ကချင်ပြည်နယ်မဲရုံလုံခြုံရေး ပြည်သူ့စစ်များအပါ စုစုပေါင်းရဲအင်းအား အယောက် ၂၇၀၀ ခန့်ဖြင့်တာဝန်ယူမည်
စက်တင်ဘာလ ၂၄ ရက်၊ ၂၀၁၅
ကချင်ပြည်နယ်ရှိ မဲရုံ (၈၁၉ )ရုံအား လုံခြုံရေးအပြည့်အ၀ ယူနိုင်ရန် သာမန်ရဲဝန်ထမ်းများ မလုံလောက်သည့်အတွက် တစ်လခန့်အထူးရဲ အယောက် (၈၁၉) ယောက်နှင့် ပြည်သူ့စစ် အယောက် ၁၀၀ ကျော် စုစုပေါင်းအင်းအား ၂၇၀၀ ခန့်ဖြင့် လုံခြုံရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်သူ့စစ်များသည် ဆော့လော်မြို့နယ်နှင့် ချီဖွေမြို့နယ် မဲရုံးများတွင် လုံခြုံရေးယူသွားမည်ဖြစ်သည်။
အဆိုပါဒေသတွင် ပြည်သူ့ စစ်များစိုးမိုးသည့်ဒေသဖြစ်ပြီး အချို့ကိုယ် စားလှယ်များသည် ပြည်သူ့စစ်ခေါင်းဆောင် များဖြစ်သည့်အတွက် ရွှေးကောက်ပွဲရလဒ်မျှတမှုမရှိမည်ကို ဒေသခံများ စိုးရိမ်းနေကြသည်။
နယ်မြေမတည်ငြိမ်မှု ၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းတို့ကြောင့် မဲရုံ ၉၇ ခုအား လုံခြုံရေး ယူရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့အတွက် လုံခြုံရေးယူရာတွင် စိန်ခေါ်မှုများရှိနေကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှသိရသည်။
လုံခြုံရေးယူရန် ခက်ခဲသည့် ဒေသခံများသည် ကချင်ပြည်နယ် ပူတာအိုခရိုင်ရှိ မဲရုံများ၊ ဗန်မော်ခရိုင်မန်စီမြို့နယ်၊ မိုးညှင်းခရိုင် ဖားကန့်မြို့နယ်ရှိအချို့ဒေသများနှင့် ဆော်လော်မြို့နယ်ပိုင်း တွင်ဖြစ်ကြောင်းလည်းဆိုသည်။
ကချင်ပြည်နယ်တွင် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နှင့် တိုင်းရင်းသားရေးရာဝန်ကြီးယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း အယောက် ၅၀၃ ရှိကြောင်း ပြည်နယ် ရွှေးကောက်ပွဲကော်မရှင်ဥက္ကဌ မှဆိုသည်။
Kachinwaves
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment