Sunday, September 20, 2015

1988-ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးစောမောင်ဦးဆောင် သောတပ်မတော်ခေါင်းဆောင်များက ဒေါက်တာမောင်မောင်အစိုးရထံမှအာဏာ သိမ်းခဲ့ပါတယ်။

1988-ခုနှစ် စက်တင်ဘာ (၁၈) ရက်နေ့တွင် ဗိုလ်ချုပ်ကြီးစောမောင်ဦးဆောင်
သောတပ်မတော်ခေါင်းဆောင်များက ဒေါက်တာမောင်မောင်အစိုးရထံမှအာဏာ သိမ်းခဲ့ပါတယ်။

နှစ်ဘက်ကြိုတင် ညှိနှိုင်းထားမှုကြောင့် အခက်အခဲတစ်စုံတစ်ရာမရှိအလွယ်တကူပင်အာဏာသိမ်းနိုင်ခဲ့သည်။

အာဏာသိမ်းမှုကို
ဝန်ကြီးချုပ်ဟောင်း ဦးနု၊

ဗိုလ်ချုပ်ကြီးဟောင်းသူရဦးတင်ဦး၊

ဗိုလ်မှူးချုပ်ဟောင်း ဦးအောင်ကြီး၊

ဗိုလ်မှူးချုပ်ဟောင်းဦးအောင်ရွှေ၊

ဗိုလ်မှူးကြီးဟောင်းဦကြည်မောင်၊

ဒေါ်အောင်ဆန်းစုကြည်

စသောလူထုခေါင်းဆောင်အားလုံးက
ပြင်းပြင်းထန်ထန်
ကန့်ကွက်ခဲ့ကြပါသည်။

"စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း
ဖြစ်ပေါ်လာမည့်အကျိုးဆက်အားလုံးအတွက်စစ်အစိုးရတွင်သာလုံးဝတာဝန်ရှိ
မည်ဖြစ်ကြောင်း"ကြေငြာချက်ထုတ်ခဲ့ကြသည်။

"ယခုလိုစစ်တပ်က ဝင်လာခြင်းသည် ပိုမိုသွေးဆွသလိုဖြစ်ပြီ့း ပဋိပက္ခအသွင်ကို ပို၍ ဆောင်သွားသည်ဟုမြင်
ကြောင်း၊

ဒီမိုကရေစီအရေး ရပ်တန့်သွားဖို့အတွက် ယခုလိုလက်နတ်နဲ့လုပ်ခြင်းသည်ဘယ်
သမိုင်းမှာမှအဆုံး
သတ်အောင်မြင်မှုမရှိကြောင်း

သမိုင်းမှာတပ်ရဲ့အစဉ်အလာဆိုးဝါးသွား
ကြောင်းလူထုအင်မတန်ရွံရှာမုန်းတီး
သည့် တပ်မတော်ဖြစ်သွားရသည်မှာ ရင်နာစရာကောင်းလှကြောင်း
"ဦးတင်ဦးကပြောခဲ့သည်။

အာဏာလည်းရှိ နိုင်ငံတော်ခေါင်းဆောင်ကြီးများအထဲမှ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆည်းထိန်းသိမ်းမှုမပြုဘဲဒီမိုကရေစီ
အင်အားစုများနှင့်ဒီမိုကရေစီခေါင်ဆောင်
များကိုသာ ရန်သူသဖွယ်သဘောထားပြီးဖြိုခွဲနှိမ်နှင်း
၍ အရေးယူခဲ့ခြင်း၊

ယခင်ခေါင်းဆောင်ဟောင်းကြီးများ၏ သြဇာလွှမ်းမိုးမှုကို ခံယူနေခြင်း

ယခင်ပါတီဟောင်းနှင့်ခေါင်းဆောင်
ဟောင်းကြီးမျာအတွက်ရှေ့နေလိုက်ကာကွယ်ပေးနေခြင်းစသည်တို့ကြောင့်
ဗိုလ်ချုပ်ကြီးစောမောင် အစိုးရမှာ တိုင်းပြည်အတွက် မနားမနေ အလုပ်လုပ်ပေးသော်လည်းပြည်သူလူထု၏ထောက်ခံမှုနှစ်လိုမှုကိုမရရှိခဲ့ပါ။

အဲ့ဒီအချိန်ကစပြီးဗိုလ်ချုပ်အောင်ဆန်း
တည်ထောင်ခဲ့တဲ့တပ်မတော်ဟာ
ဒီနေ့အထိပြည်သူများစွာကရွံမုန်းသော
တပ်မတော်ဖြစ်ခဲ့ရပါတယ်။

ဒီလိုပြည်သူများရဲ့ယုံကြည်ကိုးစားမှုနဲ့
ပြည်သူအများရဲ့ချစ်ခင်လေးစားမှုကိုမရ
ခဲ့တာကြာပြီဖြစ်တဲ့တပ်မတော်အတွက်

စက်တင်ဘာလ ၁၄ ရက်နေ့တွင် ထုတ်ပြန်သော NLD ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များတွင် ယင်းသို့ ထည့်သွင်းဖော်ပြ ထားသည်။

နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို
ပထဝီ သဘောသဘာဝ အခြေအနေ များနှင့် ကိုက်ညီသော မဟာဗျူဟာအရ
စစ်ရေးစွမ်းရည် ထက်မြက်ပြီး နည်းပညာ
ပိုင်းဆိုင်ရာ တိုးတက်သော တပ်မတော်
အဖြစ် ခေတ်မီအဆင့်အတန်း
မြင့်မားအောင် တည်ဆောက်သွားမည်
ဟု ဖော်ပြထားသည်။

အဆိုပါ ကြေညာစာတမ်းနှင့် ပတ်သက်
ပြီး NLD ပါတီ ဗဟိုအလုပ်အမှုဆောင်
အဖွဲ့ဝင် ဦးဝင်းမြင့်က “အန်ကယ်တို့
ဆိုလိုချင်တာက တပ်မတော်ဟာ
ဒီမိုကရေစီ နိုင်ငံကို သွားမယ်ဆိုရင်
ဒီမိုကရေစီဘောင် ထဲမှာပဲ နေရမယ်။

ဂုဏ်သိက္ခာရှိသော ဆိုတာကလည်း
ပြည်သူတွေက လေးစား ချစ်ခင်ရတဲ့
တပ်မတော်မျိုးကို ဖော်ဆောင်
သွားရမယ်လို့ ဆိုလိုတာပါ” ဟု ၎င်းက
ဆိုပါသည်။



သတင်းများကိုဆုံးအောင်ဖတ်တဲ့ အတွက်ကျေးဇူးပါ

No comments: