မကွေးတိုင်းဒေသကြီး တွင် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အ တွင်း လမ်းတံတားဆောက်လုပ် ရေးမှ ကျပ် ၁၀ ဒသမ ၂၇ ဘီလီယံပိုလျှံငွေရရှိကြောင်း မကွေးတိုင်း ဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ပြောကြားသည်။
နိုဝင်ဘာ ၇ ရက်၌ ကျင်း ပသည့် ဒုတိယအကြိမ် မကွေး တိုင်းဒေသကြီးလွှတ်တော် အထူး အစည်းအဝေးပထမနေ့တွင် ၀န်ကြီးချုပ်ဒေါက်တာ အောင်မိုးညိုက ပြောကြားခြင်းဖြစ်သည်။
‘‘၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လမ်းတံတားဆောက်လုပ်ရေးက နေပြီးတော့ ပိုလျှံတာ ကျပ်ငွေ ၁၀ ဒသမ ၂၇ ဘီလီယံရှိပါတယ်။
ကျပ်သန်းပေါင်း တစ်သောင်း ကျော်ပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီး ပိုလျှံလာတာက ဆောက်လုပ် ရေး လုပ်ငန်းတွေမှာ စီမံကိန်းရဲ့ အ ရွယ်အစားသော်လည်းကောင်း၊ စီမံချက်အရေအတွက် ပမာဏကို သော်လည်းကောင်း လျှော့ချဖြတ် တောက်ခြင်းမရှိဘဲနဲ့ ပိုလျှံလာတဲ့ ငွေပမာဏဖြစ်ပါတယ်’’ဟု ၀န် ကြီးချုပ်ကပြောသည်။
ယင်းကဲ့သို့ ပိုလျှံငွေရရှိ လာခြင်းသည် လမ်း၊ တံတားစီမံ ကိန်းတင်ဒါစနစ်များ၊ လမ်းခင်း ကျောက်၊ ကတ္တရာစေးစသည့် အသုံးပြုပစ္စည်းများပေါ်တွင် မှန် မှန်ကန်ကန်စိစစ်လုပ်ဆောင်ခဲ့ ခြင်းကြောင့်ဟု ၎င်းကဆိုသည်။
‘‘ပိုတဲ့ ငွေတွေကိုလည်း ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သုံးမယ်။ ပြည်ထောင်စုဘတ် ဂျက်မှာ မပါသေးတဲ့ လမ်းပိုင်း၊ တံတားပိုင်းတွေမှာ အသုံးပြုသွား မယ်’’ ဟု ၀န်ကြီးချုပ်က ပြော ကြားသည်။
ထို့အပြင် မကွေးတိုင်းလွှတ် တော်တွင် အဆိုတင်သွင်းခဲ့ပြီး အောင်မြင်ခဲ့သော အဆိုများကို လည်း အကောင်အထည်ဖော်ပူးပေါင်းဆောင်ရွက်လျက် ရှိ ကြောင်း၊ သို့သော် အဆိုအားလုံး အတွက် ဘဏ္ဍာရေးအခြေအနေ နှင့် အရင်းအမြစ်ကန့်သတ်ချက် များရှိနေခြင်းကြောင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ကိုယ့်စွမ်း ဉာဏ်စွမ်းရှိသရွေ့ အကောင်အ ထည်ဖော်လုပ်ဆောင်မည်ဖြစ် ကြောင်း ၀န်ကြီးချုပ်က လွှတ် တော်သို့ ပြောကြားသည်။
ထို့နောက် ပိုလျှံငွေများကို ဆက်လက်အသုံးပြုမည့် မကွေး တိုင်း ၂၅ မြို့နယ်အတွင်းရှိ လမ်း တံတားစီမံကိန်းများ၏ အသေး စိတ်အချက်အလက်နှင့် ဘဏ္ဍာ ငွေများကိုလည်း မကွေးတိုင်း ဆောက်လုပ်ရေးဝန်ကြီး ဦးတင် နွယ်ဦးက လွှတ်တော်သို့ တင်ပြခဲ့ သည်။
No comments:
Post a Comment