Thursday, August 13, 2015

ဦးဌေးဦး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် လွှဲပြောင်းတာဝန်ယူဟု ကနဦးသတင်းရရှိ"

BREAKING News >>> " ဦးဌေးဦး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌအဖြစ် လွှဲပြောင်းတာဝန်ယူဟု ကနဦးသတင်းရရှိ" ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် အထွေထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်းတို့အပါအဝင် ပါတီထိပ်ပိုင်းခေါင်း ဆောင်အချို့ကို ရာထူးမှဖယ်ရှားလိုက်ပြီး ဥက္ကဋ္ဌသစ်အဖြစ် ဦးဌေးဦးက လွှဲပြောင်းတာဝန်ယူလိုက်ပြီဖြစ်ကြောင်း ပါတီနှင့်နီးစပ်သူများထံမှ ကနဦးသတင်းရရှိသည်။ ယမန်နေ့ညမှစတင်၍ လုံခြုံရေးတင်းကျပ်စွာချထားသော ပြည်ခိုင်ဖြိုးပါတီရုံးချုပ်တွင် ယနေ့နံနက်က အစည်းအဝေးပြုလုပ်နေပြီး ပါတီခေါင်းဆောင်ပိုင်းနေရာများ ပြန်လည်ဖွဲ့စည်းမှုပြုလုပ်နေသည်ဟု ပါတီနှင့်နီးစပ်သူများက ပြောသည်။ သတင်းထောက်များအပါအဝင် အပြင်မှလူများကို ပါတီရုံးချုပ်အတွင်းသို့ ဝင်ခွင့်မပြုသေးကြောင်း ပါတီရုံးချုပ်ရှေ့သို့ရောက်နေသော 7Day Daily သတင်းထောက်က ပြောသည်။ ပြန်ကြားရေးပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်ကလည်း ပါတီတွင် ခေါင်းဆောင်ပိုင်းနေရာများ ပြန်လည်ဖွဲ့စည်းမှုပြုလုပ်နေသည်ဟု သိရကြောင်း ဘီဘီစီမြန်မာပိုင်းသတင်းဌာနသို့ ယနေ့နံနက်တွင် ဖြေဆိုထားသည်။ ပါတီဥက္ကဋ္ဌသစ်အဖြစ် ဦးဌေးဦး၊ အထွေထွေအတွင်းရေးမှူးအဖြစ် ယမန်နေ့က ပြည်ထောင်စုဝန်ကြီးအဖြစ်မှ အနားယူခဲ့သော ဦးတင်နိုင်သိန်း စသည့်ပုဂ္ဂိုလ်များဖြင့် ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေသည်။ 7Day News Journal 10 mins · Edited ·

No comments: