ရန်ကုန်
ရခိုင်ပြည်နယ်ဘက်မှ ပဋိပက္ခများသည် တိုင်းရင်းသား အရေးကိစ္စမဟုတ်ဘဲ အကြောင်းအမျိုးမျိုးနှင့် ဝင်ရောက်လာသော ဘင်္ဂါလီများကြောင့် ဖြစ်ပေါ်နေသည့် ပဋိပက္ခသာဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင်က ပြောသည်။
နိုဝင်ဘာ ၉ ရက်က Political and Security Committee မှ တောင်းဆိုချက်အရ ဥ ရောပကောင်စီ ustus Cipsius Building ရှိ အစည်းအဝေးခန်းမ ၌ ဥရောပသမဂ္ဂ နိုင်ငံရေးနှင့် လုံခြုံ ရေးကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ရခိုင်ပြည်နယ်ဘက်တွင် နှစ်ရှည်လများ ဖြစ်ပွားနေသော ပဋိပက္ခများအပေါ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက် ခြင်းဖြစ်သည်။ ထို့ အပြင် ပဋိပက္ခများ ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးသူများကို လက်နက်ကိုင် အဖွဲ့အစည်းများက လူသားတံတိုင်းအဖြစ် အသုံးချနေမှုများကို ရပ်တန့်ရန်နှင့် ၎င်းတို့အား ကိုယ့်နယ်မြေ၊ ကိုယ့် ကျေးရွာများသို့ အမြန် ဆုံး ပြန်အ ခြေချနိုင်ရေး တပ်မတော်က ကူညီ ပေးနေသည်ဟု ၎င်းက ပြောဆိုခဲ့ ကြောင်း သိရသည်။
ပြည်သူများရွေးချယ် သော ပါတီစုံဒီမိုကရေစီလမ်းကြောင်းကိုလည်း တပ်မတော်က ခိုင်မာအောင် ထိန်းသိမ်းပေးခဲ့တာ ယခုဆိုလျှင် သက်တမ်းနှစ်ခုရှိနေပြီဖြစ်ကြောင်း၊ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက် လာသော ပြည်တွင်းစစ်ပွဲများကိုလည်း ချုပ်ငြိမ်းရေးအတွက် အစိုးရအစဉ်အဆက် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ပြီး ၂ဝ၁၅ ခုနှစ် တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းရှစ်ဖွဲ့နှင့် NCA လက် မှတ်ရေး ထိုးနိုင်ခဲ့ကြောင်း၊ ယင်းအ ပြင် လက်ရှိသွားနေသည်မှာလည်း ပါတီစုံဒီမိုကရေစီစနစ် ဖြစ်သော ကြောင့် နိုင်ငံရေးသဘောထား ကွဲလွဲမှုများကို နိုင်ငံရေးအရသာ ဆွေး နွေး ညှိနှိုင်းအဖြေရှာရမှာဖြစ်ပြီး လက်နက်စွဲ ကိုင်ပြီး နိုင်ငံရေးအရ တောင်းဆိုနေ၍ မရကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း ၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဘယ်လ်ဂျီယံနိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးပေါ် လွင်စိန်တို့သည် ဥရောပသမဂ္ဂ စစ် ဘက်ကောင်စီ အစည်းအဝေးသို့ တက်ရောက်နေကြောင်း သိရသည်။
ညီတူး
#theflowernews
No comments:
Post a Comment