မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 20, 2015
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး အစားထိုးပြောင်းလဲ ================================================
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁၀)ဦး အစားထိုးပြောင်းလဲ
================================================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
ကြေညာချက်အမှတ်(၄၆/၂ဝ၁၅)
၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း ၄ ရက်
(၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ ၁၉ ရက်)
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁ဝ) ဦး
အစားထိုးပြောင်းလဲခြင်း
၂ဝ၁ဝ ပြည့်နှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းထားသော တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁ဝ)ဦးတို့ကို အမည်စာရင်းပြောင်းလဲလိုကြောင်း တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၃၃ နှင့်အညီ အကြောင်းကြားချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က စိစစ်ပြီး ၂ဝ-၁-၂ဝ၁၁ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက် အမှတ်(၃/၂ဝ၁၁)နှင့် ၁၇-၆-၂ဝ၁၃ ရက်စွဲပါ ကော်မရှင်၏ ကြေညာချက်အမှတ်(၁၅/၂ဝ၁၃) တို့တွင် ဖော်ပြထားသည့် အောက်ပါ တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်(၁ဝ)ဦးတို့ကို ယှဉ်တွဲဖော်ပြပါအတိုင်း အစားထိုးပြောင်းလဲ လိုက်သည်-
ကချင်ပြည်နယ်လွှတ်တော်
(၁) ကြည်း ၁၇၆၂၈ (အစား) ကြည်း ၂ဝဝ၈၁
ဗိုလ်မှူးကြီး သန်းအောင် ဗိုလ်မှူးကြီး သူရမျိုးတင်
ချင်းပြည်နယ်လွှတ်တော်
(၂) ကြည်း ၁၇၆၁၆ (အစား) ကြည်း ၂၁၁၂၃
ဗိုလ်မှူးကြီး ဇော်မင်းဦး ဗိုလ်မှူးကြီး ကျော်ကျော်
စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်
(၃) ကြည်း ၁၆၇၇၈ (အစား) ကြည်း ၁၆၆၆၇
ဗိုလ်မှူးကြီး ကြည်နိုင် ဗိုလ်မှူးကြီး ကျော်သန့်နိုင်
ပဲခူးတိုင်းဒေသကြီးလွှတ်တော်
(၄) ကြည်း ၁၅၉၄၆ (အစား) ကြည်း ၁၆၄၃၈
ဗိုလ်မှူးကြီး သက်ထွန်း ဗိုလ်မှူးကြီး ခင်မောင်ဌေး
မကွေးတိုင်းဒေသကြီးလွှတ်တော်
(၅) ကြည်း ၂၁၉ဝ၄ (အစား) ကြည်း ၂ဝ၅၉၅
ဗိုလ်မှူးကြီး ဇော်လင်းအောင် ဗိုလ်မှူးကြီး နိုင်ဦး
မန္တလေးတိုင်းဒေသကြီးလွှတ်တော်
(၆) ကြည်း ၁၈၇၉၉ (အစား) ကြည်း ၂၁၆၅၈
ဗိုလ်မှူးကြီး အောင်ကျော်မိုး ဗိုလ်မှူးကြီး မျိုးမင်းအောင်
မွန်ပြည်နယ်လွှတ်တော်
(၇) ကြည်း ၁၉၃၂၇ (အစား) ကြည်း ၁၉၃၁၉
ဗိုလ်မှူးကြီး ဌေးမြင့်အောင် ဗိုလ်မှူးကြီး ဝင်းနိုင်ဦး
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်
(၈) ကြည်း ၁၉၄၈၄ (အစား) ကြည်း ၂ဝ၆၈၂
ဗိုလ်မှူးကြီး တင်ဝင်း ဗိုလ်မှူးကြီး တင်အောင်ထွန်း
ရှမ်းပြည်နယ်လွှတ်တော်
(၉) ကြည်း ၁၇၄၆၁ (အစား) ကြည်း ၁၉၇၂၉
ဗိုလ်မှူးကြီး အောင်သူ ဗိုလ်မှူးကြီး စိုးမိုးအောင်
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်
(၁ဝ) ကြည်း ၁၈၈၇၂ (အစား) ကြည်း ၂၅၁၃ဝ
ဗိုလ်မှူးကြီး မောင်မောင်ဝင်း ဗိုလ်မှူးကြီး ကျော်စွာလှိုင်
အမိန့်အရ
(တင်ထွန်း)
အတွင်းရေးမှူး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment