Saturday, August 8, 2015

NLD နှင့် ရန်/ငါ စည်းခြားပြီဟု ၈၈ မျိုးဆက်ခေါင်းဆောင်တဦးပြောကြား

NLD နှင့် ရန်/ငါ စည်းခြားပြီဟု ၈၈ မျိုးဆက်ခေါင်းဆောင်တဦးပြောကြား NLD လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်မှုစာရင်းကို သြဂုတ် ၁ ရက်က အပြီးသတ်ထုတ်ပြန်ခဲ့ရာ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)ခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ကျန်အဖွဲ့ဝင်များအားလုံးနီးပါး မပါဝင်ခြင်းအပေါ် အလွန်အံ့အားသင့်ခဲ့ ရပြီး မိမိတို့အား NLD ကမည်သည့်ရှင်းလင်းချက်မှ မပေးခြင်းကြောင့် NLD နှင့် ရန်/ငါ စည်းခြားပြီဟု ၈၈ မျိုးဆက် ခေါင်းဆောင်များက ဆိုသည်။ “NLD က ကြံ့ဖွံ့နဲ့ ပူးပေါင်းပြီးလုပ်တဲ့အစီအစဉ်ပါ။ ကျွန်တော်တို့ကို ဒီလိုလုပ်မယ်ဆိုတာ ဘာမှ ကြိုတင်အသိပေးခြင်း မရှိဘူး။ အကြောင်းတစ်ခုကြောင့် ကြိုတင်အသိပေးရင် ကျွန်တော်တို့ ခံသာသေးတယ်။ အခုတော့ ကိုယ့်တပ်ကိုယ် ချနင်းလိုက်တာပဲ။ NLD နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကို ဘာမှ လုပ်ပေးစရာမရှိတော့ပါဘူး။ ရန်/ငါစည်းခြားပြီ” ဟု ဧရာဝတီတိုင်းမှ NLD ကိုယ်စားလှယ်အဖြစ် အဆိုပြုလျှောက်ထားသူတဦးဖြစ်သည့် ၈၈ မျိုးဆက်အဖွဲ့ဝင် ကိုအောင် အောင်ကျော်က ပြောသည်။ NLD မှ ရွေးချယ်လိုက်သော လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတွင် ထင်ရှားသူများဖြစ်ကြသည့် ဒေါက်တာညို ညိုသင်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူ၊ ၈၈ မျိုးဆက်မှ ဦးကိုကိုကြီး အပါအဝင် အဖွဲ့ဝင် ၂၀ ကျော် ပါဝင်ခြင်းမရှိပဲ ဦးပြုံးချိုတစ်ဦးသာ ပါဝင်လာကြောင်း သိရသည်။ ၈၈ မျိုးဆက်မှ ဦးပြုံးချို ပါဝင်သော်လည်း NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် အစီအစဉ်မရှိတော့ကြောင်း ၈၈ မျိုးဆက်အဖွဲ့မှ သတင်းရရှိ သည်။ ၈၈ မျိုးဆက်ခေါင်းဆောင်များ NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံရန် NLD ခေါင်းဆောင်များနှင့် အကြိမ်ကြိမ် လျှို့ဝှက်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ကိုယ်စားလှယ်လောင်းအဆိုပြုသူများသည် NLD ဗဟိုအောင်နိုင်ရေးအဖွဲ့ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ ၄င်းတို့ရွေးချယ်ခံမည့် မဲဆန္ဒနယ်မြေ ဒေသများကို ပူးတွဲအဆိုပြုလျှောက်ထားခဲ့ရာ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးကိုကိုကြီး၊ မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးမြအေး၊ ကျိုတ်လတ်မဲဆန္ဒနယ်အတွက် မသက်သက်အောင်၊ ရန်ကုန်တိုင်း လှိုင်မြို့နယ်မဲဆန္ဒနယ်အတွက် မမာမာဦး၊ မအူပင်မြို့နယ် မဲဆန္ဒနယ်အတွက် မမီးမီး(ခ)မသင်းသင်းအေး၊ ဦးပြုံးချိုနှင့် ပြည်နယ်တိုင်းအလိုက် ၈၈ မျိုးဆက် ၂၀ ကျော်တို့က အဆိုပြုလွှာတင်သွင်းခဲ့ကြောင်းသိရသည်။ ကိုဗညား NEWSWATCH ဂျာနယ် NLD နှင့် ရန်/ငါ စည်းခြားပြီဟု ၈၈ မျိုးဆက်ခေါင်းဆောင်တဦးပြောကြား NLD လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်မှုစာရင်းကို သြဂုတ် ၁ ရက်က အပြီးသတ်ထုတ်ပြန်ခဲ့ရာ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)ခေါင်းဆောင် ဦးကိုကိုကြီး အပါအဝင် ကျန်အဖွဲ့ဝင်များအားလုံးနီးပါး မပါဝင်ခြင်းအပေါ် အလွန်အံ့အားသင့်ခဲ့ ရပြီး မိမိတို့အား NLD ကမည်သည့်ရှင်းလင်းချက်မှ မပေးခြင်းကြောင့် NLD နှင့် ရန်/ငါ စည်းခြားပြီဟု ၈၈ မျိုးဆက် ခေါင်းဆောင်များက ဆိုသည်။ “NLD က ကြံ့ဖွံ့နဲ့ ပူးပေါင်းပြီးလုပ်တဲ့အစီအစဉ်ပါ။ ကျွန်တော်တို့ကို ဒီလိုလုပ်မယ်ဆိုတာ ဘာမှ ကြိုတင်အသိပေးခြင်း မရှိဘူး။ အကြောင်းတစ်ခုကြောင့် ကြိုတင်အသိပေးရင် ကျွန်တော်တို့ ခံသာသေးတယ်။ အခုတော့ ကိုယ့်တပ်ကိုယ် ချနင်းလိုက်တာပဲ။ NLD နဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေကို ဘာမှ လုပ်ပေးစရာမရှိတော့ပါဘူး။ ရန်/ငါစည်းခြားပြီ” ဟု ဧရာဝတီတိုင်းမှ NLD ကိုယ်စားလှယ်အဖြစ် အဆိုပြုလျှောက်ထားသူတဦးဖြစ်သည့် ၈၈ မျိုးဆက်အဖွဲ့ဝင် ကိုအောင် အောင်ကျော်က ပြောသည်။ NLD မှ ရွေးချယ်လိုက်သော လွှတ်တော်ကိုယ်စားလှယ်လောင်းစာရင်းတွင် ထင်ရှားသူများဖြစ်ကြသည့် ဒေါက်တာညို ညိုသင်း၊ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူ၊ ၈၈ မျိုးဆက်မှ ဦးကိုကိုကြီး အပါအဝင် အဖွဲ့ဝင် ၂၀ ကျော် ပါဝင်ခြင်းမရှိပဲ ဦးပြုံးချိုတစ်ဦးသာ ပါဝင်လာကြောင်း သိရသည်။ ၈၈ မျိုးဆက်မှ ဦးပြုံးချို ပါဝင်သော်လည်း NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ပွဲဝင်ရန် အစီအစဉ်မရှိတော့ကြောင်း ၈၈ မျိုးဆက်အဖွဲ့မှ သတင်းရရှိ သည်။ ၈၈ မျိုးဆက်ခေါင်းဆောင်များ NLD လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင်ရွေးချယ်ခံရန် NLD ခေါင်းဆောင်များနှင့် အကြိမ်ကြိမ် လျှို့ဝှက်ညှိနှိုင်းဆွေးနွေးခဲ့ပြီး ကိုယ်စားလှယ်လောင်းအဆိုပြုသူများသည် NLD ဗဟိုအောင်နိုင်ရေးအဖွဲ့ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့ ၄င်းတို့ရွေးချယ်ခံမည့် မဲဆန္ဒနယ်မြေ ဒေသများကို ပူးတွဲအဆိုပြုလျှောက်ထားခဲ့ရာ တောင်ဥက္ကလာပ မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဦးကိုကိုကြီး၊ မင်္ဂလာတောင်ညွန့် လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဦးမြအေး၊ ကျိုတ်လတ်မဲဆန္ဒနယ်အတွက် မသက်သက်အောင်၊ ရန်ကုန်တိုင်း လှိုင်မြို့နယ်မဲဆန္ဒနယ်အတွက် မမာမာဦး၊ မအူပင်မြို့နယ် မဲဆန္ဒနယ်အတွက် မမီးမီး(ခ)မသင်းသင်းအေး၊ ဦးပြုံးချိုနှင့် ပြည်နယ်တိုင်းအလိုက် ၈၈ မျိုးဆက် ၂၀ ကျော်တို့က အဆိုပြုလွှာတင်သွင်းခဲ့ကြောင်းသိရသည်။ ကိုဗညား NEWSWATCH ဂျာနယ်

No comments: