Tuesday, August 18, 2015

အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည်ဟု အဖွဲ့ ငါးဖွဲ့ကြေညာ

အပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးမည်ဟု အဖွဲ့ ငါးဖွဲ့ကြေညာ Tuesday, August 18, 2015 တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် (NCA)ကို လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်းကြေညာချက်ထုတ်ပြန်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှာ သြဂုတ် ၁၇ ရက်အထိစာရင်းအရ ငါးဖွဲ့ရှိလာပြီဖြစ်သည်။ ကရင်အမျိုးသားအစည်းအ ရုံး(KNU) က NCAလက်မှတ်ရေး ထိုးမည်ဟု သီးသန့်ကြေညာချက်ထုတ်ပြန်ခဲ့ပြီး နှစ်ရက်အတွင်းမှာပင် ဒီမိုကရေစီအကျိုးပြုကရင့် တပ်မတော်(DKBA)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KPC)၊ သျှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ(RCSS)တို့နှင့်အတူပူးတွဲကြေညာချက်ကို သြဂုတ် ၁၇ရက်တွင် ထုတ်ပြန်ခဲ့သည်။ ၎င်းတို့၏ ထုတ်ပြန်ချက်၌ နိုင်ငံရေးဆွေးနွေးပွဲများမှ တစ် ဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပ ဒေပြင်ဆင်ပြောင်းလဲနိုင်သည့် အခွင့်အရေးရရှိမည်ဖြစ်ကြောင်း အပါအ၀င် NCA လက်မှတ်ရေးထိုးပါက ရရှိနိုင်သည့် ရလဒ်ခုနစ်ချက်ကိုလည်း ထောက်ပြထားသည်။ NCA လက်မှတ်ရေးထိုးမည် ဟု ပူးတွဲကြေညာချက်ထုတ်ပြန် သော ထိုလေးဖွဲ့၏ ခေါင်းဆောင်များနှင့် တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်တို့သည် သြဂုတ် ၄ ရက်က နေပြည်တော်တွင် တွေ့ ဆုံခဲ့ပြီး NCA ဆိုင်ရာဆွေးနွေးခဲ့ သည်။ ယင်းတို့မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော် တွင် သမ္မတနှင့်အတူ ‘‘ငြိမ်းချမ်း ရေးနှင့် အမျိုးသားပြန်လည်သင့် မြတ်ရေးဆိုင်ရာ ကတိက၀တ်ပြု ချက်’’ကို လက်မှတ်ရေးထိုးခဲ့ သော လေးဖွဲ့လည်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ကလည်း NCAလက်မှတ်ထိုးမည် ဖြစ်ကြောင်း သြဂုတ် ၁၇ ရက်တွင်ကြေညာခဲ့သည်။ တစ်ဖက်တွင်လည်း ရှမ်း ပြည်တိုးတက်ရေးပါတီ (SSPP) က သြဂုတ် ၁၆ ရက်၌ NCA လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအားလုံး ပါဝင်လက်မှတ်ထိုးနိုင်ရေးအ တွက် ကြိုးစား၍ နိုင်ငံရေးဆွေးနွေးပွဲမှတစ်ဆင့် စစ်မှန်သောဒီမိုကရက်တစ်ဖက်ဒရယ်ပြည် ထောင်စုပေါ်ပေါက်ရေးအတွက် ကြိုးပမ်းမည်ဟု ဖော်ပြလာသည်။ NCA အတွက် အစိုးရ၊ တပ် မတော်ထိပ်ပိုင်းခေါင်းဆောင်များ နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ထိပ်ပိုင်းခေါင်းဆောင်များ သည် သြဂုတ် ၂၅ (သို့မဟုတ်) ၂၆ ရက်တွင် တွေ့ဆုံနိုင်ဖွယ်ရှိပြီး NCA လက်မှတ်ရေးထိုးနိုင်ရန် အသေးစိတ်ဆွေးနွေးဖွယ်ရှိကြောင်း မြန်မာနိုင်ငံငြိမ်းချမ်းရေးပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန(MPC) အကြီးတန်း အကြံပေးအဆိုအရ သိရသည်။ ထို့အတွက် လာမည့်နေပြည် တော်ဆွေးနွေးပွဲတွင် ညှိနှိုင်းကြ ရမည်ဟု ဆိုထားသည်။ ဤ အတောအတွင်း NCA လက်မှတ် ရေးထိုးနိုင်ရန် သမ္မတက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၅ ဖွဲ့ထံသို့ သြဂုတ် ၁၁ ရက်စွဲဖြင့် ဖိတ်ကြားစာ အသီးသီးပေးပို့ခဲ့သည်။ 7Day Daily

No comments: