သွေးတိုးနေခြင်းကို ဆေးဝါးမလိုဘဲ ဖြေရှင်းနိုင်မည့် နည်းလမ်း များကို ဖော်ပြပေးလိုက်ပါသည်။
သီတင်းတစ်ပတ်လျှင် တစ်ကြိမ်အနည်းဆုံးပြေးပါ။ ပြေးလွှား ခြင်းကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာရရှိနိုင်ပြီး အောက်ဆီဂျင်ရရှိမှုကို တိုးတက်စေကာ သွေးပေါင်ကျစေသည်။ သို့သော်မည်သည့်ကိုယ်လက်လှုပ်ရှားမှုကိုမဆို ပြုလုပ်နိုင်ပြီး နှလုံးက များစွာအားမစိုက်ရဘဲ သွေးများပိုမိုထုတ်လွှတ်နိုင်ကာ သွေးကြောများအပေါ် ဖိအားမများစေဘဲ နှလုံးကိုအားကောင်းလာစေနိုင်သဖြင့် သွေးတိုးကျစေနိုင်သည်။
နေ့စဉ် ဒိန်ချဉ်အနည်းငယ် စားပေးခြင်းဖြင့်လည်း သွေးတိုးရောဂါဖြစ်လာနိုင်သည့် အန္တရာယ်များကို လျော့ကျစေသည်။ သဘာဝအတိုင်း ဖြစ်ပေါ်လာသော ကယ်လ်ဆီယမ်ဓာတ်က သွေးကြောများကို အားကောင်းလာစေနိုင်ပြီး သွေးတိုးကျစေနိုင်သည်။
ငှက်ပျောသီးကဲ့သို့ ပိုတက်ဆီယမ်ကြွယ်ဝသော အစားအစာ များစားသုံးခြင်းဖြင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်မည် ဖြစ်သည်
No comments:
Post a Comment