မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, September 7, 2015
လူကို မကြည့်နဲ့  … ပါတီကိုပဲ ကြည့်ပြီး မဲပေးကြပါလို့  … ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ် ….
လူကို မကြည့်နဲ့  …
ပါတီကိုပဲ ကြည့်ပြီး မဲပေးကြပါလို့  …
ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တယ် ….
အဓိပ္ပာယ်က ….
သူ့ လူတွေကို …
သူကိုယ်တိုင် အားမရဘူးဆိုတဲ့  အဓိပ္ပာယ်ပဲ …
ကျွန်တော် …
တစ်နေ့ နဲ့ တစ်ညလုံးလုံး ….
လှည့်ပတ် စဉ်းစားကြည့်တယ် ….
အဖြေမထွက် နားမလည်တဲ့ ကိစ္စက ….
ဒေါ်စုပြောစကားအတိုင်း …
လူကို မကြည့်ဘဲ ပါတီကို ကြည့်ပြီး …
ကျွန်တော်တို့  မဲပေးလိုက်ပြီဆိုပါစို့  …
ဒေါ်စုနဲ့ တကွသော အန်အယ်လ်ဒီ အမတ်အပေါင်းလဲ …
လွှတ်တော်ထဲရောက်သွားကြပြီ ဆိုပါစို့  …
ခုနကပြောတဲ့  ဒေါ်စုကိုယ်တိုင် အားမရတဲ့  …
မဟာပညာကျော်များလဲ …
အမတ်မင်းတွေ ဖြစ်ပြီး …
လွှတ်တော်ထဲကို ပါသွားကြပြီ ဆိုပါစို့  ….
အဲဒီ မဟာပညာကျော် အမတ်များကို …
ဒေါ်စုက ဘယ်လို အစီအစဉ်တွေနဲ့  …
ထိန်းကြောင်းပြုပြင်မှာလဲ သိချင်မိတယ် …
သင်တန်းပြန်ပေးမှာလား …?
ညနေတိုင်း မိန့် ခွန်းပြောမှာလား …?
နားရင်းအုပ်မှာလား ?
ဆောင့်ကန်မှာလား ?
ဆုံးမတာကို ဂရုမစိုက်ရင်ရော ….
ပြောသမျှကို မထုံတက်သေး လုပ်နေရင်ရော …
ဘယ်လိုအပြစ်ပေးမတုန်း ?
ဘယ်လို အရေးယူမတုန်း ?
ဒေါ်စု လုပ်မယ့်အစီအစဉ်ကို သိချင်တယ် …
နောက်ဆုံး ဘယ်လိုမှ ဆုံးမမရလို့  ...
ပါတီက ထုတ်ပြစ်ခဲ့ရင်တောင် ….
ဒီလူတွေဟာ တစ်လဆယ်သိန်းစား …
ဒေသဖွံ့ ဖြိုးရေး ရန်ပုံငွေ သိန်းတစ်ထောင်ရတဲ့  …
လွှတ်တော်အမတ်တော့ …
ငါးနှစ်လုံး ပြုံးပြုံးကြီး ဆက်ဖြစ်နေအုန်းမယ် ….
R2R နဲ့ လဲ ဒီလူတွေကို ဖြုတ်ချလို့ မရ …
အလုပ်ကလဲ မလုပ် …
ဘယ်သူ့ စကားမှလဲ နားမထောင် …
အဲလိုမျိုး ဖြစ်နေရင် …
ဒေါ်စု ဘယ်လိုတာဝန်ယူပေးမလဲ သိချင်တယ် …
တကယ်သိချင်လို့ မေးတာ …
လာမဆဲကြနဲ့  ကိုယ့်လူတို့  …
ဆဲတာဟာ အဖြေမဟုတ် …..
( ရဲမိုး )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment