မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, August 14, 2015
ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ရပ်ရွာအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် နှစ်ခြင်း အသင်းတော်တို့ ပူးပေါင်း၍
မူးယစ်ဆေးဝါးပပျောက်ရေး ဟောပြော
========================
ဒေါ့ဖုန်းယန် သြဂုတ် ၁၃
ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ ရပ်ရွာအခြေပြုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့နှင့် နှစ်ခြင်း အသင်းတော်တို့ ပူးပေါင်း၍ မူးယစ်ဆေးဝါးပပျောက်ရေးအမြင် ဟောပြော ပွဲကို သြဂုတ် ၈ ရက်က အမှတ်(၂)ရပ်ကွက် နှစ်ခြင်းဘုရားရှိခိုးကျောင်းဝင်း အတွင်း၌ ကျင်းပရာ မြို့အုပ်ချုပ်ရေးမှူး ဦးဝင်းသိန်းထွန်းက မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ ရပ်ရွာအခြေပြု မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးအဖွဲ့နှင့် ဘာသာရေးအဖွဲ့အစည်းများအနေဖြင့် သတင်းပေးဖမ်းဆီးရာတွင် ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြား သည်။
ရဲတပ်ဖွဲ့မှ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး၊ ကြိုတင်ကာကွယ်ရေး၊ ဖမ်းဆီးရေးနှင့် ပြန်လည်ထူထောင်ပေးရေးဆိုင်ရာများနှင့် နှစ်ခြင်းအသင်း တော်ဆရာများက အသိပညာပေးဟောပြောကြကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment