နည်းပညာ အကယ်ဒမီ ဆုပေးပွဲတွင် Apple ဆုလေးဆု ရရှိ
တစ်နှစ်တာ အတွင်း ထွက်ရှိသော နည်းပညာ ထုတ်ကုန်များထဲမှ အကောင်းဆုံးများကို ရွေးချယ် ဆုချီးမြှင့်သည့် T3 Awards ဆုပေးပွဲကို စက်တင်ဘာ ၁၈ ရက်က အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ကျင်းပခဲ့ရာ Apple ကုမ္ပဏီမှ အကောင်းဆုံး ဆုလေးဆု ရရှိသွားခဲ့ကြောင်း သိရသည်။
Apple သည် အကောင်းဆုံး ကုန်ပစ္စည်း အမှတ်တံဆိပ်ဆု၊ iPad Air 2 ဖြင့် အကောင်းဆုံး Laptop ဆု၊ Apple Watch ဖြင့် လက်ပတ် နိုင်သော နည်းပညာ ပစ္စည်းဆုနှင့် တစ်နှစ်တာ အကောင်းဆုံး Gadget ဆုများ ရရှိခဲ့ခြင်းဖြစ်သည်။ T3 Awards ဆု ရရှိသော နည်းပညာ ထုတ်ကုန်များမှာ ဈေးကွက်အတွင်း၌ ရောင်းလိုအား ပိုမို ကောင်းမွန် လေ့ရှိသောကြောင့် Apple အနေဖြင့် ယခုနှစ် အတွင်း ရောင်းအား ကျဆင်းမှု အကျပ်အတည်းကို အတိုင်းအတာ တစ်ရပ်အထိ လျှော့ချနိုင်ဖွယ် ရှိသည့် အခြေအနေ တစ်ရပ်ကို ပိုင်ဆိုင်သွား နိုင်ခဲ့သည်။
Apple ၏ ပြိုင်ဘက်ကုမ္ပဏီ တစ်ခုဖြစ်သော Samsung သည်လည်း ယခုနှစ် အတွင်း ဈေးကွက် တင်ခဲ့သည့် Galaxy S6 Edge မိုဘိုင်းလ်ဖုန်းဖြင့် တစ်နှစ်တာ အကောင်းဆုံး မိုဘိုင်းလ်ဖုန်း ဆုကို ရရှိ ခဲ့သည်။ တစ်နှစ်တာ အကောင်းဆုံး မိုဘိုင်းလ်ဖုန်းဆု ဆန်ခါတင် စာရင်းတွင် Apple iPhone 6၊ Sony Xperia Z3 Compact၊ LG G4 နှင့် HTC M9 တို့ပါဝင်ခဲ့ပြီး Galaxy S6 က အဆိုပါ ထိပ်တန်း စမတ်ဖုန်း များကို ကျော်ဖြတ်ကာ အကောင်းဆုံး မိုဘိုင်းလ်ဖုန်းဆု ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တစ်နှစ်တာ အကောင်းဆုံး မော်တော်ကားဆုကို BMW i8 က ရရှိခဲ့ကာ ကမ္ဘာ့ အချမ်းသာဆုံး ဆော့ဖ်ဝဲလ်ကုမ္ပဏီ ဖြစ်သည့် မိုက်ခရိုဆော့ဖ်သည် ဂုဏ်ထူးဆောင် နည်းပညာ ကုမ္ပဏီဆု ရရှိခဲ့သည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment