Monday, December 5, 2016

ကသာမြို့၊လမ်းခွကျေးရွာမောင်းတံဂိတ်၌စိတ်ကြွရူးသွပ်ဆေးပြား ၁၀၀၀၀ပြားဖမ်းမိ ********************************


စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့
နယ်၊လမ်းခွကျေးရွာရှိ လမ်းအသုံး
ပြုခကောက်ခံရေးဂိတ်တွင်၎.၁၁.
၂၀၁၆နေ့၊ကစိတ်ကြွရူးသွပ်ဆေး
ပြား၁၀၀၀၀(တစ်သောင်း)ဖမ်းမိခဲ့
ကြောင်းသိရသည်။
ဖြစ်စဉ်မှာမူးယစ်ဆေးဝါးတားဆီး
နှိမ်နှင်းရေးတပ်ဖွဲ့စု(၆)မှဒုရဲမှူး
မြင့်နိုင်ဦး ဦးစီးပြီးရဲတပ်ကြပ်ကြီး
အောင်ဇော်လတ်၊ရဲတပ်ကြပ်ကြီး
ခင်မောင်စိုး၊ရဲ ဒုတပ်ကြပ်စိုးနောင်၊
ရဲဒုတပ်ကြပ်ကျော်စိုးလင်း၊ရဲဒုတပ်
ကြပ်မျိုးကိုကို တို့သည်သက်သေ
များဖြစ်ကြသောလမ်းခွကျေးရွာအုပ်
စုအုပ်ချုပ်ရေးမှူးဦးစောအောင်နှင့်
ရပ်ကွက်၅နေဦးကျော်သူရတို့နှင့်
မူးယစ်ဆေးဝါးသတင်းအရလမ်းခွ
ကျေးရွာ၊လမ်းအသုံးပြုခကောက်ခံ
ရေးဂိတ်တွင်စောင့်ဆိုင်းနေခဲ့
ဲ့ကြောင်းသိရသည်။နေ့လည်၂နာရီ
၃၀မိနစ်အချိန်တွင်ကသာ၊အင်းတော်
ကားလမ်းတစ်လျှောက်ကသာမြို့
ဘက်မှအင်းတော်မြို့ဘက်သို့မောင်း
နှင်လာသောအနက်ရောင်Kenbo
125ဆိုင်ကယ်အားရပ်တန့်စစ်ဆေး
ရာမောင်းနှင်လာသူမှာစည်သူအောင်
ခေါ် မောင်မောင်၂၃နှစ်၊ဗန်းမောက်
မြို့ဖြစ်ပြီးဆိုင်ကယ်ဒူးကာနှစ်ဘက်
အတွင်းသိုဝှက်သယ်ဆောင်လာ
သောWYစာတန်းပါပန်းရောင်စိတ်ကြွ
ရူးသွပ်ဆေးပြား၂၀၀ပြားစီပါ၊အထုပ်
၅၀၊(စုစုပေါင်းဆေးပြား၁၀၀၀၀)အား
သက်သေများနှင့်အတူရှာဖွေဖမ်းဆီး
မိခဲ့ကြောင်းသိရသည်။
စိတ်ကြွဆေးပြားများလက်ဝယ်ဖမ်း
မိသူစည်သူအောင်(ခ)မောင်မောင်
လွှစင်ကုန်းရပ်ကွက်၊ဗန်းမောက်မြို့
အားကသာမြို့မရဲစခန်းမှမယ(ပ)
၄၈/၂၀၁၆၊ပုဒ်မ၁၅/၁၉(က)အရ
အမှုဖွင့်အရေးယူထားပြီးအမှုစစ်
အဖြစ်ဒုရဲအုပ်ရဲတင့်မှဆောင်ရွက်
နေကြောင်းသိရသည်။

No comments: