Tuesday, August 18, 2015

ကျောက်စိမ်းဆွဲပြား ခိုးယူသည့် တရုတ်နိုင်ငံသား ၂ဦး မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းမိ

ကျောက်စိမ်းဆွဲပြား ခိုးယူသည့် တရုတ်နိုင်ငံသား ၂ဦး မင်္ဂလာဒုံလေဆိပ်တွင် ဖမ်းမိ ဧရာဝတီ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းဈေး ဗဟိုရုံရှိ ကျောက်မျက်ရောင်းဝယ်ရေး ဆိုင် မှ ငွေကျပ် ၁၅ သိန်းခန့် တန်ဖိုးရှိ ကျောက်စိမ်းဆွဲပြားတခု ခိုးယူသွားသည့် တရုတ်နိုင်ငံသား ၂ဦးကို မင်္ဂလာဒုံ လေဆိပ် ပြည်ပထွက်ခွာ စစ်ဆေးရေး ဂိတ် ၌ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ဖမ်းဆီးရမိကြောင်း အစိုးရ သတင်း တွင် ဖော်ပြ ထားသည်။ တရုတ်နိုင်ငံ ဟူနန်ပြည်နယ်နေ Liu Jian Yue (၄၇)နှစ်နှင့် Yang Jian Zhang (၅၁)နှစ် ဆိုသူတို့ ၂ဦးက ကျောက်မျက်ရတနာဝယ် ယူလိုကြောင်း ပြောဆို၍ ဆိုင်ဝန်ထမ်း ထုတ်ပြသော်လည်း ၀ယ်ယူခြင်း မရှိ ပဲ ပြန်ထွက်သွားနောက် ကျောက်စိမ်းဆွဲပြား ပျောက်ဆုံးနေသည်ကို သိရ၍ ပန်းပဲတန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ခဲ့ပြီးနောက် ယခုကဲ့သို့ ဖမ်းဆီးမိခြင်းဖြစ်သည်။ ဖမ်းဆီးစစ်ဆေးစဉ် ပျောက်ဆုံးသွားသည့် ကျောက်စိမ်းဆွဲပြားကို Liu Jian Yue လည်ပင်းတွင် ၀တ်ဆင်လျှက် တွေ့ရှိရကြောင်းလည်း ဖော်ပြထားသည်။ ဓာတ်ပုံ- MOI

No comments: