Thursday, September 1, 2016

ဖားကန့်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး မြို့ပေါ်ရပ်ကွက်များ ရေကြီးနစ်မြုပ်နေကြောင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။








သြဂုတ် ၃၁ ရက်ညက ဖားကန့်ဒေသတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြို့ပေါ်ရပ်ကွက်ငါးခု ရှိသည့်အနက် မှော်ဝမ်းရပ်ကွက်မှလွဲ၍ ကျန်ရပ်ကွက် လေးခုဖြစ်သော မြို့မ၊ မရှီကထောင်၊ ငှက်ပျောတောနှင့် အေးမြသာယာရပ်ကွက်တို့၌ ရေကြီးနစ်မြုပ်နေခြင်း ကချင်ပြည်နယ်ရဲတပ်ဖွဲ့ရဲမှူးကြီး ထွန်းဦးက ပြောသည်။

ရေဘေးလွတ်ရာနေရာများသို့ ယာယီပြောင်းရွှေ့နေထိုင်ကြရသူများကို ဒေသတွင်းလူမှုရေး အဖွဲ့အစည်းများက ထမင်းထုပ်များ လိုက်လံဝေငှနေကြကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။

လတ်တလောအခြေအနေအရ ကချင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးနိုင်သောကြောင့် တောင်ကျရေအန္တရာယ်နှင့် ရေကြီးနစ်မြုပ်မှုဘေး သတိထားရန် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

ဓာတ်ပုံ - ဇော်ရဲ

No comments: