မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 20, 2015
လောက်ကိုင်မှပြန်လာသော တပ်မတော်သံချပ်ကာယာဉ်တန်း လားရှိုးမြို့အနီးတွင် ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် တစ်ဦးသေဆုံး
လောက်ကိုင်မှပြန်လာသော တပ်မတော်သံချပ်ကာယာဉ်တန်း လားရှိုးမြို့အနီးတွင် ဆွဲမိုင်းဖြင့် တိုက်ခိုက်ခံရသဖြင့် တစ်ဦးသေဆုံး
Wednesday, August 19, 2015
လောက်ကိုင်မြို့မှ လားရှိုးသို့ပြန်လာသော အမှတ် (၅၀၀၄) တပ်မတော်သံချပ်ကာယာဉ်တန်းအား သြဂုတ် ၁၈ ရက် နံနက် ၈ နာရီခွဲခန့်က လားရှိုးမြို့နယ် နမ့်တွန်းကျေးရွာအနီးတွင် သောင်းကျန်းသူအဖွဲ့တစ်ဖွဲ့က ဆွဲမိုင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားစဉ် တပ်မတော်ယာဉ်တန်းနှင့်အတူ ကပ်လျက်လိုက်ပါလာသော ယာဉ်မောင်းဦးစောထွန်းနိုင်၊ ကွတ်ခိုင်မြို့နေသူ မောင်းနှင်လာသည့် ဗင်ကားအဖြူ ရောင်ယာဉ်မှာ . . .
ဆွဲမိုင်းဖြင့်တိုက်ခိုက်ခံရမှုကြောင့် အမှတ် (၅၀၀၄) သံချပ်ကာတပ်ရင်းမှ တကက၀င်းဇော်မှာ မိုင်းစထိမှန်၍ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာ၌ သေဆုံးခဲ့ပြီး အမှတ် (၇၀၁၃) သံချပ်ကာတပ်ရင်းမှ တကကမြင့်အေးမှာ ၀ဲခါး မိုင်းစဖောက်ဝင်ဒဏ်ရာ (မစိုးရိမ်ရ) နှင့် အမှတ် (၆၀၀၁)သံချပ်ကာတပ်ရင်းမှ တသဇော်ဝင်းအောင်မှာ နဖူးမိုင်းစဖောက်ဝင်ဒဏ်ရာ (စိုးရိမ်ရ) တို့အား မိုင်းစထိမှန်ခဲ့ကြောင်း သိရသည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားစဉ် တပ်မတော်ယာဉ်တန်းနှင့်အတူ ကပ်လျက်လိုက်ပါလာသော ယာဉ်မောင်းဦးစောထွန်းနိုင်၊ ကွတ်ခိုင်မြို့နေသူ မောင်းနှင်လာသည့် ဗင်ကားအဖြူ ရောင်ယာဉ်မှာ မိုင်းစထိမှန်မှုကြောင့် ကားရှေ့ဘီးနှစ်လုံးမှာ ကွဲသွားခဲ့သော်လည်း ယာဉ်မောင်းနှင့် ယာဉ်ပေါ်ပါလာသူ ခရီးသည်သုံးဦး ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
တပ်မတော်ယာဉ်တန်း ဆွဲမိုင်းဖြင့်တိုက်ခိုက်ခံရသောနေရာသည် လားရှိုးမြို့မှ မူဆယ်ဘက်သို့အထွက် လားရှိုးမြို့၏ ၁၁ မိုင်ခန့်အကွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၃ ရက် နံနက် ၁၁ နာရီခန့် ကွတ်ခိုင်နှင့် သိန်းနီမြို့အကြား မန်းပြိန်းကျေးရွာ ရင်ကွဲတောင်အတက်တွင် အမည်မသိသောင်းကျန်းသူအဖွဲ့မှ တပ်မတော်ယာဉ်တန်းအား မိုင်းထောင်ဖောက်ခွဲမှုကြောင့် လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းပေါ်တွင် ဘဲများတင်ဆောင်မောင်းနှင်လာသည့် ယာဉ်အားထိမှန်ကာ ယာဉ်နောက်လိုက်တစ်ဦးသေဆုံးခဲ့ပြီး ယာဉ်မောင်းမှာ ဒဏ်ရာရရှိခဲ့သောဖြစ်စဉ်၊ ဇွန် ၂၄ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်က လားရှိုး-မူဆယ်ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ သိန်းနီမြို့ မြို့တော်ခန်းမအနီးတွင် လာရှိုးမှ လောက်ကိုင်မြို့သို့ ရိက္ခာသွားရောက်ပို့ဆောင်မည့် တပ်မတော်ယာဉ်ရှစ်စီး မောင်းနှင်လာသော ယာဉ်တန်းသည် သိန်းနီမြို့အ၀င် မြို့တော်ခန်းမအနီးရှိ စိုက်ပျိုးရေးရှင်းလင်းဆောင်အနီးအရောက်တွင် ဆွဲမိုင်းတစ်လုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ဇွန် ၂၇ ရက် ည ၁၁ နာရီ ၁၀ မိနစ်ခန့်တွင် တရုတ်နှင့် အဓိကကုန်သွယ်မှုပြုလုပ်နေသော မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အတွင်းသို့ အမည်မသိသောင်းကျန်းသူများက လက်နက်ကြီးဖြင့် ပစ်ခတ်မှုများဖြစ်ပွားခဲ့သေးကြောင်း သတင်းရရှိသည်။
Writer: ထွန်းနေလှိုင် (နောင်ပိန်)
Eleven
Subscribe to:
Post Comments (Atom)
No comments:
Post a Comment