မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, August 13, 2015
ဖဲကြိုးနက် လှုပ်ရှားသူ ဆရာဝန်များ သတ္တိရှိရင် အလုပ်ထွက် ဟု ပြည်သူများ တုံ့ပြန်

တပ်မတော်အရာရှိအချို့ကို ကျန်းမာရေးဝန်ကြီးဌာနသို့ အရာရှိငယ်များအဖြစ် ပြောင်းရွေ့ခန့်ထားမှုအား ကန့်ကွက်သည့် အနေဖြင့် ဆရာဝန်များက black ribbon campaign ဆိုပြီး ၄င်းတို့၏ facebook profile picture ကို ဖဲကြိုးနက်ပုံချိန်းပြီး ကန့်ကွက်ကြောင်း ရေးကြရာတွင် အချို့ဆရာဝန်ဆိုသူများမှာ စစ်တက္ကသိုလ် နှင့် စစ်ဆေးတက္ကသိုလ်တို့ကိုပါ ပုတ်ခတ်စော်ကားကြသည့်အပြင် ငါတို့ဆရာဝန်များသာ အတော်ဆုံးဆိုပြီး မောက်မာရိုင်းစိုင်းစွာ ရေးသားကြသည့်အတွက် ထိုဆရာဝန်များမှာ အတတ်ပညာရှိသော်လည်း အသိပညာ ချို့တဲ့သူများဖြစ်သည်ဟု ဝေဖန်ကြသည်။
Aung Myint Oo အမည်ရှိ ဖဲကြိုးနက် ပရိုဖိုင်းချိန်းထားသူတစ်ဦးက ၂၁ ရက်အထိ ခွင့်မဲ့ပျက်ကွက်၍ ရသဖြင့် သြဂုတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ ၅ ရက်တိုင်တိုင် ဆရာဝန်အားလုံး ဆေးရုံများသို့ မသွားပဲ 5 day campaign လုပ်ရန် လှုံ့ဆော်နေပြီး ၅ ရက်နှင့် မရလျှင် ၁၀ ရက်၊ ၁၀ ရက်နှင့် မရလျှင် ၁၅ ရက် ဆေးရုံ မသွားပဲ နေကြရန်ဟု ဆိုသည်။ ထိုဆရာဝန်အား လူစိတ်မရှိသူ၊ လူနာများကို ငဲ့ညှာထောက်ထားခြင်း မရှိသူ ဟု လူအများအပြားက ဝေဖန်ကြသည်။
ကိုသီဟက “မှန်ကန်တဲ့ ဖြရှင်းနည်းတစ်ခုမဟုတ်ဘူးလို့ တော့ မြင်ပါတယ်၊ ခင်ဗျားတို့ဖြစ်တဲ့ ကိစ္စကို ကိုယ်ဟာကိုရှင်းကြပါလား၊ ဆေးရုံတွေမှာဆရာဝန်တွေမရှိရင် အရင်ဆုံးဒုက္ခရာက်မှာက ပြည်သူတွေပဲ၊ လူနာတွေ အသက်ဆုံးရှုံးတဲ့အထိဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ၊ ခင်ဗျားတာဝန်ယူမလား၊ ခင်ဗျားတို့တွေဖြစ်တဲ့ကိစ္စကို ဘာလို့ပြည်သူတွေကိုဆွဲထည့်ပြီးဒုက္ခပေးချင်ရတာလဲ၊ ခင်ဗျားဒီလိုစိတ်ထားမျိုးနဲ့ ဆရာဝန်တစ်ယောက်ဘယ်လိုလုပ်မလဲ၊ ဆရာဝန်ဆိုတာအသက်ကယ်ရမှာ၊ အခုတော့ ဘာမှမဆိုင်တဲ့လူနာတွေရဲ့အသက်ကိုလုပ်ကြံတယ် ခင်ဗျားတို့ဆရာဝန်တွေဆိုတာ စိတ်ကောင်း နှလုံးကောင်းလေးထားမှပေါ့ဗျာ” ဟု ဆိုသည်။
ကိုဝင်းခိုင်က “သတ္တိရှိရင် ဖဲကြိုးနက်မနေနဲ့ အလုပ်ထွက်လေ။ ဆေးရုံနဲ့ အပြင်ဆေးခန်း ပိုက်ဆံရတဲ့နေရာမှာ များများနေ၊ ဆေးရုံကြီးကနေ အပြင်ဆေးခန်းကိုလွှဲ ဒီလို လုပ်စားနေတာ သမားတော်မဟုတ်ဘူး။ အသပြာ ဆရာဝန်တွေပဲ။ ဝေးတဲ့နေရာ ခေါင်တဲ့ဒေသဆိုရင် ရှုံ့မဲ့ပြီး မသွားနိုင် ဖြစ်နေတာ အသပြာ ဆရာဝန်တွေပဲ။ ဒါကြောင့် ဘ၀င်ရူး အသပြာဆရာဝန်တွေ သတ္တိတကယ်ရှိရင် အလုပ်ထွက်စာ တင်ကြပါ လို့ ပြောချင်တယ်။ အလုပ်လည်း မထွက်ချင် ဆန္ဒလည်း ပြချင်တော့ ဖဲကြိုးနက် ဆိုပြီး ကလေးကလား လုပ်နေတယ်။ မကျေနပ်ရင် မလုပ်နဲ့ အလုပ်က ထွက်။ မိန်းမလိုလို ဂန်ဒူးလိုလို လုပ်မနေကြနဲ့။ ငွေမမက်တဲ့ ဆရာဝန် ဘယ်နှယောက်ရှိလဲ။ ရှိတောင်မှ တယောက်နှစ်ယောက်ပဲ။ အကုန်လုံးက ငွေမြင်ရင် အမြီးနှံ့နေတာ။ ထွက်လေ။ ဒီလို ငွေမက်တဲ့ ဆရာဝန်တွေကို ငွေနဲ့ ပြပြီး ကုခိုင်းမှာပေါ့” ဟု ပြောသည်။
ကိုကျော်ဇင်ထွန်း က “ လွတ်လပ်စွာပြောဆိုခွင့်နဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့်ကို ကျွန်တော်လေးစား ပါတယ်။ အလုပ်မပျက်ဘဲ လက်မှာဖဲကြိုးချည်ထားပြီး ဆန္ဒပြလည်းရပါတယ်။ ကိုယ့်အတ္တအတွက်
လူနာ တွေရဲ့ မျက်နှာကို မကြည့်တော့ဘူးဆိုရင် ဆရာဝန်မလုပ်ပါနဲ့တော့။ တခြားအလုပ်တွေလည်း
ဝင်ငွေကောင်းတာရှိပါတယ်။ ဆရာဝန်ဆိုတာ ရန်သူကိုတောင် ကုသပေးရတယ်လို့ ကြားဖူးပါတယ်။
မာနနဲ့ နေရာ အတ္တလေးနဲ့ ဘာအလုပ်မှမလုပ်ဘဲ ဆရာဝန်အားလုံးဆန္ဒပြမယ်ဆိုတာကတော့ Educated Persons ဆိုတဲ့ စကားလုံးကို အားနာဖို့ကောင်းပါတယ်” ဟု ဆိုသည်။
ကိုထွန်းမြင့်နိုင်က “ဆရာဝန်ဖြစ်တာနဲ့ တစ်လောကလုံးမှာ ငါတို့အတော်ဆုံးဆိုပြီး ဘဝင်ရူးနေကြတဲ့ သူတွေ၊ ၁၀ တန်းမှာ ဆေးအမှတ်မှီပေမယ့် DSA အပါအဝင် တစ်ခြားတက္ကသိုလ်တွေ ရွေးချယ်သွားတဲ့သူတွေ အများကြီး၊ ပြီးတော့ ဆရာဝန်ဖြစ်တာနဲ့ပဲ လောကမှာ အအောင်မြင်ဆုံးလူဖြစ်ရောလား၊ တစ်နိုင်ငံလုံး စစ်တပ် က အုပ်ချုပ်နေတဲ့အချိန်တုန်းက အစိုးရကို ရဲရဲတောက် ဆန့်ကျင်တဲ့သူတွေထဲမှာ အဲဒီ ဆရာဝန်ဆိုတာတွေ ၁ ရာနှုန်းတောင် ပါတာမဟုတ်ဖူး။ ခုလို ချိတ်ထမီဝတ် အစိုးရခေတ်ကျမှ ရဲရဲတောက်နေလိုက်ကြတာ။ ကိုယ့်ထိ မှ နာရကောင်းမှန်းသိတဲ့သူတွေ။ ဆရာဝန်တွေ ကိုယ်တိုင်ကျတော့ ဆေးဝါးကျွမ်းကျင်တွေ၊ သူနာပြုတွေ၊ ဓာတ်ခွဲမှူးတွေ ကို ရာထူးကြီးတွေ မပေးပဲ သူတို့ပဲ ရှိသမျှ ရာထူးယူထားကြတာ၊ အတတ်ပညာသာရှိပြီး အသိပညာ ချို့တဲ့သူတွေ “ ဟု ဆိုသည်။
ဆရာဝန်များက ထိုသို့ Facebook profile picture များချိန်း၍ ဆန္ဒပြပြီး ၂ ရက်အကြာတွင် ကျန်းမာရေး ဝန်ကြီးက တပ်မတော်အရာရှိများ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့ခြင်းကို ဆိုင်းငံ့လိုက်သည်ဟု ကြေညာသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနကို ထဘီဝတ် ၀န်ကြီးဌာန ဟု လှောင်ပြောင်ကြသူများလည်း ရှိကြောင်း သိရသည်။ ဖဲကြိုးနက် လှုပ်ရှားသူ ဆရာဝန်များ သတ္တိရှိရင် အလုပ်ထွက် ဟု ပြည်သူများ တုံ့ပြန်
တပ်မတော်အရာရှိအချို့ကို ကျန်းမာရေးဝန်ကြီးဌာနသို့ အရာရှိငယ်များအဖြစ် ပြောင်းရွေ့ခန့်ထားမှုအား ကန့်ကွက်သည့် အနေဖြင့် ဆရာဝန်များက black ribbon campaign ဆိုပြီး ၄င်းတို့၏ facebook profile picture ကို ဖဲကြိုးနက်ပုံချိန်းပြီး ကန့်ကွက်ကြောင်း ရေးကြရာတွင် အချို့ဆရာဝန်ဆိုသူများမှာ စစ်တက္ကသိုလ် နှင့် စစ်ဆေးတက္ကသိုလ်တို့ကိုပါ ပုတ်ခတ်စော်ကားကြသည့်အပြင် ငါတို့ဆရာဝန်များသာ အတော်ဆုံးဆိုပြီး မောက်မာရိုင်းစိုင်းစွာ ရေးသားကြသည့်အတွက် ထိုဆရာဝန်များမှာ အတတ်ပညာရှိသော်လည်း အသိပညာ ချို့တဲ့သူများဖြစ်သည်ဟု ဝေဖန်ကြသည်။
Aung Myint Oo အမည်ရှိ ဖဲကြိုးနက် ပရိုဖိုင်းချိန်းထားသူတစ်ဦးက ၂၁ ရက်အထိ ခွင့်မဲ့ပျက်ကွက်၍ ရသဖြင့် သြဂုတ်လ ၁၇ ရက်မှ ၂၁ ရက်အထိ ၅ ရက်တိုင်တိုင် ဆရာဝန်အားလုံး ဆေးရုံများသို့ မသွားပဲ 5 day campaign လုပ်ရန် လှုံ့ဆော်နေပြီး ၅ ရက်နှင့် မရလျှင် ၁၀ ရက်၊ ၁၀ ရက်နှင့် မရလျှင် ၁၅ ရက် ဆေးရုံ မသွားပဲ နေကြရန်ဟု ဆိုသည်။ ထိုဆရာဝန်အား လူစိတ်မရှိသူ၊ လူနာများကို ငဲ့ညှာထောက်ထားခြင်း မရှိသူ ဟု လူအများအပြားက ဝေဖန်ကြသည်။
ကိုသီဟက “မှန်ကန်တဲ့ ဖြရှင်းနည်းတစ်ခုမဟုတ်ဘူးလို့ တော့ မြင်ပါတယ်၊ ခင်ဗျားတို့ဖြစ်တဲ့ ကိစ္စကို ကိုယ်ဟာကိုရှင်းကြပါလား၊ ဆေးရုံတွေမှာဆရာဝန်တွေမရှိရင် အရင်ဆုံးဒုက္ခရာက်မှာက ပြည်သူတွေပဲ၊ လူနာတွေ အသက်ဆုံးရှုံးတဲ့အထိဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ၊ ခင်ဗျားတာဝန်ယူမလား၊ ခင်ဗျားတို့တွေဖြစ်တဲ့ကိစ္စကို ဘာလို့ပြည်သူတွေကိုဆွဲထည့်ပြီးဒုက္ခပေးချင်ရတာလဲ၊ ခင်ဗျားဒီလိုစိတ်ထားမျိုးနဲ့ ဆရာဝန်တစ်ယောက်ဘယ်လိုလုပ်မလဲ၊ ဆရာဝန်ဆိုတာအသက်ကယ်ရမှာ၊ အခုတော့ ဘာမှမဆိုင်တဲ့လူနာတွေရဲ့အသက်ကိုလုပ်ကြံတယ် ခင်ဗျားတို့ဆရာဝန်တွေဆိုတာ စိတ်ကောင်း နှလုံးကောင်းလေးထားမှပေါ့ဗျာ” ဟု ဆိုသည်။
ကိုဝင်းခိုင်က “သတ္တိရှိရင် ဖဲကြိုးနက်မနေနဲ့ အလုပ်ထွက်လေ။ ဆေးရုံနဲ့ အပြင်ဆေးခန်း ပိုက်ဆံရတဲ့နေရာမှာ များများနေ၊ ဆေးရုံကြီးကနေ အပြင်ဆေးခန်းကိုလွှဲ ဒီလို လုပ်စားနေတာ သမားတော်မဟုတ်ဘူး။ အသပြာ ဆရာဝန်တွေပဲ။ ဝေးတဲ့နေရာ ခေါင်တဲ့ဒေသဆိုရင် ရှုံ့မဲ့ပြီး မသွားနိုင် ဖြစ်နေတာ အသပြာ ဆရာဝန်တွေပဲ။ ဒါကြောင့် ဘ၀င်ရူး အသပြာဆရာဝန်တွေ သတ္တိတကယ်ရှိရင် အလုပ်ထွက်စာ တင်ကြပါ လို့ ပြောချင်တယ်။ အလုပ်လည်း မထွက်ချင် ဆန္ဒလည်း ပြချင်တော့ ဖဲကြိုးနက် ဆိုပြီး ကလေးကလား လုပ်နေတယ်။ မကျေနပ်ရင် မလုပ်နဲ့ အလုပ်က ထွက်။ မိန်းမလိုလို ဂန်ဒူးလိုလို လုပ်မနေကြနဲ့။ ငွေမမက်တဲ့ ဆရာဝန် ဘယ်နှယောက်ရှိလဲ။ ရှိတောင်မှ တယောက်နှစ်ယောက်ပဲ။ အကုန်လုံးက ငွေမြင်ရင် အမြီးနှံ့နေတာ။ ထွက်လေ။ ဒီလို ငွေမက်တဲ့ ဆရာဝန်တွေကို ငွေနဲ့ ပြပြီး ကုခိုင်းမှာပေါ့” ဟု ပြောသည်။
ကိုကျော်ဇင်ထွန်း က “ လွတ်လပ်စွာပြောဆိုခွင့်နဲ့ လွတ်လပ်စွာဆန္ဒထုတ်ဖေါ်ခွင့်ကို ကျွန်တော်လေးစား ပါတယ်။ အလုပ်မပျက်ဘဲ လက်မှာဖဲကြိုးချည်ထားပြီး ဆန္ဒပြလည်းရပါတယ်။ ကိုယ့်အတ္တအတွက်
လူနာ တွေရဲ့ မျက်နှာကို မကြည့်တော့ဘူးဆိုရင် ဆရာဝန်မလုပ်ပါနဲ့တော့။ တခြားအလုပ်တွေလည်း
ဝင်ငွေကောင်းတာရှိပါတယ်။ ဆရာဝန်ဆိုတာ ရန်သူကိုတောင် ကုသပေးရတယ်လို့ ကြားဖူးပါတယ်။
မာနနဲ့ နေရာ အတ္တလေးနဲ့ ဘာအလုပ်မှမလုပ်ဘဲ ဆရာဝန်အားလုံးဆန္ဒပြမယ်ဆိုတာကတော့ Educated Persons ဆိုတဲ့ စကားလုံးကို အားနာဖို့ကောင်းပါတယ်” ဟု ဆိုသည်။
ကိုထွန်းမြင့်နိုင်က “ဆရာဝန်ဖြစ်တာနဲ့ တစ်လောကလုံးမှာ ငါတို့အတော်ဆုံးဆိုပြီး ဘဝင်ရူးနေကြတဲ့ သူတွေ၊ ၁၀ တန်းမှာ ဆေးအမှတ်မှီပေမယ့် DSA အပါအဝင် တစ်ခြားတက္ကသိုလ်တွေ ရွေးချယ်သွားတဲ့သူတွေ အများကြီး၊ ပြီးတော့ ဆရာဝန်ဖြစ်တာနဲ့ပဲ လောကမှာ အအောင်မြင်ဆုံးလူဖြစ်ရောလား၊ တစ်နိုင်ငံလုံး စစ်တပ် က အုပ်ချုပ်နေတဲ့အချိန်တုန်းက အစိုးရကို ရဲရဲတောက် ဆန့်ကျင်တဲ့သူတွေထဲမှာ အဲဒီ ဆရာဝန်ဆိုတာတွေ ၁ ရာနှုန်းတောင် ပါတာမဟုတ်ဖူး။ ခုလို ချိတ်ထမီဝတ် အစိုးရခေတ်ကျမှ ရဲရဲတောက်နေလိုက်ကြတာ။ ကိုယ့်ထိ မှ နာရကောင်းမှန်းသိတဲ့သူတွေ။ ဆရာဝန်တွေ ကိုယ်တိုင်ကျတော့ ဆေးဝါးကျွမ်းကျင်တွေ၊ သူနာပြုတွေ၊ ဓာတ်ခွဲမှူးတွေ ကို ရာထူးကြီးတွေ မပေးပဲ သူတို့ပဲ ရှိသမျှ ရာထူးယူထားကြတာ၊ အတတ်ပညာသာရှိပြီး အသိပညာ ချို့တဲ့သူတွေ “ ဟု ဆိုသည်။
ဆရာဝန်များက ထိုသို့ Facebook profile picture များချိန်း၍ ဆန္ဒပြပြီး ၂ ရက်အကြာတွင် ကျန်းမာရေး ဝန်ကြီးက တပ်မတော်အရာရှိများ ကျန်းမာရေးဝန်ကြီးဌာနသို့ ပြောင်းရွေ့ခြင်းကို ဆိုင်းငံ့လိုက်သည်ဟု ကြေညာသည့်အတွက် ကျန်းမာရေးဝန်ကြီးဌာနကို ထဘီဝတ် ၀န်ကြီးဌာန ဟု လှောင်ပြောင်ကြသူများလည်း ရှိကြောင်း သိရသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment