Friday, August 14, 2015

MEC ဖုန်းများကို တစ်ကျော့ပြန်လူကြိုက်များလာမလား ==============================

MEC ဖုန်းများကို တစ်ကျော့ပြန်လူကြိုက်များလာမလား ============================== MPT၊ တယ်လီနောနှင့် အော်ရီဒူး တို့၏ ဖုန်းခေါ်ဆိုခများနှင့် အင်တာ နက်သုံးခများ အပြိုင်အဆိုင်လျှော့ချ ၍ ဝန်ဆောင်မှုပေးနေချိန်တွင်MEC ၏ CDMA 800ဖုန်း (ဝ၉၃၁၊ ဝ၉၃၂ နှင့် ဝ၉၃၃.. နံပါတ်များ)ကလည်း ဖုန်းခေါ်ဆိုခနှင့် အင်တာ နက်သုံးခများကို သြဂုတ် ၁၂ ရက် မှစ၍ လျှော့ချလိုက်ပြီး လျှော့ချလိုက် သည့် ဈေးနှုန်းသစ်နှင့် လက်ရှိ ဝန်ဆောင်မှုအရ MEC ဖုန်းများကို ပြန်၍ လူကြိုက်များလာဖွယ်ရှိနေ ကြောင်း သိရသည်။ ဖုန်းခေါ်ဆိုခမှာ ယခင်က မည် သည့်ဖုန်းမဆို တစ်မိနစ် ၅ဝကျပ်မှ MEC ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၂ ကျပ်နှုန်းနှင့် အခြားဖုန်းများသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၃ ကျပ်နှုန်းအထိ လျှော့ချလိုက်ခြင်းဖြစ်သည်။ အင် တာနက်အသုံးပြုခကိုလည်း လက်ရှိ တစ်မိနစ်လေးကျပ်နှုန်းမှ သုံးကျပ် နှုန်းသို့ လျှော့ချထားသည်။ ဖုန်းခေါ်ဆိုခကို တစ်ဝက်ကျော် ခန့်အထိ လျှော့ချလိုက်ပြီးနောက် MPT၏ လက်ရှိပုံမှန်ဖုန်းခေါ်ဆိုခ တစ်မိနစ်ကျပ် ၅ဝ နှုန်းထက် များ စွာသက်သာလာပြီး ဆွေသဟာအစီ အစဉ်ဖြင့် အသုံးပြုသည့် တစ်မိနစ် ၂၃ ကျပ်နှုန်းနှင့် ဈေးနှုန်းတန်းတူ ဖြစ်လာသည်။ အခြားအော်ပရေတာ များဖြစ်သော တယ်လီနော၏ တစ်မိနစ် ၂၅ ကျပ်နှုန်းထက်လည်း အနည်းငယ် သက်သာလာပြီး အော်ရီဒူး၏ တစ်မိနစ် ၂ဝ ကျပ်နှုန်း နှင့်လည်း တန်းတူနီးပါး ဖြစ်လာ သည်။ အင်တာနက်အသုံးပြုခမှာလည်း တစ်မိနစ် သုံးကျပ်နှုန်းသို့ လျှော့ချ လိုက်သဖြင့် မိနစ်အလိုက် အင်တာ နက်သုံးခဖြတ်ခြင်းကို ကြိုက်သူများ သည့် ပြည်တွင်းဈေးကွက်နှင့် အကိုက်ညီဆုံးဖြစ်လာသည်။ MPT ၏ အင်တာနက်အသုံးပြုခမှာ တစ် မိနစ် နှစ်ကျပ်နှုန်းဖြစ်သော်လည်း ဖုန်းခေါ်ဆိုခမှာ ၅ဝ ကျပ်ဖြစ်သည်။ ဆွေသဟာအစီအစဉ်ဖြင့် သုံးပါက ဖုန်းခေါ်ဆိုခ ၂၃ ကျပ်သာ ကျသင့် သော်လည်း အင်တာနက်သုံးခမှာ မိနစ်ဖြင့် ဖြတ်ခြင်းမဟုတ်တော့ဘဲ သုံးသည့်ဒေတာအလိုက် 1MB လျှင် ခုနစ်ကျပ်ခွဲ ဖြတ်ခြင်းဖြစ်သဖြင့် ကုန်ကျစရိတ်ပိုများသည်။ တယ်လီ နောက ဖုန်းခေါ်ဆိုခ ၂၅ ကျပ်နှင့် အင်တာနက်သုံးခမှာ ဒေတာအလိုက် 1MB လျှင် ငါးကျပ်ဖြစ်သည်။ အော်ရီဒူးက ဖုန်းခေါ်ဆိုခ ၂ဝ ကျပ် နှင့် အင်တာနက်သုံးခမှာ 1MB လျှင် ခြောက်ကျပ်ဖြစ်သည်။ ''ဒီမတိုင်ခင်ရက်တွေအထိတော့MEC က တော်တော်လူကြိုက်နည်း နေတယ်။ ငွေဖြည့်ကတ်တွေထဲမှာ MEC ကတ်တွေက ရောင်းအား အနည်းဆုံးပဲ။ တခြားငွေဖြည့် ကတ်တွေက အရောင်းသွက်သလို ဈေးကလည်း တယ်လီနောနဲ့ အော် ရီဒူးက ပုံမှန်ပဲ။ MPT ကတ်တွေက တော့ ငါးထောင်တန်ကို ၄၉ဝဝ နဲ့ တစ်သောင်းတန်ကို ၉၈ဝဝ လောက် အထိ လျှော့ရောင်းတာရှိတယ်။ MEC ကတ်ကတော့ ဝယ်တဲ့လူနည်း လို့ ကျွန်တော့်ဆိုင်မှာ ၅ဝဝဝ တန် ကို ၄၈ဝဝ၊ ၁ဝဝဝဝ တန်ကို ၉၅ဝဝ နဲ့ ရောင်းနေတာကြာပြီ''ဟု တာမွေ မြို့နယ် ဗျိုင်းရေအိုးစင်လမ်းအတွင်းမှ ဖုန်းငွေဖြည့်ကတ်များရောင်းသော ဆိုင်ရှင်တစ်ဦးကပြောသည်။ လမ်း မတော်မြို့နယ်အတွင်းမှ ဖုန်းငွေဖြည့် ကတ် အရောင်းဆိုင်တစ်ဆိုင်တွင် လည်း MEC ငွေဖြည့်ကတ် ၅ဝဝဝ တန်ကို ၄၇ဝဝ နှင့် ၁ဝဝဝဝ တန်ကို ၉ဝဝဝ နှုန်းအထိ လျှော့ရောင်းလျက် ရှိသည်။ အော်ပရေတာသစ်များ ပေါ်လာ ပြီးနောက် ဈေးနှုန်းများ အပြိုင်လျှော့ ချသဖြင့် တစ်ခါတစ်ရံBonus ပေး ခြင်းမှအပ ဈေးနှုန်းလျှော့ချခြင်း မရှိ ဘဲ တစ်မိနစ် ၅ဝ ကျပ်နှုန်း တင်းခံ နေခဲ့သော MPT နှင့်MEC ဖုန်း များမှာ အသုံးပြုသူနည်းလာပြီး ငွေ ဖြည့်ကတ်များမှာလည်း အရောင်း အဝယ် နည်းလာခြင်းဖြစ်သည်။ MPT သည်၂ဝ၁၄ နှစ်ကုန်ပိုင်းတွင် ဆွေသဟာအစီအစဉ်ကို စတင်၍ ဈေးနှုန်းလျှော့ချမှုများ ပြုလုပ်ခဲ့သော် လည်း MEC ဖုန်းများမှာမူ ယခု အကြိမ်သာ ပထမဆုံး ဈေးလျှော့ခြင်း ဖြစ်သည်။ '' MEC က ဖုန်းလိုင်းအနေနဲ့ဆိုရင် ပြောရတာ မဆိုးဘူး။ အသံကြည် သလို နေရာတော်တော်များများမှာ လိုင်းမိတယ်။ အင်တာနက်ကတော့ တစ်ခါတလေ တော်တော်ကောင်း သလို တစ်ခါတလေကျတော့လည်း တော်တော်ကို ညံ့တယ်။ ဘာပဲ ဖြစ်ဖြစ် ဖုန်းလိုင်းမိတဲ့အနေအထား၊ အင်တာနက်လိုင်း အနေအထားနဲ့ တွက်ရင် အခုလျှော့လိုက်တဲ့နှုန်းက တော့ တော်တော်လေး အဆင်ပြေ သွားပါတယ်''ဟု MEC နှင့် တယ်လီ နောကို တွဲသုံးနေသူတစ်ဦးက ပြော သည်။ ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ ဆင်းကတ်အမျိုးမျိုးရောင်းချသော ဆိုင်ရှင်တစ်ဦးက ''MEC ကတ်တွေ က လူကြိုက်နည်းသလို အဝယ်လည်း နည်းပေမယ့် ကတ်အသစ်က ရှားလို့ ဈေးနှုန်းက သူအများဆုံးပဲ။ အခု လက်ရှိဈေးကွက်မှာဆိုရင် ဈေးနှုန်း တွေက တယ်လီနော၊ အော်ရီဒူးနဲ့ အမ်ပီတီက တစ်ကတ်ကို နှစ်ထောင် ပေါ့။ MEC က တစ်ကတ် ၆ဝဝဝ နဲ့ နံပါတ်လှရင် ၁ဝဝဝဝ လောက် ရှိတယ်။ ရောင်းအားကတော့ နည်း တယ်။ တခြားကတ်တွေ ၁ဝကတ် ရောင်းရလို့ MECတစ်ကတ်မရောင်း ရဘူး။ ဒါပေမယ့် တချို့နယ်ကလူ တွေတော့ ဝယ်ကြသေးတယ်။ အခု ဈေးလျှော့လိုက်တဲ့ နှုန်းအတိုင်းဆိုရင် တော့ ရန်ကုန်ဈေးကွက်မှာပါ ပြန်ပြီး လူကြိုက်များလာနိုင်တယ်''ဟု ပြော သည်။ MEC ၏ လက်ရှိဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအခြေအနေနှင့် ယခုလျှော့ချလိုက်သော ဈေးနှုန်းအရ ဖုန်းခေါ်ဆိုခနှင့် အင်တာနက်သုံးခ နှစ်ခုပေါင်းအနေဖြင့် အသုံးပြုရန် သင့်တော်သောနှုန်းထားများဖြစ်နေသဖြင့် လူကြိုက်နည်းခဲ့သည်မှာ ကြာပြီဖြစ်သောMEC ဖုန်းများကို တစ်ဖန်ပြန်၍ လူကြိုက်များလာဖွယ် ရှိနေကြောင်း ဖုန်းဆင်းကတ်ဈေး ကွက်မှ သိရသည်။ ။ သတင်းဆောင်းပါး-သူရဖြိုး MEC ဖုန်းများကို တစ်ကျော့ပြန်လူကြိုက်များလာမလား ============================== MPT၊ တယ်လီနောနှင့် အော်ရီဒူး တို့၏ ဖုန်းခေါ်ဆိုခများနှင့် အင်တာ နက်သုံးခများ အပြိုင်အဆိုင်လျှော့ချ ၍ ဝန်ဆောင်မှုပေးနေချိန်တွင်MEC ၏ CDMA 800ဖုန်း (ဝ၉၃၁၊ ဝ၉၃၂ နှင့် ဝ၉၃၃.. နံပါတ်များ)ကလည်း ဖုန်းခေါ်ဆိုခနှင့် အင်တာ နက်သုံးခများကို သြဂုတ် ၁၂ ရက် မှစ၍ လျှော့ချလိုက်ပြီး လျှော့ချလိုက် သည့် ဈေးနှုန်းသစ်နှင့် လက်ရှိ ဝန်ဆောင်မှုအရ MEC ဖုန်းများကို ပြန်၍ လူကြိုက်များလာဖွယ်ရှိနေ ကြောင်း သိရသည်။ ဖုန်းခေါ်ဆိုခမှာ ယခင်က မည် သည့်ဖုန်းမဆို တစ်မိနစ် ၅ဝကျပ်မှ MEC ဖုန်းအချင်းချင်းခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၂ ကျပ်နှုန်းနှင့် အခြားဖုန်းများသို့ ခေါ်ဆိုပါက တစ်မိနစ်လျှင် ၂၃ ကျပ်နှုန်းအထိ လျှော့ချလိုက်ခြင်းဖြစ်သည်။ အင် တာနက်အသုံးပြုခကိုလည်း လက်ရှိ တစ်မိနစ်လေးကျပ်နှုန်းမှ သုံးကျပ် နှုန်းသို့ လျှော့ချထားသည်။ ဖုန်းခေါ်ဆိုခကို တစ်ဝက်ကျော် ခန့်အထိ လျှော့ချလိုက်ပြီးနောက် MPT၏ လက်ရှိပုံမှန်ဖုန်းခေါ်ဆိုခ တစ်မိနစ်ကျပ် ၅ဝ နှုန်းထက် များ စွာသက်သာလာပြီး ဆွေသဟာအစီ အစဉ်ဖြင့် အသုံးပြုသည့် တစ်မိနစ် ၂၃ ကျပ်နှုန်းနှင့် ဈေးနှုန်းတန်းတူ ဖြစ်လာသည်။ အခြားအော်ပရေတာ များဖြစ်သော တယ်လီနော၏ တစ်မိနစ် ၂၅ ကျပ်နှုန်းထက်လည်း အနည်းငယ် သက်သာလာပြီး အော်ရီဒူး၏ တစ်မိနစ် ၂ဝ ကျပ်နှုန်း နှင့်လည်း တန်းတူနီးပါး ဖြစ်လာ သည်။ အင်တာနက်အသုံးပြုခမှာလည်း တစ်မိနစ် သုံးကျပ်နှုန်းသို့ လျှော့ချ လိုက်သဖြင့် မိနစ်အလိုက် အင်တာ နက်သုံးခဖြတ်ခြင်းကို ကြိုက်သူများ သည့် ပြည်တွင်းဈေးကွက်နှင့် အကိုက်ညီဆုံးဖြစ်လာသည်။ MPT ၏ အင်တာနက်အသုံးပြုခမှာ တစ် မိနစ် နှစ်ကျပ်နှုန်းဖြစ်သော်လည်း ဖုန်းခေါ်ဆိုခမှာ ၅ဝ ကျပ်ဖြစ်သည်။ ဆွေသဟာအစီအစဉ်ဖြင့် သုံးပါက ဖုန်းခေါ်ဆိုခ ၂၃ ကျပ်သာ ကျသင့် သော်လည်း အင်တာနက်သုံးခမှာ မိနစ်ဖြင့် ဖြတ်ခြင်းမဟုတ်တော့ဘဲ သုံးသည့်ဒေတာအလိုက် 1MB လျှင် ခုနစ်ကျပ်ခွဲ ဖြတ်ခြင်းဖြစ်သဖြင့် ကုန်ကျစရိတ်ပိုများသည်။ တယ်လီ နောက ဖုန်းခေါ်ဆိုခ ၂၅ ကျပ်နှင့် အင်တာနက်သုံးခမှာ ဒေတာအလိုက် 1MB လျှင် ငါးကျပ်ဖြစ်သည်။ အော်ရီဒူးက ဖုန်းခေါ်ဆိုခ ၂ဝ ကျပ် နှင့် အင်တာနက်သုံးခမှာ 1MB လျှင် ခြောက်ကျပ်ဖြစ်သည်။ ''ဒီမတိုင်ခင်ရက်တွေအထိတော့MEC က တော်တော်လူကြိုက်နည်း နေတယ်။ ငွေဖြည့်ကတ်တွေထဲမှာ MEC ကတ်တွေက ရောင်းအား အနည်းဆုံးပဲ။ တခြားငွေဖြည့် ကတ်တွေက အရောင်းသွက်သလို ဈေးကလည်း တယ်လီနောနဲ့ အော် ရီဒူးက ပုံမှန်ပဲ။ MPT ကတ်တွေက တော့ ငါးထောင်တန်ကို ၄၉ဝဝ နဲ့ တစ်သောင်းတန်ကို ၉၈ဝဝ လောက် အထိ လျှော့ရောင်းတာရှိတယ်။ MEC ကတ်ကတော့ ဝယ်တဲ့လူနည်း လို့ ကျွန်တော့်ဆိုင်မှာ ၅ဝဝဝ တန် ကို ၄၈ဝဝ၊ ၁ဝဝဝဝ တန်ကို ၉၅ဝဝ နဲ့ ရောင်းနေတာကြာပြီ''ဟု တာမွေ မြို့နယ် ဗျိုင်းရေအိုးစင်လမ်းအတွင်းမှ ဖုန်းငွေဖြည့်ကတ်များရောင်းသော ဆိုင်ရှင်တစ်ဦးကပြောသည်။ လမ်း မတော်မြို့နယ်အတွင်းမှ ဖုန်းငွေဖြည့် ကတ် အရောင်းဆိုင်တစ်ဆိုင်တွင် လည်း MEC ငွေဖြည့်ကတ် ၅ဝဝဝ တန်ကို ၄၇ဝဝ နှင့် ၁ဝဝဝဝ တန်ကို ၉ဝဝဝ နှုန်းအထိ လျှော့ရောင်းလျက် ရှိသည်။ အော်ပရေတာသစ်များ ပေါ်လာ ပြီးနောက် ဈေးနှုန်းများ အပြိုင်လျှော့ ချသဖြင့် တစ်ခါတစ်ရံBonus ပေး ခြင်းမှအပ ဈေးနှုန်းလျှော့ချခြင်း မရှိ ဘဲ တစ်မိနစ် ၅ဝ ကျပ်နှုန်း တင်းခံ နေခဲ့သော MPT နှင့်MEC ဖုန်း များမှာ အသုံးပြုသူနည်းလာပြီး ငွေ ဖြည့်ကတ်များမှာလည်း အရောင်း အဝယ် နည်းလာခြင်းဖြစ်သည်။ MPT သည်၂ဝ၁၄ နှစ်ကုန်ပိုင်းတွင် ဆွေသဟာအစီအစဉ်ကို စတင်၍ ဈေးနှုန်းလျှော့ချမှုများ ပြုလုပ်ခဲ့သော် လည်း MEC ဖုန်းများမှာမူ ယခု အကြိမ်သာ ပထမဆုံး ဈေးလျှော့ခြင်း ဖြစ်သည်။ '' MEC က ဖုန်းလိုင်းအနေနဲ့ဆိုရင် ပြောရတာ မဆိုးဘူး။ အသံကြည် သလို နေရာတော်တော်များများမှာ လိုင်းမိတယ်။ အင်တာနက်ကတော့ တစ်ခါတလေ တော်တော်ကောင်း သလို တစ်ခါတလေကျတော့လည်း တော်တော်ကို ညံ့တယ်။ ဘာပဲ ဖြစ်ဖြစ် ဖုန်းလိုင်းမိတဲ့အနေအထား၊ အင်တာနက်လိုင်း အနေအထားနဲ့ တွက်ရင် အခုလျှော့လိုက်တဲ့နှုန်းက တော့ တော်တော်လေး အဆင်ပြေ သွားပါတယ်''ဟု MEC နှင့် တယ်လီ နောကို တွဲသုံးနေသူတစ်ဦးက ပြော သည်။ ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ ဆင်းကတ်အမျိုးမျိုးရောင်းချသော ဆိုင်ရှင်တစ်ဦးက ''MEC ကတ်တွေ က လူကြိုက်နည်းသလို အဝယ်လည်း နည်းပေမယ့် ကတ်အသစ်က ရှားလို့ ဈေးနှုန်းက သူအများဆုံးပဲ။ အခု လက်ရှိဈေးကွက်မှာဆိုရင် ဈေးနှုန်း တွေက တယ်လီနော၊ အော်ရီဒူးနဲ့ အမ်ပီတီက တစ်ကတ်ကို နှစ်ထောင် ပေါ့။ MEC က တစ်ကတ် ၆ဝဝဝ နဲ့ နံပါတ်လှရင် ၁ဝဝဝဝ လောက် ရှိတယ်။ ရောင်းအားကတော့ နည်း တယ်။ တခြားကတ်တွေ ၁ဝကတ် ရောင်းရလို့ MECတစ်ကတ်မရောင်း ရဘူး။ ဒါပေမယ့် တချို့နယ်ကလူ တွေတော့ ဝယ်ကြသေးတယ်။ အခု ဈေးလျှော့လိုက်တဲ့ နှုန်းအတိုင်းဆိုရင် တော့ ရန်ကုန်ဈေးကွက်မှာပါ ပြန်ပြီး လူကြိုက်များလာနိုင်တယ်''ဟု ပြော သည်။ MEC ၏ လက်ရှိဖုန်းလိုင်းနှင့် အင်တာနက်လိုင်းအခြေအနေနှင့် ယခုလျှော့ချလိုက်သော ဈေးနှုန်းအရ ဖုန်းခေါ်ဆိုခနှင့် အင်တာနက်သုံးခ နှစ်ခုပေါင်းအနေဖြင့် အသုံးပြုရန် သင့်တော်သောနှုန်းထားများဖြစ်နေသဖြင့် လူကြိုက်နည်းခဲ့သည်မှာ ကြာပြီဖြစ်သောMEC ဖုန်းများကို တစ်ဖန်ပြန်၍ လူကြိုက်များလာဖွယ် ရှိနေကြောင်း ဖုန်းဆင်းကတ်ဈေး ကွက်မှ သိရသည်။ ။ သတင်းဆောင်းပါး-သူရဖြိုး

No comments: