5-11-2016
ထိုင်းနိုင်ငံ ဘန်ကောက်မြို့  ကီလို ၇ လမ်းမကြီးဘေးက ဓါတ်ဆီဆိုင် အတွင်း မှာ ယနေ့ မနက် (၃) နာရီကစပြီး ရပ်ထားတဲ့ အငှားကားတစ်စီးအတွင်း ယာဉ်မောင်း နဲ့ အမျိုးသမီး သုံးဦး သေဆုံးသွားခဲ့တယ်လို့  လူမှုကယ်ဆယ်ရေးအဖွဲ့ တွေကပြောပါတယ်။
မနက်(၈) နာရီမှ ဆိုင်ဝန်ထမ်းတွေက ကားတွင်းမှာသေဆုံး နေတာ သိသွားပြီး ရဲကိုအကြောင်းကြားခဲ့ပါတယ်၊မနက်(၃)နာရီ နိုက်ကလပ်ကအပြန်မှာ ကား ရပ်ပြီး စက်ဖွင့် အိပ်ခဲ့ကြတယ်လို့ သိရ ပါတယ်။
သေဆုံးတဲ့ သူတွေဟာ အိပ်ပျော်သွားခဲ့ တဲ့ အချိန် မှာ အသက်ရူကြပ်လာခဲ့ရာ ကအရက်မူး နေကြတာဖြစ်လို့ ကားအပြင် မထွက်နိုင် တော့ဘဲ အိပ်ပျော်နေ တဲ့ အတိုင်း သတိမေ့မျောပြီး သေဆုံးသွားခဲ့ရတာပါ။
အချိန်ကြာရပ်ပြီး ဖွင့်ထားတဲ့ ကားတွင်းက လေအေးစက်ရဲ့  ဓါတ်ငွေ့ ဟာ လူကိုအန္တရယ်ပေးခဲ့တာဖြစ်ပါတယ်။
(SAW)
FM91 @ fm91trafficpro. Twitter
Social Action for Women - SAW



No comments:
Post a Comment