Wednesday, November 2, 2016

ဘူးသီးတောင် မောင်တော မှာ အရပ်သားတွေကို ဘာကြောင့် လက်နက်ငယ် တပ်ဆင်ပေး ရသလဲ ==============================


၃၁..၁၀..၁၆
-
ခင်ဗျာတို့ ဒီဓါတ်ပုံတွေကြည့် ရုပ်ရှင်ရိုက်နေလို့ ငိုပြနေတယ်လို့ ထင်လား
-
ပြီးခဲ့တဲ့ ၁၁ ရက်နေ့က သူတို့သား သုံးယောက် ဘင်္ဂါလီရွှာကို ဖြတ်ပြီး ရွှာ ပြန်အလာ လမ်းမှာ ပျောက်ဆုံးသွားတာ ဘာသတင်းအစနမှ ခုချိန်ထိမရဘူး ။
-
နယ်ခြားစောင့် ရဲတပ်ဖွဲ့က သတင်းအခုရတယ် ဘင်္ဂါလီကျေးရွှာ အ၀မှာ အလောင်းသုံးလောင်း ချိတ်ထားတယ်လို့  သတင်းရလို့ သွားကြည့်တာ ဘာမှလဲ မတွေ့ပြန်ဘူး ။အခုချိန်ထိလဲ နယ်ခြားစောင့်တပ်က စုံစမ်းနေဆဲဘဲ့။
-
၂၇..၂၈..၂၉ သုံးရက် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အပါအ၀င် အစိုးရအဖွဲ့ရယ် ရဲမှူးချုပ် သူရဦးစန်းလွင် ပါ ဘူးသီးတောင် မောင်တော က ဘင်္ဂါလီရွှာတွေ ကြားက ရွှာခံ တွေကို လိုက်တွေ့တော့  သားပျောက်တဲ့ မီခင်တွေက သူတို့ သားတွေရဲ့ သတင်းကို သေသလားရှင်သလား လောက်ဘဲ့ စုံစမ်းပေးဖို့
ဝန်ကြီးချုပ်ကိုရော့ အစိုးရအဖွဲ့ထဲက လူတွေကို ပါ မျက်ရည် စက်လင့်နဲ့
အခုလို အကူညီတောင်းနေတာ ဘယ်လောက်အသဲနာဖို့ ကောင်းသလဲ။
-
ရဲမှူးချုပ် သူရဦးစန်းလွင်က ရွှာသားတွေကို ပြောတယ် ဘာမှမကြောက်နဲ့ ကျနော်တို့ ရဲတပ်ဖွဲ့တွေ ကာကွယ် ပေးမယ်လို့ ပြောတော့ ကျမတို့တွေဟာ ဘင်္ဂါလီတွေလို  အလကားထမင်း ကျွှေးမဲ့သူမရှိသူ။ မနက်ဆိုတာတဲ့ အိမ်မှာ
ရှိတဲ့ ယောင်္ကျာတွေ သားတွေက အလုပ်တွေ သွားကြပြီ ကျမတို့ မိန်းမသား
တွေကြီးဘဲ့ နေရတာ မလုံခြုံဘူး ဘင်္ဂါလီရွှာဘက်ကိစ္စရှိလို့ ဖြတ်သွားရင် နယ်မြေခံ ဘင်္ဂါလီ ယောင်္ကျားတွေက လိုက်ချောင်း ကြတယ်လိုဆိုတယ်
-
ဒါတော့ ရဲမှူးချုပ် ဦးစန်းလွင်က ထပ်မေးတယ် ဒီဘင်္ဂါလီ ရွှာခံယောင်္ကျာတွေ
ရော့ အလုပ်မသွားဘူးလားမေးတော့ ရွှာသားတွေ ပြန်ဖြေတယ် သူတို့တွေက အလုပ်လုပ်စရာမလိုဘူး ဆန် ဆီ စားစရာတွေ အားလုံးကို INGO တွေက
မပြတ် လာ ထောက်ပံ့ပေးတယ် ကျန်းမာရေးအတွက်လဲ INGO တွေက ဆေးခန်း တွေ လာဖွင့်ပေးတာတယ်လို့ ဆိုပါတယ်
-
အဲဒီတော့မှ လက်ရှိ ရဲမှူးချုပ် ( အသစ် ) သူရဦးစန်းလွင် တော်တော် သူဘောပေါက်ပုံ ရသွာပြီး  ရွှာခံတွေနဲ့ ဆက်တွေတော့ ခင်ဗျာတို့ ကိုယ့်ရေကိုယ်မြေ ပစ်ပြီး ပြေးစရာမလိုဘူးလို့ ပြောတော့ ရွှာခံတွေက
ကျနော်တို့ တွေကလဲ ရွှာပစ်ပြီး မပြေးချင်ပါဘူး
-
ကျနော်တို့ မှာ ကိုယ့်အသက်ကို ကာကွယ်ဖို့ ဆိုရင် အိမ်က ထင်းခုတ်နေတဲ့ ဓါးကလွဲပြီး ဘာမှမရှိပါဘူး ဆရာလို့ ပြန်ပြောတော့
-
ခင်ဗျာ တို့ သင်တန်းတက်ရမယ်  သေနတ်ထုတ်ပေးမယ် ကိုယ့်ရွှာကိုယ် ကာကွယ်ကြလို့ ရဲမှူးချုပ်  သူရဦးစန်းလွင်က ပြောပါတယ်။
============
ဧပရယ်မောင်မောင်

No comments: