Sunday, August 9, 2015

တခုလေးဝင်ပြောလိုက်ချင်တယ်ဗျာ အဆဲခံရမှာတော့ ကြိုသိနေပါတယ် ဒါပေမယ့် ကျွန်တော်အမှန်တရားပြောလို့ ဆဲခံရ ရင်တောင် ကျေနပ်တယ်ဗျာ

တခုလေးဝင်ပြောလိုက်ချင်တယ်ဗျာ အဆဲခံရမှာတော့ ကြိုသိနေပါတယ် ဒါပေမယ့် ကျွန်တော်အမှန်တရားပြောလို့ ဆဲခံရ ရင်တောင် ကျေနပ်တယ်ဗျာ ခဗျားတို့အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ကောင်းဖြစ်နေလိမ့်မယ် မဖြစ်သေးရင်လဲဖြစ်လာလိမ့်မယ် အဲ့ဒီ အိမ်ထောင်ဦးစီးတစ်ယောက်ဟာ သူ့သားသမီးတွေ သူအုပ်ချုပ်နေတဲ့လူတွေ က မကောင်းတာလုပ်ခဲ့ရင် စောက်သုံးမကျတာလုပ်ခဲ့ရင် အဲဒိအိမ်ထောင်ဦးစီးကိုဘဲ အပြစ်တင်မှာလား ဒါမှမဟုတ် မကောင်းတာလုပ်လိုက်တဲ့ သူကို အပြစ်တင်မှာလားပြောကြည့်လိုက်စမ်းပါ ခေါင်ကအစမကောင်းလို့မိုးယိုတာပေါ့ဆိုတဲ့စကား ရှိတာ ကျုပ်သိတယ် ဒါပေမယ့် ခေါင်က တကယ်ကောင်းရဲ့သားနဲ့ တခြားနေရာတွေက မိုးယိုတာကိုရော ဘဝမှာမြင်ဖူး တွေ့ဖူးကြလား အသိဥာဏ်ရှိတဲ့လူဆိုတာ ပြသနာတခုရဲ့ အစကို တွေးတတ်ရတယ် ငါ့အိမ်ကျမှမီးက ခဏခဏပျက်နေတာဘဲ ဆိုပြီး မီးရုံးက တာဝန်ကျတဲ့လူတွေကို ဒေါသဖြစ်နေမယ့်အစား ဘာကြောင့် ငါ့အိမ်မီးပျက်ရတာလဲဆိုတဲ့ အကြောင်းရင်းကို အရင်ရှာသင့်တယ် ဆက်မပြောတော့ပါဘူးလေ အဆဲခံရ မှာစိုးတယ်

No comments: