မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 20, 2015
စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၃/၂၀၁၅)ထုတ်ပြန် ================================
စစ်အုပ်ချုပ်ရေးအမိန့်အမှတ် (၃/၂၀၁၅)ထုတ်ပြန်
================================
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
စစ်အုပ်ချုပ်ရေးအမိန့်အမှတ်(၃/၂ဝ၁၅)
၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း(၃)ရက်
၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ (၁၈)ရက်
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)စစ်အုပ်ချုပ်ရေးကြေညာချက် အမှတ်(၂)ကို ၁၃၇၇ ခုနှစ်၊ ဝါခေါင်လဆန်း (၁)ရက်၊ ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လ (၁၈) ရက် ရက်စွဲဖြင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(လောက်ကိုင်)၊ ဒေသကွပ်ကဲရေးမှူး ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင် အား စစ်အုပ်ချုပ်ရေးဒေသအဖြစ် ကြေညာထားသောရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်များနှင့် တာဝန်များကိုလည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေ စိုးမိုးရေးနှင့်သက်ဆိုင်သည့် တရားစီရင်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်တာဝန်များကိုလည်းကောင်း ကျင့်သုံးဆောင်ရွက်ရန် ထုတ်ပြန်ပြီးဖြစ်သည်။
၂။ စစ်အုပ်ချုပ်ရေးဒေသအတွင်းရှိ ဒေသဆိုင်ရာအာဏာပိုင်အဖွဲ့အစည်း အဆင့်ဆင့်တို့သည် ယင်းတို့နှင့် သက်ဆိုင်သည့်လုပ်ငန်းတာဝန်များကို ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲ ရေးမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)၏ ကွပ်ကဲမှုအရဆောင်ရွက်ရမည်။
၃။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီးဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှုစစ် ဌာနချုပ်( လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေးဒေသအတွင်း စစ်နယ်မြေများသတ်မှတ်၍ စစ်နယ်မြေမှူးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဘောတူညီချက်ဖြင့် စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပြီး ခန့်ထားနိုင် သည်။
၎။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ် ချုပ်ရေးဒေသအတွင်း မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများဖြင့် သော်လည်းကောင်း၊ မိမိတာဝန်လွှဲအပ်သော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့ဖြင့်သော်လည်းကောင်း အောက်ပါကိစ္စရပ်များကို ပြီးမြောက်အောင် ဆောင်ရွက်ရမည်-
(က) အုပ်ချုပ်ရေး
(၁) လုံခြုံရေးကိစ္စရပ်များ၊
(၂) လူမှုရေးကိစ္စရပ်များ၊
(၃) ကုန်သွယ်ရေးကိစ္စရပ်များ၊
(၄) သယ်ယူပို့ဆောင်ရေးကိစ္စရပ်များ။
(ခ) တရားစီရင်ရေး
(၁) တရားရုံးများဖွဲ့စည်းခြင်း။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီးဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေးကာလအတွင်း ပြစ်မှုဆိုင်ရာ မှုခင်း များကို တည်ဆဲဥပဒေအရ ဖွဲ့စည်းထားသော တရား ရုံးများဖြင့်ဖြစ်စေ၊ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန် ပြီး ဖွဲ့စည်းသည့် စစ်ခုံရုံးများဖြင့်ဖြစ်စေ စစ်ဆေး စီရင်နိုင်သည်။
(၂) စစ်ခုံရုံးဖြင့်စစ်ဆေးခြင်း။ စစ်ခုံရုံးများသည် ပြစ်မှု ဆိုင်ရာမှုခင်းများကို အကျဉ်းနည်းဖြင့် စစ်ဆေးစီရင် နိုင်သည်။
(၃) ပြစ်ဒဏ်ချမှတ်ခြင်း။ နောက်ဆက်တွဲဇယား(က)ပါပြစ်မှုတစ်ခုခုကို ကျူးလွန်သူအား စစ်ခုံရုံးက ပြစ်မှု ထင်ရှားစီရင်ပါက တည်ဆဲဥပဒေများနှင့်အညီ အောက်ပါပြစ်ဒဏ်တစ်မျိုးမျိုးကို ချမှတ်ရမည်-
(ကက) သေဒဏ်၊
(ခခ) နှစ်အကန့်အသတ်မရှိထောင်ဒဏ်၊
(ဂဂ) သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ် ထားသော အမြင့်ဆုံးပြစ်ဒဏ်။
(၄) အတည်ပြုခြင်း။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ် ချက်များနှင့် စီရင်ချက်များသည် အပြီးအပြတ်ဖြစ်စေ ရမည်။ သို့ရာတွင် သေဒဏ်စီရင်ပါက ထိုသို့စီရင်ခြင်း သည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အတည်ပြု ချက်ရရှိမှသာ အတည်ဖြစ်သည်။ နှစ်အကန့်အသတ် မရှိသော ထောင်ဒဏ်စီရင်ပါက ထိုသို့ စီရင်ခြင်း သည် ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူး ကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လောက်ကိုင်)၏ အတည်ပြုချက်ရရှိမှသာ အတည်ဖြစ်သည်။ အတည်ပြုခြင်းနှင့်ပတ်သက်သည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါ လုပ်ပိုင်ခွင့်များရှိသည်-
(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
(ခခ) ပြစ်ဒဏ်ကို လျှော့ပေါ့စေခြင်း၊
(ဂဂ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျှော့ပေါ့ပြောင်းလဲခြင်း၊
(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။
(၅) အယူခံခြင်း။ စစ်ခုံရုံးများက ချမှတ်သောဆုံးဖြတ်ချက်၊ ပြစ်ဒဏ် ချမှတ်ချက်များနှင့်စပ်လျဉ်း၍ အယူခံပိုင်ခွင့်မရှိစေရ။
(၆) ပြင်ဆင်မှုလျှောက်ထားခြင်း။ စစ်ခုံရုံးများက သေဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅) ရက်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံသို့လည်းကောင်း၊ အခြားပြစ်ဒဏ်ချမှတ်ခြင်း ခံရပါက ပြစ်ဒဏ်ချမှတ်ခြင်းခံရသည့်နေ့မှ (၁၅)ရက်အတွင်း ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)ထံသို့လည်းကောင်း ပြင်ဆင်မှုလျှောက်ထားနိုင်သည်။ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ် ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)သည် မိမိသဘောအလျောက်လည်း ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်နိုင်သည်။ ပြင်ဆင်မှုစီရင်ပိုင်ခွင့်ကို ကျင့်သုံးဆောင်ရွက်ရာတွင် အောက်ပါလုပ်ပိုင်ခွင့်များရှိသည်-
(ကက) ပြစ်မှုထင်ရှားစီရင်ခြင်းကို ပယ်ဖျက်ခြင်း၊
(ခခ) ပြစ်ဒဏ်ကို လျှော့ပေါ့စေခြင်း၊
(ဂဂ) ပြစ်ဒဏ်ကို ပို၍နိမ့်သော ပြစ်ဒဏ်အမျိုးအစားသို့ လျှော့ပေါ့ပြောင်းလဲခြင်း၊
(ဃဃ) ပြစ်မှုထင်ရှားစီရင်ခြင်းကို အတည်ပြုခြင်း။
(၇) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သို့မဟုတ် ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)က မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်၍ ဆောင်ရွက်သည့်ကိစ္စတွင် အထက်အပိုဒ်ငယ်(၆)တွင်ပါရှိသော လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်ကိုတိုးမြှင့်နိုင်သည်။
၅။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)သည် မိမိ၏တာဝန် ဝတ္တရားများကိုဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန် စစ်အုပ်ချုပ်ရေး အကြံပေးအဖွဲ့ကို ဖွဲ့စည်းနိုင်သည်။
၆။ ပြန်တမ်းဝင်အမှတ်၊ ကြည်း ၂၁၈၆၈ ဗိုလ်မှူးကြီး ဇော်ဇော်နိုင်၊ ဒေသ ကွပ်ကဲရေးမှူး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လောက်ကိုင်)သည် စစ်အုပ်ချုပ်ရေးဒေသအတွင်းဖြစ်ပေါ်နေသောအခြေအနေအရပ်ရပ်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သို့ အစီရင်ခံရမည်။
(ပုံ) မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
နောက်ဆက်တွဲဇယား(က)
စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများ
၁။ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂)၊
၂။ အစိုးရကို အကြည်ညိုပျက်အောင်ပြုလုပ်မှု(ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၄-က)၊
၃။ မတရားအသင်းအက်ဥပဒေအရ ပြစ်မှုများ၊
၎။ လက်နက်အက်ဥပဒေအရပြစ်မှုများ၊
၅။ လူသတ်မှု၊
၆။ လူသေမှု၊
၇။ မုဒိမ်းမှု၊
၈။ လုယက်မှု၊
၉။ ဓားပြမှု၊
၁ဝ။ အဂတိလိုက်စားမှု၊
၁၁။ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ ပြစ်မှုများ၊
၁၂။ ပြည်သူပိုင်ပစ္စည်းကာကွယ်ရေး အက်ဥပဒေအရ ပြစ်မှုများ၊
၁၃။ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သော ပစ္စည်းများကာကွယ်စောင့် ရှောက်ရေးဥပဒေအရ ပြစ်မှုများ၊
၁၄။ ၁၉၅ဝ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ၊
၁၅။ သတင်းမီဒီယာဥပဒေအရ ပြစ်မှုများ၊
၁၆။ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရ ပြစ်မှုများ၊
၁၇။ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်း ချက်များ)အက်ဥပဒေအရ ပြစ်မှုများ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment