Gadget ၂၇ဝဝဝ ကျော်နှင့် တွဲဖက် အသုံးပြုနိုင်သော Universal Remote ဈေးကွက်တင်
ဆန်းသစ်သော နည်းပညာများ ထည့်သွင်းထားသည့် နည်းပညာ ထုတ်ကုန်သစ်များ ထုတ်လုပ်လေ့ ရှိသော Logitech ကုမ္ပဏီသည် Gadget ၂၇ဝဝဝ ကျော်နှင့် တွဲဖက် အသုံးပြုနိုင်မည့် Universal Remote ကို မိတ်ဆက်လိုက်ပြီ ဖြစ်သည်။
အဆိုပါ Universal Remoteကို Harmony Elite ဟု အမည် ပေးထားပြီး အိမ်သုံး လျှပ်စစ်ပစ္စည်းများ၊ ရုပ်မြင်သံကြားစက်များ၊ စပီကာများ အပါအဝင် Gadget အများစုနှင့် အဆင် ပြေစွာ ချိတ်ဆက် အသုံးပြုနိုင်ရန် ဖန်တီးထားကြောင်း Logitech ၏ သတင်း ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။ ထို့အပြင် မိမိ အသုံးပြုသော မိုဘိုင်းလ်ဖုန်းဖြင့် ချိတ်ဆက်ကာ အသင့် ပါလာသော Application ကို Install လုပ်ပြီး လိုအပ်သလို ချိတ်ဆက် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ အသစ် ထွက်ရှိလာသော Gadget များနှင့် ချိတ်ဆက် အသုံးပြုနိုင်ရန် လိုအပ်သော အဆင့်မြှင့်တင်မှုများ ပြုလုပ် ပေးသွားမည်ဟု Logitech က အတည်ပြုထားသည်။ Harmony Elite ကို အမေရိကန် ဒေါ်လာ ၃၄၉ ဒေါ်လာဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း သိရသည်။
မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။
No comments:
Post a Comment