Tuesday, August 18, 2015

မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေး လမ်းပိုင်းအလိုက် စမ်းသပ်မောင်းနှင်နေပြီဖြစ်ကြောင်းသိရ =======================================

မန္တလေး-မြစ်ကြီးနား မီးရထားခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲနိုင်ရေး လမ်းပိုင်းအလိုက် စမ်းသပ်မောင်းနှင်နေပြီဖြစ်ကြောင်းသိရ ======================================= မုံရွာ သြဂုတ် ၁၇ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့မှုကြောင့် မန္တလေး-မြစ်ကြီးနားလမ်းပိုင်းရှိ နေရာအချို့တွင် မီးရထားလမ်းရေကျော်ခြင်း၊ တံတားအချို့ ရေတိုက်စားပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့၍ မီးရထားခရီးစဉ်များ ယာယီရပ်နားထားခဲ့ရသည်။ ယခုအခါ ပျက်စီးမှုများပြုပြင်ပြီးဖြစ်ရာ သြဂုတ် ၁၂ ရက် ညနေ ၄နာရီခွဲက ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် ကိုးထောင်ဘို့ဘူတာတွင် ရပ်နားထားသည့် အမှတ်(၃၄) အိပ်စင်ရထားနှင့် ညနေ ၅ နာရီ ၄၅ မိနစ်တွင် အမှတ် (၃၈) ရထားတို့သည် ဇော်ချောင်းဘူတာတံတားမှ စမ်းသပ်မောင်းနှင်ရာ အောင်မြင် မှုရှိသဖြင့် မကြာမီရက်ပိုင်းအတွင်း မန္တလေး-မြစ်ကြီးနားရထားများ ပုံမှန်သွား လာနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စမ်းသပ်ပြေးဆွဲမှုနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ''လူစီး ရထားတွေတော့ မပြေးဆွဲသေးပါဘူး၊ အခုဟာက တချို့လမ်းပိုင်းနေရာတွေမှာ ကပ်တုံးလုပ်ငန်းတွေ ဆောင်ရွက်နေဆဲဖြစ်ပြီး ကုန်ရထားအတွဲတိုလေး တွေနဲ့ ပြန်လည်ပြုပြင်ထားတဲ့လမ်းပိုင်းတွေ၊ တံတားတွေမှာ အပိုင်းအလိုက် စမ်းသပ်မောင်းနှင်နေတာဖြစ်ပါတယ်။ မကြာခင်ရက်ပိုင်းအတွင်း မြစ်ကြီးနား အထိ တိုက်ရိုက်ပြေးဆွဲသွားနိုင်ရေးဆောင်ရွက်လျက်ရှိပါတယ်''ဟု ပြောကြား ခဲ့သည်။ ဖိုးချမ်း (မုံရွာ)

No comments: