Saturday, September 5, 2015

တနိုင်းမြို့နယ်အတွင်း ရေကြီးနေဆဲ ===========

တနိုင်းမြို့နယ်အတွင်း ရေကြီးနေဆဲ ======================================== 4, September, 2015 By Kachin People သြဂုတ်လကုန်ပိုင်းက ကချင်ပြည်နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြက် ရွာသွန်း မှုကြောင့် ကချင်ပြည်နယ် အလယ်ပိုင်းတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပါသည်။ ဖားကန့်၊ မိုးကောင်း၊ ဆားမှော်၊ တနိုင်းဒေသတို့တွင်ရေကြီးမှုများဖြစ်ပွားခဲ့ပါသည်။ ယခု စက်တင်ဘာလဆန်းပိုင်းတွင် ဖားကန့်ဒေသတွင် ရေပြန်လည်ကျဆင်းသွားပြီး၊ တနိုင်းမြို့နယ်တွေမှာတော့ ရေကြီးနေဆဲဖြစ်သည်ဟု သိရှိရပါသည်။ ထို့ကြောင့် နယ်မြေခံ တပ်ရင်းများမှ ရေဘေးကယ်ဆယ်ရေးလုပ်ငန်းများ၊ စားနပ်ရိက္ခာနှင့် သောက်ရေသန့်များကို လှည့်လည်ပို့ဆောင်ပေးလျှက်ရှိပြီး ဒေသခံပြည်သူများကို ရေဘေးလွတ်ရာသို့ ကူညီရွေ့ပြောင်း ပေးလျှက်ရှိကြောင်း သိရှိရပါသည်။

No comments: