Tuesday, September 22, 2015

စစ်မှန်သည့်ငြိမ်းချမ်းရေးဖော်ဆောင်ကြရန် ငြိမ်းချမ်းရေးနေ့ တွင် လူငယ်များတောင်းဆို

စစ်မှန်သည့်ငြိမ်းချမ်းရေးဖော်ဆောင်ကြရန် ငြိမ်းချမ်းရေးနေ့ တွင် လူငယ်များတောင်းဆို

စက်တင်ဘာလ ၂၂ ရက်၊ ၂၀၁၅

အပြည် ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ဖြစ် သော စက်တင်ဘာ ၂၁ ရက်တွင် ကျောင်းသားလူငယ်များ ဦးဆောင် သော လူဦးရေ ၈၀ ခန့်သည် စစ်မှန် သည့်ငြိမ်းချမ်းရေး ဖော်ဆောင်ကြ ရန်အတွက် မြေနီကုန်းမြို့နယ်မှ အင်းလျားကန်ပေါင်သို့ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲပြုလုပ်ကာ တောင်း ဆိုမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း ရေးနေ့တွင် ဖမ်းဆီးခံကျောင်းသား ပြည် သူများနှင့် နိုင်ငံရေးအကျဉ်း သားများ လွတ်မြောက်ရေးအတွက် တောင်း ဆိုခဲ့ကြပြီး၊ စစ်မှန်သည့်ငြိမ်း ချမ်းရေးဖော်ဆောင်ရေးအ တွက် တောင်းဆိုသည့် ဟစ်ကြွေးသံများ ဖြင့် လမ်းလျှောက်ခဲ့ကြသည်။
''ဦးမင်းအောင်လှိုင်တို့၊ ဦးသိန်း စိန်တို့ကလဲ ငြိမ်းချမ်းရေးရရှိအောင် အစွမ်းကုန်ကြိုးပမ်းနေကြတာ မြင် နေရတယ်။ ကျွန်တော်တို့တိုင်းပြည် ကိုလဲ စစ်အသုံးစရိတ်ထက် ပညာ ရေးအသုံးစရိတ်ပိုနေတဲ့ တိုင်းပြည် မျိုးဖြစ်ချင်နေပါပြီ။ ဒါကြောင့် ဒီလို မျိုး အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး နေ့မှာ လမ်းပေါ်ထွက်လာရတာပါ''ဟု လမ်းလျှောက်ရာတွင် ပါဝင်ခဲ့ သည့် ဦးဖိုးသူက ပြောသည်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း ရေးနေ့လမ်းလျှောက်ခြင်းကို မြန်မာ နိုင်ငံ၌ ၂၀၁၂ ခုနှစ်မှစတင်ကာကျင်း ပခဲ့ခြင်းဖြစ်ကြောင်း၊ ပြည်တွင်းစစ် များ ငြိမ်းအေးမှသာ စစ်မှန်သည့် ဒီမိုကရေစီဖော်ဆောင်ရေးသို့ သွား နိုင်မည်ဖြစ်ကာ ဖက်ဒရယ်စနစ်ကျင့်သုံးလာနိုင်မည်ဖြစ်ကြောင်း အဆိုပါ လမ်းလျှောက်သူများထံမှ သိရသည်။

ငြိမ်းချမ်းရေးလမ်းလျှောက်သူ များ အင်းလျားကန်ပေါင်ရောက်ရှိ ချိန်တွင် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦး မင်းကိုနိုင်က အမှာစကားပြောကြား ရာတွင် ''တိုင်းပြည်မှာ လက်ရှိ စိတ် ဝင်စားမှုခံနေရတဲ့ ရွေးကောက်ပွဲဟာ လဲ ပြည်တွင်းစစ်တွေငြိမ်းအေးမှသာ စစ်မှန်ပြည့်ဝတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်။ ဒါမှသာ လွှတ်တော် ထဲမှာ တိုင်းရင်းသားတွေဒီမိုကရေစီ အင်အားစုတွေပါဝင်မှု များလာလိမ့် မယ်''ဟု ပြောကြားခဲ့သည်။

လက်ရှိပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်မှုသည် ပေါ့ဆ၍မရ ကြောင်း၊ လက်နက်ကိုင် ဆူပူမှုများရှိ နေပါက ရွေးကောက်ပွဲမကျင်းပနိုင် သည့်ပြည်နယ်များ များလာပြီး၊ လွှတ် တော်ထဲတွင် တိုင်းရင်းသားပါဝင်မှု နှင့် ဒီမိုကရေစီအင်အားစုတို့ပါဝင်မှု နည်းပါးသွားပြီး ခေတ်အဆက်ဆက် ဖိနှိပ်ခဲ့သူများအတွက် အခွင့်အရေး တစ်ရပ်ရရှိသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်း ရေးနေ့ဖြစ်သော စက်တင်ဘာ ၂၁ ရက်တွင် မြေ နီကုန်းမှ အင်းလျားကန် ပေါင်သို့ လမ်းလျှောက်ရာတွင်ပါဝင် သူများသည် စစ်မှန်သော ငြိမ်းချမ်း ရေးရရှိရေးတို့အရေး၊ နိုင်ငံရေးအ ကျဉ်းသားများ ချက်ချင်းလွှတ်၊ ဖမ်း ဆီးခံကျောင်းသားပြည်သူများ လွှတ် ပေးရေး တို့အရေးဟူသော ဆောင် ပုဒ်များဖြင့် ကြွေးကြော်တောင်းဆို ခဲ့ကြကြောင်း သိရသည်။

SK(MMK)
#Democracytoday



မဲစာရင်းမှာ သင့်အမည် စစ်ပြီးပြီလား။ သင့်အမည်မပါရင်/ ကိုယ်ရေးအချက်အလက်တွေမှားနေရင် သတ်မှတ်ပုံစံများကို ဖြည့်စွက်/ပြင်ဆင်ပြီး မဲပေးနိုင်အောင်ဆောင်ရွက်ပါ။

No comments: