Wednesday, August 19, 2015

SSPP/SSA အဖွဲ့မှ နောင်ချိုမြို့နယ်တွင် စက်သုံးဆီစီးပွားရေးလုပ်ငန်း ရှင်များထံမှ ငွေကျပ် ၁၀ သိန်း စီအား ဆက်ကြေးငွေအဖြစ် အတင်းအ ကြပ်တောင်းခံ

SSPP/SSA အဖွဲ့မှ နောင်ချိုမြို့နယ်တွင် စက်သုံးဆီစီးပွားရေးလုပ်ငန်း ရှင်များထံမှ ငွေကျပ် ၁၀ သိန်း စီအား ဆက်ကြေးငွေအဖြစ် အတင်းအ ကြပ်တောင်းခံ Wednesday, August 19, 2015 ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ မျက်ချင်းနုကျေးရွာအုပ်စု၊ နမ့်ဆောင်ဟူးကျေးရွာ၊ နောင်ချို-တောင်ခမ်းလမ်းရှိ “ရွှေနောင်ချို ”စက်သုံးဆီအရောင်းဆိုင်သို့ သြဂုတ်လ ၁၇ ရက်နေ့တွင် SSPP/SSA အဖွဲ့မှ ရောက်ရှိလာပြီး ဆက်ကြေး ငွေအဖြစ် ငွေကျပ် ၁၀ သိန်းအား အတင်းအကြပ် တောင်းခံသွားခဲ့ကြောင်း ဆိုင်အလုပ်သမားတစ်ဦးထံမှ သိရှိရပါသည်။ “သူတို့တွေက အရပ်ဝတ်တွေနဲ့ ဆိုင်ထဲကို ၀င်လာတယ်၊ ကျွန်တော်တို့ စက်သုံးဆီအရောင်းဆိုင်တွေက ဆက်ကြေးငွေ ပေးရမယ်လို့ပြောတယ်၊ အခုအချိန်က မိုးတွင်းဆိုတော့ ရောင်းလို့မကောင်းတဲ့အတွက် မပေးနိုင်ကြောင်းပြောတော့ သူတို့ တွေက မပေးရင် ဆိုင်တွေကို မိုင်းခွဲပစ်မယ်၊ လူကိုလည်းသတ်ပစ်မယ်ပြောလို့ ကြောက်ကြောက်နဲ့ ငွေ ၁၀ သိန်း ပေးလိုက် ရတယ် ” ဟု ဆိုင်တာဝန်ခံမှ ပြောပါသည်။ SSPP/SSA အဖွဲ့သည် “ ရွှေနောင်ချို ”စက်သုံးဆီအရောင်းဆိုင်မှ ငွေ ၁၀ သိန်းတောင်းခံခဲ့ပြီးနောက် “ရွှေဆီလျှံ” စက်သုံး ဆီအရောင်းဆိုင်နှင့် “ရွှေအိုးစည်” စက်သုံးဆီအရောင်းဆိုင်များသို့ ထပ်မံသွားရောက်၍ ဆက်ကြေးငွေတောင်းခံခဲ့ရာ ဆိုင် ပိုင်ရှင်များမှ ငွေကြေးအဆင်မပြေသေးကြောင်းပြောကြားခဲ့သဖြင့် SSPP/SSA အဖွဲ့မှ သြဂုတ်လကုန်တွင် မဖြစ်မနေပေး ဆောင်ရန် ပြောကြားသွားခဲ့ကြောင်း စက်သုံးဆီအရောင်းဆိုင် ပိုင်ရှင်တစ်ဦးမှ ပြောပါသည်။ အဆိုပါ SSPP/SSA အဖွဲ့အနေဖြင့် ယခင်ကဆိုလျှင် စီးပွားရေးလုပ်ငန်းရှင်များအား ဆက်ကြေးငွေများ တောင်းခံရာတွင် စာများဖြင့် အကြောင်းကြား၍ကောက်ခံခဲ့ကြောင်း သိရှိရပါသည်။ ယခုမူ လူကိုယ်တိုင်လာရောက်ပြီး လက်နက်ဖြင့် ခြိမ်း ခြောက်ကောက်ခံခြင်းများ ပြုလုပ်နေသောကြောင့် စီးပွားရေးလုပ်ငန်းရှင်များမှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့နေ ကြကြောင်းနှင့် ဆီဆိုင်များ ပိတ်သိမ်းရ မလိုဖြစ်နေကြောင်း နမ့်ဆောင်ဟူးကျေးရွာသားတစ်ဦးမှ ဆက်လက် ပြောကြားသွား ပါသည်။ ခွန်စစ်အောင် Kachin Daily News

No comments: