Saturday, August 8, 2015

ရေဘေးကူညီကြသော ညီအကိုမောင်နှမများခင်ဗျာ ...

ရေဘေးကူညီကြသော ညီအကိုမောင်နှမများခင်ဗျာ ... ဖြစ်နိုင်ရင် .... ရိုသေလေးစားစွာ ကူညီပါ ... အရမ်းသနားသော အမူအယာကို မပြမိပါစေနှင့် ... (မိမိရင်ထဲမှာပဲရှိပါစေ) အခြေအနေ အဆင့်အတန်းအမျိုးမျိုးမှနေ၍ မထင်မှတ်ပဲ ဘေးဒုက္ခကြုံကြရသူများဖြစ်၍ သိမ်ငယ်စရာကောင်းသော အခြေအနေမျိုးကို နှစ်လိုကြမည်မဟုတ်ပါ ... ပစ္စည်းများ ဝေငှကြသောအခါ တန်းမစီကြရပါစေနှင့် ... အဆင်ပြေသလို... သက်သာသလိုနေကြပါစေ ... မိမိတို့ကသာ အဆင်ပြေအောင် လူစေ့အောင် လိုက်လံပေးဝေငှပါ ... လှူဒါန်းပွဲ အခမ်းအနားများကြီးကြီးကျယ်ကျယ်လုပ်၍ ဘေးဒုက္ခကြုံရသူများကို လာတက်ခိုင်းခြင်း၊ လာထိုင်ခိုင်းခြင်း၊ အလှူ လက်ခံခိုင်းခြင်းစသော ချဲ့ကားသော ကိစ္စများကို တတ်နိုင်သမျှရှောင်ပါ ... လှူဒါန်းမှုပုံရိပ်များကို မြောက်များစွာ ဓာတ်ပုံရိုက်ယူနေခြင်းများလည်း ရှောင်ပါ ... (ပေး၍ယူရသော၊ မတတ်သာ၍ ယူမှဖြစ်မည့်အခြေအနေသို့ရောက်၍ ကျေးဇူးတင်စွာ လက်ခံယူကြသော်လည်း ဓာတ်ပုံများရိုက်ယူခြင်းကို ရှက်ရွံ့ သော ... စိတ်တို့ကို လက်တွေ့မြင်ခဲ့သောကြောင့်ဖြစ်ပါသည်။ ကျနော်ဆိုလျှင်လည်း ရှက်၍ တန်းစီယူဖို့ အတော်အားမွေးရပါလိမ့်မည်။) သွားရောက်ထောက်ပံ့ကြသည့် ညီအကိုမောင်နှမများအတွက် နိုင်ငံသားတစ်ယောက်နှင့် လူသားတစ်ယောက်၏ တာဝန်ကျေပြီးဖြစ်ပါသည်။ မိမိသမိုင်းကို မိမိရေးပြီးဖြစ်ပါသည်။ ဘာမှတ်တမ်းမှ လိုသည်ထက်ထပ်တင်ရန် မလိုတော့ပါ ... မိမိတို့အတွက် မှတ်းတမ်းသည် သမိုင်းတင်ပြီးဖြစ်သွားပါပြီ ... ဂုဏ်ယူကြရပါသည်။ ယခု ရေဘေးသင့်သူများသည် အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ပြေးလာရ၍ အိမ်၌စုဆောင်းဝယ်ယူထားသမျှ ပစ္စည်းများလည်း ပျက်စီးသွားကြသည်ကများပါသည်။ အလုပ်အကိုင်တို့ ပျက်၍ ထမင်းတစ်နပ်ပင် ခက်ခဲသောအခြေအနေ၊ ဒီတစ်နပ်စားပြီး၍ နောက်တစ်နပ်ကို ဘယ်သူကျွေးမည်မှန်းမသိရသော အခြေအနေကို ရောက်ရသော်လည်း ... ၎င်းဒုက္ခသည်တို့အထဲတွင် သွားရောက်လှူဒါန်းသည့် ကျနော်တို့ထက် ပညာတတ်သောသူများ၊ မိမိတို့ထက် ယခင်ကချမ်းသာသူများ၊ မိမိတို့ထက် နိုင်ငံအပေါ်တာဝန်ကျေသူများ၊ ငွေကြေးကျန်ရှိသော်လည်း လောလောဆယ် အခက်အခဲကြုံရသူများ၊ မိမိတို့ထက် ၀င်ငွေကောင်းအောင် ကြိုးစားနိုင်သူများ စသည်ဖြင့် မိမိတို့လေးစားရမည့်သူများ မြောက်မြားစွာပါရှိပါသည်။ ဒါလေးတွေကို မျက်မြင်သတိထားခဲ့မိ၍ ရေးမိခြင်းဖြစ်ပါသည်။ ကိုယ်စိတ်နှစ်ပါးဆင်းရဲနေချိန်ဖြစ်၍ အရာရာတိုင်းအပေါ်စိတ်ထိခိုက်ခံစားလွယ်သည်ကို သတိပြုပါ။ မိမိတို့ပြောသော စကားလုံးတိုင်းကို ဂရုစိုက်ပါ။ သြဇာပေးခြင်း ကိုလုံးဝရှောင်ပါ။ (ဟိုလူတွေ သည်ဖက်စုလိုက်ဦး၊ သည်လူတွေ ဟိုဖက်လာကြဦးဆိုတာတွေ တွေ့နေရလို့ပါ။) သဘာဝဘေးကြုံတွေ့သောအခါ လိုအပ်သော အကူအညီအထောက်အပံ့နှင့် ကယ်ဆယ်မှုကို လုံလောက်သည်အထိ ရရှိရမည်မှာ နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်ပါသည်။ အထက်ပါ ရပိုင်ခွင့်များကို ပြည့်စုံလုံလောက်စွာ ပေးအပ်ရမည်မှာ အစိုးရတစ်ရပ်၏ မူရင်းတာဝန်ဖြစ်သော်လည်း ... ဖွံ့ ဖြိုးဆဲတိုင်းပြည်တစ်ခု၊ အခြေအနေဆိုးတို့မှ ရုန်းထွက်ဆဲ တိုင်းပြည်တစ်ခု၏ အစိုးရတစ်ရပ်အနေဖြင့် ဘက်ပေါင်းစုံ ပြည့်စုံကာမိအောင် မစွမ်းနိုင်သည်ကို နိုင်ငံသားတစ်ဦးအနေဖြင့် နားလည်မှုအပြည့်ရှိပါသည်။ ဒီလို သဘာဝဘေဒဏ်မျိုးကို အစိုးရချည်း နိုင်အောင်ကိုင်တွယ်စောင့်ကိုစောင့်ရှောက်ရမည်ဟု ဆိုပါလျှင် ကမ္ဘာပေါ်၌ ဘယ်နိုင်ငံမှာမှ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင် အဖွဲ့များရှိမည်မဟုတ်တော့ပါ။ တိုးတက်ချမ်းသာသောနိုင်ငံဖြစ်စေ ... ဆင်းရဲနောက်ကျသော နိုင်ငံဖြစ်စေ ဒီလိုဘေးဒဏ်မျိုးတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ပြည်သူများ၏ အကူအညီအင်အားကို ယူရသည်ချည်းဖြစ်ပါသည်။ ပြည်သူ့အကူအညီယူရ၍ အစိုးရကို ကဲ့ရဲ့စရာ မရှိပါ။ မိမိတို့ လုပ်စရာရှိသည်ကို ရိုးသားစွာ...နှိမ့်ချစွာ ... မေတ္တာစေတနာအပြည့်ဖြင့် ကူညီယုံပဲရှိပါသည်။ မိမိတို့ ထပ်မံပေါင်းထည့်ပေးရမည်မှာ ရင်ထဲကလာသော စာနာစိတ်နှင့် လေးနက်သော ကိုယ်ချင်းစာစိတ်သာဖြစ်ပါသည်။ ========== တာဝန်ကျေသူတိုင်းအား ရိုသေလေးစားမှုဖြင့် .... Nanda Htun Htet (August 6, 2015) (ကျနော်တို့ကိုယ်တိုင်လည်း ငြိမ်းချမ်းမြန်မာ လူမှုကူညီရေးအဖွဲ့ဖြင့် သုံးကြိမ်ကူညီပြီးဖြစ်ပါသည်။ ယခင်အခေါက်များထက် ပိုမိုများပြားသော အကူအညီများဖြင့် နောက်တစ်ခေါက် ကူညီနိုင်ရန်ကြိုးစားလျှက်ရှိပါသည်။) မှတ်ချက်။ ပုံပိုင်ရှင် အဆင်ပြေတာလေး ယူတင်မိတာ ခွင့်လွှတ်ပေးပါ။ ရေဘေးကူညီကြသော ညီအကိုမောင်နှမများခင်ဗျာ ... ဖြစ်နိုင်ရင် .... ရိုသေလေးစားစွာ ကူညီပါ ... အရမ်းသနားသော အမူအယာကို မပြမိပါစေနှင့် ... (မိမိရင်ထဲမှာပဲရှိပါစေ) အခြေအနေ အဆင့်အတန်းအမျိုးမျိုးမှနေ၍ မထင်မှတ်ပဲ ဘေးဒုက္ခကြုံကြရသူများဖြစ်၍ သိမ်ငယ်စရာကောင်းသော အခြေအနေမျိုးကို နှစ်လိုကြမည်မဟုတ်ပါ ... ပစ္စည်းများ ဝေငှကြသောအခါ တန်းမစီကြရပါစေနှင့် ... အဆင်ပြေသလို... သက်သာသလိုနေကြပါစေ ... မိမိတို့ကသာ အဆင်ပြေအောင် လူစေ့အောင် လိုက်လံပေးဝေငှပါ ... လှူဒါန်းပွဲ အခမ်းအနားများကြီးကြီးကျယ်ကျယ်လုပ်၍ ဘေးဒုက္ခကြုံရသူများကို လာတက်ခိုင်းခြင်း၊ လာထိုင်ခိုင်းခြင်း၊ အလှူ လက်ခံခိုင်းခြင်းစသော ချဲ့ကားသော ကိစ္စများကို တတ်နိုင်သမျှရှောင်ပါ ... လှူဒါန်းမှုပုံရိပ်များကို မြောက်များစွာ ဓာတ်ပုံရိုက်ယူနေခြင်းများလည်း ရှောင်ပါ ... (ပေး၍ယူရသော၊ မတတ်သာ၍ ယူမှဖြစ်မည့်အခြေအနေသို့ရောက်၍ ကျေးဇူးတင်စွာ လက်ခံယူကြသော်လည်း ဓာတ်ပုံများရိုက်ယူခြင်းကို ရှက်ရွံ့ သော ... စိတ်တို့ကို လက်တွေ့မြင်ခဲ့သောကြောင့်ဖြစ်ပါသည်။ ကျနော်ဆိုလျှင်လည်း ရှက်၍ တန်းစီယူဖို့ အတော်အားမွေးရပါလိမ့်မည်။) သွားရောက်ထောက်ပံ့ကြသည့် ညီအကိုမောင်နှမများအတွက် နိုင်ငံသားတစ်ယောက်နှင့် လူသားတစ်ယောက်၏ တာဝန်ကျေပြီးဖြစ်ပါသည်။ မိမိသမိုင်းကို မိမိရေးပြီးဖြစ်ပါသည်။ ဘာမှတ်တမ်းမှ လိုသည်ထက်ထပ်တင်ရန် မလိုတော့ပါ ... မိမိတို့အတွက် မှတ်းတမ်းသည် သမိုင်းတင်ပြီးဖြစ်သွားပါပြီ ... ဂုဏ်ယူကြရပါသည်။ ယခု ရေဘေးသင့်သူများသည် အ၀တ်တစ်ထည်ကိုယ်တစ်ခုဖြင့် ပြေးလာရ၍ အိမ်၌စုဆောင်းဝယ်ယူထားသမျှ ပစ္စည်းများလည်း ပျက်စီးသွားကြသည်ကများပါသည်။ အလုပ်အကိုင်တို့ ပျက်၍ ထမင်းတစ်နပ်ပင် ခက်ခဲသောအခြေအနေ၊ ဒီတစ်နပ်စားပြီး၍ နောက်တစ်နပ်ကို ဘယ်သူကျွေးမည်မှန်းမသိရသော အခြေအနေကို ရောက်ရသော်လည်း ... ၎င်းဒုက္ခသည်တို့အထဲတွင် သွားရောက်လှူဒါန်းသည့် ကျနော်တို့ထက် ပညာတတ်သောသူများ၊ မိမိတို့ထက် ယခင်ကချမ်းသာသူများ၊ မိမိတို့ထက် နိုင်ငံအပေါ်တာဝန်ကျေသူများ၊ ငွေကြေးကျန်ရှိသော်လည်း လောလောဆယ် အခက်အခဲကြုံရသူများ၊ မိမိတို့ထက် ၀င်ငွေကောင်းအောင် ကြိုးစားနိုင်သူများ စသည်ဖြင့် မိမိတို့လေးစားရမည့်သူများ မြောက်မြားစွာပါရှိပါသည်။ ဒါလေးတွေကို မျက်မြင်သတိထားခဲ့မိ၍ ရေးမိခြင်းဖြစ်ပါသည်။ ကိုယ်စိတ်နှစ်ပါးဆင်းရဲနေချိန်ဖြစ်၍ အရာရာတိုင်းအပေါ်စိတ်ထိခိုက်ခံစားလွယ်သည်ကို သတိပြုပါ။ မိမိတို့ပြောသော စကားလုံးတိုင်းကို ဂရုစိုက်ပါ။ သြဇာပေးခြင်း ကိုလုံးဝရှောင်ပါ။ (ဟိုလူတွေ သည်ဖက်စုလိုက်ဦး၊ သည်လူတွေ ဟိုဖက်လာကြဦးဆိုတာတွေ တွေ့နေရလို့ပါ။) သဘာဝဘေးကြုံတွေ့သောအခါ လိုအပ်သော အကူအညီအထောက်အပံ့နှင့် ကယ်ဆယ်မှုကို လုံလောက်သည်အထိ ရရှိရမည်မှာ နိုင်ငံသားတိုင်း၏ အခွင့်အရေးဖြစ်ပါသည်။ အထက်ပါ ရပိုင်ခွင့်များကို ပြည့်စုံလုံလောက်စွာ ပေးအပ်ရမည်မှာ အစိုးရတစ်ရပ်၏ မူရင်းတာဝန်ဖြစ်သော်လည်း ... ဖွံ့ ဖြိုးဆဲတိုင်းပြည်တစ်ခု၊ အခြေအနေဆိုးတို့မှ ရုန်းထွက်ဆဲ တိုင်းပြည်တစ်ခု၏ အစိုးရတစ်ရပ်အနေဖြင့် ဘက်ပေါင်းစုံ ပြည့်စုံကာမိအောင် မစွမ်းနိုင်သည်ကို နိုင်ငံသားတစ်ဦးအနေဖြင့် နားလည်မှုအပြည့်ရှိပါသည်။ ဒီလို သဘာဝဘေဒဏ်မျိုးကို အစိုးရချည်း နိုင်အောင်ကိုင်တွယ်စောင့်ကိုစောင့်ရှောက်ရမည်ဟု ဆိုပါလျှင် ကမ္ဘာပေါ်၌ ဘယ်နိုင်ငံမှာမှ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင် အဖွဲ့များရှိမည်မဟုတ်တော့ပါ။ တိုးတက်ချမ်းသာသောနိုင်ငံဖြစ်စေ ... ဆင်းရဲနောက်ကျသော နိုင်ငံဖြစ်စေ ဒီလိုဘေးဒဏ်မျိုးတွင် အရပ်ဘက် အဖွဲ့အစည်းများ၊ပြည်သူများ၏ အကူအညီအင်အားကို ယူရသည်ချည်းဖြစ်ပါသည်။ ပြည်သူ့အကူအညီယူရ၍ အစိုးရကို ကဲ့ရဲ့စရာ မရှိပါ။ မိမိတို့ လုပ်စရာရှိသည်ကို ရိုးသားစွာ...နှိမ့်ချစွာ ... မေတ္တာစေတနာအပြည့်ဖြင့် ကူညီယုံပဲရှိပါသည်။ မိမိတို့ ထပ်မံပေါင်းထည့်ပေးရမည်မှာ ရင်ထဲကလာသော စာနာစိတ်နှင့် လေးနက်သော ကိုယ်ချင်းစာစိတ်သာဖြစ်ပါသည်။ ========== တာဝန်ကျေသူတိုင်းအား ရိုသေလေးစားမှုဖြင့် .... Nanda Htun Htet (August 6, 2015) (ကျနော်တို့ကိုယ်တိုင်လည်း ငြိမ်းချမ်းမြန်မာ လူမှုကူညီရေးအဖွဲ့ဖြင့် သုံးကြိမ်ကူညီပြီးဖြစ်ပါသည်။ ယခင်အခေါက်များထက် ပိုမိုများပြားသော အကူအညီများဖြင့် နောက်တစ်ခေါက် ကူညီနိုင်ရန်ကြိုးစားလျှက်ရှိပါသည်။) မှတ်ချက်။ ပုံပိုင်ရှင် အဆင်ပြေတာလေး ယူတင်မိတာ ခွင့်လွှတ်ပေးပါ။

No comments: