Monday, August 17, 2015

ထွက်ပြေးသွားသော တပ်ဖွဲ့ဝင်များအား KIA အဖွဲ့မှ လိုက်လံဖမ်းဆီး

ထွက်ပြေးသွားသော တပ်ဖွဲ့ဝင်များအား KIA အဖွဲ့မှ လိုက်လံဖမ်းဆီး သြဂုတ်လ ၁၆ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ ခန္တီးရွှေမှော်တွင် KIA အဖွဲ့မှ ထွက်ပြေးလာသော တပ်သားသစ်နှစ်ဦးအား ပြန်လည် ဖမ်းဆီးသွားကြောင်းသိရသည်။ KIA စခန်းတစ်ခုတွင် သင်တန်းတက်ရောက်နေသော တပ်သားသစ်နှစ်ဦးသည် အစားအသောက်ချို့တဲ့စွာ စားသောက်နေ ရခြင်း၊ တောထဲတွင်သာနေထိုင်ရပြီး သင်ခန်းစာများ ပင်ပန်းဆင်းရဲစွာပြုလုပ်ရခြင်း၊ နည်းပြများမှ ကြမ်းတမ်းစွာ ဆက်ဆံခြင်းတို့ကြောင့် သြဂုတ်လ ၉ ရက်နေ့တွင် ထွက်ပြေးလာရာ ဖားကန့်မြို့နယ် ၊ တာမခံကျေးရွာနှင့် ဆယ်စင်း ကျေးရွာကြားရှိ ခန္တီးရွှေမှော်တွင် ၎င်းတပ်သားသစ်နှစ်ဦး ပြန်လည်ဖမ်းဆီးရမိသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သင်တန်းတွင် ပင်ပန်းဆင်းရဲစွာတက်ရောက်နေရသည့် တပ်သားသစ်များကို KIA အဖွဲ့မှ ဆက်ကြေးများ အတင်းအကြပ် ကောက်ခိုင်းခြင်း၊ ရွာများကိုခြိမ်းခြောက်ခိုင်းခြင်း ၊ လမ်းတံတားများ မိုင်းထောက်ဖောက်ခွဲခိုင်းခြင်း လုပ်ရပ်များကို လုပ်ခိုင်း သည့်အပြင် နေထိုင်စားသောက်ရေးမှာလည်း ဆင်းရဲသောကြောင့် ယခုလို ထွက်ပြေးရခြင်းဖြစ်ကြောင်း KIA ၏ လူသစ် အဖြစ် ဖမ်းဆီးခြင်းခံခဲ့ရာမှ ထွက်ပြေးလွတ်မြောက်လာသူ ရွာသား တစ်ဦးမှ ပြောပါသည်။ ဆိုင်နော်(ဖားကန့်) ထွက်ပြေးသွားသော တပ်ဖွဲ့ဝင်များအား KIA အဖွဲ့မှ လိုက်လံဖမ်းဆီး သြဂုတ်လ ၁၆ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ ခန္တီးရွှေမှော်တွင် KIA အဖွဲ့မှ ထွက်ပြေးလာသော တပ်သားသစ်နှစ်ဦးအား ပြန်လည် ဖမ်းဆီးသွားကြောင်းသိရသည်။ KIA စခန်းတစ်ခုတွင် သင်တန်းတက်ရောက်နေသော တပ်သားသစ်နှစ်ဦးသည် အစားအသောက်ချို့တဲ့စွာ စားသောက်နေ ရခြင်း၊ တောထဲတွင်သာနေထိုင်ရပြီး သင်ခန်းစာများ ပင်ပန်းဆင်းရဲစွာပြုလုပ်ရခြင်း၊ နည်းပြများမှ ကြမ်းတမ်းစွာ ဆက်ဆံခြင်းတို့ကြောင့် သြဂုတ်လ ၉ ရက်နေ့တွင် ထွက်ပြေးလာရာ ဖားကန့်မြို့နယ် ၊ တာမခံကျေးရွာနှင့် ဆယ်စင်း ကျေးရွာကြားရှိ ခန္တီးရွှေမှော်တွင် ၎င်းတပ်သားသစ်နှစ်ဦး ပြန်လည်ဖမ်းဆီးရမိသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သင်တန်းတွင် ပင်ပန်းဆင်းရဲစွာတက်ရောက်နေရသည့် တပ်သားသစ်များကို KIA အဖွဲ့မှ ဆက်ကြေးများ အတင်းအကြပ် ကောက်ခိုင်းခြင်း၊ ရွာများကိုခြိမ်းခြောက်ခိုင်းခြင်း ၊ လမ်းတံတားများ မိုင်းထောက်ဖောက်ခွဲခိုင်းခြင်း လုပ်ရပ်များကို လုပ်ခိုင်း သည့်အပြင် နေထိုင်စားသောက်ရေးမှာလည်း ဆင်းရဲသောကြောင့် ယခုလို ထွက်ပြေးရခြင်းဖြစ်ကြောင်း KIA ၏ လူသစ် အဖြစ် ဖမ်းဆီးခြင်းခံခဲ့ရာမှ ထွက်ပြေးလွတ်မြောက်လာသူ ရွာသား တစ်ဦးမှ ပြောပါသည်။ ဆိုင်နော်(ဖားကန့်)

No comments: