AIR
KBZ လေကြောင်းလိုင်းသည် ပြည်တွင်းပြည်ပ လေယာဉ်ခရီးစဉ်များ
တိုးချဲ့ပျံသန်းနိုင်ရန်အတွက် အသစ်ထပ်မံဝယ်ယူသော ATR 72-600 အမျိုးအစား
လေယာဉ်အမှတ် XY-AMF(MSN 1333) သည် ပြင်သစ်နိုင်ငံမှတဆင့် Ferry Flight
ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ စက်တင်ဘာလ ၁ ရက်နေ့တွင်
ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ လေယာဉ်ကို လာမည့် နိုဝင်ဘာလ ၂ ရက်မှစတင်၍ အရှေ့တောင်အာရှဒေသတွင်း
ပြည်ပခရီးစဉ်
တစ်ခုအဖြစ် ရန်ကုန်- ချင်းမိုင်- ရန်ကုန် ခရီးစဉ်အား တစ်ပတ်လျှင် (၃)ရက်
ပျံသန်းပြေးဆွဲပေးနိုင်ရန် စီစဉ်လျက် ရှိကြောင်း သိရသည်။
ယခုရောက်ရှိလာသည့်
လေယာဉ်သည် ATR-72-600(72-212A) အမျိုးအစားဖြစ်ပြီး Construction Numbe
r(MSN) 1333 ဖြစ်ကာ Nordic Aviation ကုမ္ပဏီမှ လွှဲပြောင်းရယူ၍ Azur Aviation
ကုမ္ပဏီမှ Ferry Flight အဖြစ် မြန်မာနိုင်ငံသို့ ယူဆောင်ပေး ခဲ့ကြောင်း
သိရသည်။
AIR
KBZ လေကြောင်းလိုင်း သည် ယခုအသစ်ရောက်ရှိသော ATR 72-600 လေယာဉ်
(၁)စင်းအပါအ၀င် ATR 72-600 (၅)စင်း, ATR 72-500 (၃)စင်း စုစုပေါင်းလေယာဉ်
(၈)စင်းဖြင့် ပြည်တွင်း ခရီးစဉ်များအား ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်
အခြေပြု၍ မန္တလေး၊ မြစ်ကြီးနား၊ ညောင်ဦး၊ ကလေး၊ ဟဲဟိုး၊ လားရှိုး၊
တာချီလိတ်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ သံတွဲ၊ စစ်တွေ၊ နေပြည်တော်၊
လွိုင်ကော် မြို့များသို့ နေ့စဉ်ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။
ဝသန်
The Ladies News
No comments:
Post a Comment