Tuesday, August 18, 2015

ဈေးကြီးအတွင်း နေ့ခင်းကြောင်တောင် လူသတ်မှုဖြစ်ပွား

ဈေးကြီးအတွင်း နေ့ခင်းကြောင်တောင် လူသတ်မှုဖြစ်ပွား မျိုးမင်းထွန်း – ဧရာဝတီတိုင်း(မြစ်မခ) ပုသိမ်၊ သြဂုတ်လ (၁၇)ရက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မဈေးကြီး ၀က်သားတန်းတွင် သြဂုတ်လ ၁၇ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဈေးလာ ၀ယ် သူအသက် (၃၀)အရွယ်အမျိုးသမီးတစ်ဦးအား သင်္ကန်းစည်းထားသူတစ်ဦးက ဓါးဖြင့်ဝင်ရောက်ထိုးခုတ်ခဲ့သဖြင့် အဆိုပါ အမျိုး သမီးမှာသေဆုံးသွားကြောင်း သိရှိရသည်။ သေဆုံးသူအမျိုးသမီးမှာ ပုသိမ်မြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊အောင်သာကျေးရွာမှဖြစ်ပြီး အဆိုပါကျေးရွာ၏ ကျောင်းထိုင်ဘုန်းတော်ကြီးဖြစ်ခဲ့သူတို့မှာငွေကြေးနှင့်လူမှုရေးပြဿနာများရှိခဲ့ကြောင်း ရဲစခန်းတွင် ကနဦးထွက်ဆိုချက်များအရ သိရသည်။ သေဆုံးသူအမျိုးသမီးက ကျေးရွာမှ ယခင်ကျောင်းထိုင်ဘုန်းတော်ကြီးဖြစ်သူထံမှငွေကျပ် (၇) သိန်းချေးယူခဲ့ခြင်းနှင့် လူမှုရေး ပတ်သက်မှုများရှိသည်ဟုဆိုကာကျေးရွာလူထုက ကျောင်းထိုင်ဘုန်းတော်ကြီးအားကျောင်းမှနှင်ထုတ်ခဲ့ခြင်းသဖြင့် ရန်ငြိုးထား ခြင်းဖြစ်သည်ဟုပုသိမ်မြို့၊ အသည်ကြီးရဲစခန်းတွင် ကနဦးထွက်ဆိုချက်များအရ သိရသည်။ “သတ်ခဲ့တဲ့သူက ထိုင်းကနေ လွန်ခဲ့တဲ့နှစ်ပါတ်လောက်ကမှ ပြန်ရောက်လာပြီးပုသိမ်က ဘုန်းကြီးကျောင်းတစ်ခုမှာ လာနေ တာ။ သေဆုံးသူဈေးထွက်ဝယ်မှာလည်းကြိုသိလို့ စောင့်နေတာ။ အခုတော့ အမျိုးသမီးက သေဆုံးပြီး သတ်ခဲ့တဲ့သူကတော့ဆေးရုံမှာ စကားမပြောနိုင်လို့ စာရေးပြီး ထွက်ချက် ထွက်နေပါတယ်။” ဟုပုသိမ်မြို့၊အသည်ကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သင်္ကန်းစည်းထားသူသည် အမျိုးသမီးအားဓါးဖြင့်ထိုးပြီးနောက်မိမိလည်ပင်းကိုလှီးကာ ဈေးအတွင်းတွင် ဓါးဖြင့်ဝှေ့ယမ်း ခြိမ်းခြောက်ပြီးသုံးပါတ်ခန့်ပတ်နေခဲ့ပြီးမှ လဲကျသွားခဲ့ခြင်းဖြစ်ပြီး ဆေးရုံအရောက်တွင်သတိပြန်ရလာသော်လည်း စကား မပြောနိုင်သဖြင့် တာဝန်ရှိရဲအရာရှိများကို လက်ရေးဖြင့်ထွက်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိ သူများထံမှသိရသည်။ “သေဆုံးတဲ့ကောင်မလေးက ဒီနေ့မှ ပုသိမ်ကိုတက်လာပြီး ဈေးလာဝယ်တာ။ သူတို့ကမြို့မဈေးကြီးနဲ့ မနီးမဝေးမှာ ရှိတဲ့ မြေနုလမ်းက သင်္ဘောဆိပ်မှာစက်လှေထားခဲ့ပြီး ဈေးထဲလာတာ။” ဟု ပုသိမ်မြို့မဈေးကြီးမှ ကုန်စိမ်းရောင်းချနေသူ ဒေါ်လှရွှေ ကပြောသည်။ ယခုအခါ အဆိုပါ လူသတ်မှုကို ပုသိမ်မြို့၊အသည်ကြီးရဲစခန်းမှ (ပ)၁၄၉/၂၀၁၅ပြစ်မှုပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။ ဈေးကြီးအတွင်း နေ့ခင်းကြောင်တောင် လူသတ်မှုဖြစ်ပွား မျိုးမင်းထွန်း – ဧရာဝတီတိုင်း(မြစ်မခ) ပုသိမ်၊ သြဂုတ်လ (၁၇)ရက် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မဈေးကြီး ၀က်သားတန်းတွင် သြဂုတ်လ ၁၇ရက်နေ့ နေ့လည် ၁၂ နာရီခန့်က ဈေးလာ ၀ယ် သူအသက် (၃၀)အရွယ်အမျိုးသမီးတစ်ဦးအား သင်္ကန်းစည်းထားသူတစ်ဦးက ဓါးဖြင့်ဝင်ရောက်ထိုးခုတ်ခဲ့သဖြင့် အဆိုပါ အမျိုး သမီးမှာသေဆုံးသွားကြောင်း သိရှိရသည်။ သေဆုံးသူအမျိုးသမီးမှာ ပုသိမ်မြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာအုပ်စု၊အောင်သာကျေးရွာမှဖြစ်ပြီး အဆိုပါကျေးရွာ၏ ကျောင်းထိုင်ဘုန်းတော်ကြီးဖြစ်ခဲ့သူတို့မှာငွေကြေးနှင့်လူမှုရေးပြဿနာများရှိခဲ့ကြောင်း ရဲစခန်းတွင် ကနဦးထွက်ဆိုချက်များအရ သိရသည်။ သေဆုံးသူအမျိုးသမီးက ကျေးရွာမှ ယခင်ကျောင်းထိုင်ဘုန်းတော်ကြီးဖြစ်သူထံမှငွေကျပ် (၇) သိန်းချေးယူခဲ့ခြင်းနှင့် လူမှုရေး ပတ်သက်မှုများရှိသည်ဟုဆိုကာကျေးရွာလူထုက ကျောင်းထိုင်ဘုန်းတော်ကြီးအားကျောင်းမှနှင်ထုတ်ခဲ့ခြင်းသဖြင့် ရန်ငြိုးထား ခြင်းဖြစ်သည်ဟုပုသိမ်မြို့၊ အသည်ကြီးရဲစခန်းတွင် ကနဦးထွက်ဆိုချက်များအရ သိရသည်။ “သတ်ခဲ့တဲ့သူက ထိုင်းကနေ လွန်ခဲ့တဲ့နှစ်ပါတ်လောက်ကမှ ပြန်ရောက်လာပြီးပုသိမ်က ဘုန်းကြီးကျောင်းတစ်ခုမှာ လာနေ တာ။ သေဆုံးသူဈေးထွက်ဝယ်မှာလည်းကြိုသိလို့ စောင့်နေတာ။ အခုတော့ အမျိုးသမီးက သေဆုံးပြီး သတ်ခဲ့တဲ့သူကတော့ဆေးရုံမှာ စကားမပြောနိုင်လို့ စာရေးပြီး ထွက်ချက် ထွက်နေပါတယ်။” ဟုပုသိမ်မြို့၊အသည်ကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သင်္ကန်းစည်းထားသူသည် အမျိုးသမီးအားဓါးဖြင့်ထိုးပြီးနောက်မိမိလည်ပင်းကိုလှီးကာ ဈေးအတွင်းတွင် ဓါးဖြင့်ဝှေ့ယမ်း ခြိမ်းခြောက်ပြီးသုံးပါတ်ခန့်ပတ်နေခဲ့ပြီးမှ လဲကျသွားခဲ့ခြင်းဖြစ်ပြီး ဆေးရုံအရောက်တွင်သတိပြန်ရလာသော်လည်း စကား မပြောနိုင်သဖြင့် တာဝန်ရှိရဲအရာရှိများကို လက်ရေးဖြင့်ထွက်ချက်ပေးခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ရှိ သူများထံမှသိရသည်။ “သေဆုံးတဲ့ကောင်မလေးက ဒီနေ့မှ ပုသိမ်ကိုတက်လာပြီး ဈေးလာဝယ်တာ။ သူတို့ကမြို့မဈေးကြီးနဲ့ မနီးမဝေးမှာ ရှိတဲ့ မြေနုလမ်းက သင်္ဘောဆိပ်မှာစက်လှေထားခဲ့ပြီး ဈေးထဲလာတာ။” ဟု ပုသိမ်မြို့မဈေးကြီးမှ ကုန်စိမ်းရောင်းချနေသူ ဒေါ်လှရွှေ ကပြောသည်။ ယခုအခါ အဆိုပါ လူသတ်မှုကို ပုသိမ်မြို့၊အသည်ကြီးရဲစခန်းမှ (ပ)၁၄၉/၂၀၁၅ပြစ်မှုပုဒ်မ ၃၀၂/၃၀၉ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သိရသည်။

No comments: