ကြားမှပင် ပြည်သူများ
သည် ဦးနု၏ သန့်ရှင်း ဖဆပလကို
မဲပေး၍ ရွေး-ချယ်ခဲ့ကြသည်၊

စစ်တပ်၏ဘက်လိုက်ဆောင်ရွက်ပေး
မှုကို များစွာရရှိနေသည့် တည်မြဲခေါင်းဆောင်,
ဦးဘဆွေ၊ဦးကျော်ငြိမ်းတို့က"
တည်မြဲနိုင်လျှင်လည်း နိုင်ရမည်၊

ရှုံးလျှင်လည်း နိုင်ရမည်"

ဟုပင်အတည်အလင်းခြိမ်းခြောက်ပြော
ဆိုခဲ့သည်၊

1962-ခုနှစ်မှာ
လုပ်ကြံမှုပြည်နယ်များက
ခွဲထွက်ရေးဖက်ဒရယ်မူ တင်ကြသဖြင့် နိုင်ငံတော်ပြိုကွဲမည့်အန္တရာယ်ရှိသည်ဟု
ဆိုကာဗိုလ်ချုပ်ကြီးနေဝင်း၊
ဗိုလ်မှူးချုပ်အောင်ကြီးတို့ အမှူးပြုသော
တပ်မတော်ခေါင်းဆောင်များက
-ဝန်ကြီးချုပ်ဦးနု အစိုးရထံ
မှ အာဏာသိမ်းရန် ဒုတိယအကြိမ်
ကြံစည်ခဲ့ကြသည်။

အာဏာသိမ်းပွဲ အစစ်ဖြစ်၍
ပြန်လည်ခုခံမှုများ ရှိသဖြင့်
အငြိမ်စားသမ္မတကြီး စဝ်ရွှေသိုက်၏
သားစဝ်ဝဏ္ဏကျဆုံးခဲ့ရသည်၊

လက်နက်ရှိသောတပ်မတော်က
လက်နက်မရှိသော အရပ်သား
ပြည်သူ့အစိုးရကို စိတ်တိုင်းကျ
လုပ်ကြံနိင်ခဲ့ရာ လုပ်ကြံမှုထမြောက်
အောင်မြင်၍ ဗိုလ်ချုပ်ကြီးနေဝင်း
အာဏာရသွားပြီး
ဝန်ကြီးချုပ်ဦးနု,
သမ္မတကြီးဦးဝင်းမောင်,
အငြိမ်းစားသမ္မတကြီးစဝ်ရွှေသိုက်
စသောနိုင်ငံတော်ခေါင်းဆောင်ကြီးများ
ဖမ်းဆီးထိန်းသိမ်းခံကြရသည်။

ဗိုလ်ချုပ်ကြီးနေဝင်းကို ယုံကြည်နေမိသူ
ဝန်ကြီးချုပ်ဦးနုမှာမိမိအဖမ်းခံရသည်ကို
ဗိုလ်ချုပ်ကြီးနေဝင်း၏ လက်
ချက်ဟု မမြင်,ဗိုလ်ချုပ်ကြီးပါ
အဖမ်းခံရသည့်အထဲတွင် ပါသည်ထင်သဖြင့်

"မင်းတို့ဗိုလ်ချုပ်နေဝင်းကို သွားဖမ်း
တော့ခုခံသေးလား၊

သွေးထွက်သံယိုမှုတွေကော ရှိလား"

ဟုပင် မိမိကို လာဖမ်းသူ စစ်အရာရှိအား
မေးရှာသေးသည်၊

ဗိုလ်ချုပ်ကြီးမသိခင် လက်အောက်
တပ်မတော်အရာရှိများ၏
တပ်တွင်းပုန်ကန်မှုတစ်ခုသာဖြစ်ကြောင်း
စွဲမြဲစွာ ယုံကြည်ယူဆထားသည့်
ဝန်ကြီးချုပ်ဦးနုမှာ
"တိုင်းပြည်အခြေအနေ ယိုယွင်းလာသည့်အတွက်စစ်တပ်
ကအာဏာသိမ်းလိုက်ရကြောင်း

"ဗိုလ်ချုပ်ကြီးနေဝင်း၏ အသံလွှင့်
မိန့်ခွန်းကို ကြားလိုက်ရသည့်အခါ
အကြီးအကျယ်ပင် အံသြသွားခဲ့သည်၊

"ဤသည်မှာ တိုင်းပြည်အခြေအနေ
ယိုယွင်းလာခြင်းမဟုတ်ကြောင်း
ဒီမိုကရေစီစနစ်သဘောအရ
လွှတ်တော်အတွင်းဝယ် တရားဝင်
ငြင်းကြ ခုံကြခြင်းသာဖြစ်ကြောင်း"
ဝန်ကြီးချုပ်က ရှင်းပြသည်၊

သို့ရာတွင် ဗိုလ်ချုပ်ကြီးက
နားမထောင်ဘဲ ဝန်ကြီးချုပ်အား ထောင်သွင်းအကျဉ်းချထားခဲ့သည်။

၁၉၆၆-ခုနှစ်တွင် ဗိုလ်ချုပ်ကြိးနေဝင်းသည် အင်းစိန်ထောင်တွင်းသို့ဝင်၍ ဝန်ကြီးချုပ်ဦးနုအား လာရောက်တွေ့
ဆုံရာ

ဦးနုက

"ဗိုလ်ချုပ် ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ၊အာဏာလိုချင်လို့လား

၊အာဏာလိုချင်ရင် စောစောစီးစီး

ပြောရောပေါ့၊

၅၈-ခုနှစ်တုန်းကလို
တရားဝင်ဖြစ်အောင် လွှတ်တော်ကတစ်ဆင့်ကျနော်
အာဏာလွှဲပေးမှာ
ပေါ့"ဟုပြောသည့်အခါ
သစ္စာဖောက်မိသူ ဗိုလ်ချုပ်ကြီးနေဝင်း
မှာ မည်သို့မျှမပြောသာတော့ဘဲ
ခေါင်းငုံ့လျက်
ပြန်လည်ထွက်ခွါသွားခဲ့ရသည်၊

(၁၆၉၉) ရက်တိုင်တိုင်
ထောင်ထဲ၌နေခဲ့ရပြီး
၁၉၆၆-ခုနှစ်တွင် ပြန်လည်လွတ်မြောက်
လာပြီးနောက် ၁၉၆၈-ခုနှစ်တွင် ဗိုလ်ချုပ်ကြီးနေဝင်းကနိုင်ငံရေးသမား
ဟောင်းကြီးများနှင့် တွေ့ဆုံပြီး နိုင်ငံ
တော်အတွက် အကြံဥာဏ်ကောင်းများပေးကြပါရန်
တောင်းခံသည့်အခါ ဦးနုက

"ပြည်သူရွေးချယ်တင်မြှောက်
ထားသည့် အစိုးရကိုဖြုတ်ချပြီးအာဏာသိမ်းထား
ခြင်းးမှာ ဥပဒေအရ တရားမဝင်ကြောင်း၊ ထို့ကြောင့် တရား
ဝင်ဖြစ်အောင် မိမိကို
အာဏာပြန်အပ်စေလိုကြောင်း၊
မိမိကလွှတ်တော်ခေါ်ယူပြီး
လွှတ်တော်မှတစ်ဆင့် အာဏာပြန်လွှဲပေးမည်ဖြစ်ကြောင်း"
ဥပဒေနှင့်အညီပြောပြသည်ကို
ဗိုလ်ချုပ်ကြီးနေဝင်က လက်မခံခဲ့ပေ။

ထိုနောက် ဦးနုသည် ဗုဒ္ဓဂါယာသို့ ဘုရားဖူးသွားရောက်ရာမှ မြန်မာနိုင်ငံ
သို့ ပြန်မလာတော့ဘဲ ပြည်ပ၌ပင်
နှစ်ပေါင်းများစွာ နေထိုင်ကာ နိုင်ငံရေးလှုပ်ရှားမှုများ ဆောင်ရွက်ခဲ့ပြီး
၁၉၈၀-ခုနှစ်ကျမှ နိုင်ငံတော်ကောင်စီ
၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်
မြန်မာပြည်သို့
ပြန်လည်ရောက်ရှိလာခဲ့သည်။

(ယခုအခါ၌မူ ဦးနုရောဗိုလ်ချုပ်ကြီး
နေဝင်းပါ ကွယ်လွန် သွားခဲ့ကြပြီ ဖြစ်သည်။)

တချိန်ကမြန်မာပြည်မှာပါလီမန်လွှတ်
တော်ရှိခဲ့ဖူးပါသည်။
ဘယ်လိုတွေပျက်ပြားသွားပြီးစစ်အာ
ဏာရှင်လက်အောက်ကိုရောက်ခဲ့ရသလဲ
ဆိုတာ
နိုင်ငံရေးစိတ်ဝင်စားတဲ့ဒီနေ့လူငယ်
လူရွယ်တွေသိရှိနိုင်ဖို့ကိုတစိတ်တပိုင်း
အတိုခြုံးတင်ပြပေးထားခြင်းဖြစ်ပါသည်



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: