Monday, September 26, 2016

အပ်ကုန်စနစ်ဖြင့် တင်သွင်းလာသည့် ယာဉ်များအားလုံး ဒီဇင်ဘာ နောက်ဆုံးထား၍ မှတ်ပုံတင်ရမည်

၂၀၁၅ တွင် အပ်ကုန် စနစ် (Consignment)ဖြင့် တင် သွင်းလာသော ယာဉ်များအားလုံး ၂၀၁၆ ဒီဇင်ဘာတွင် နောက်ဆုံး ထားပြီး မော်တော်ယာဉ်မှတ်ပုံ တင် ပြုလုပ်ရမည်ဖြစ်ကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ် ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ် ငန်းရှင်များအသင်း (MAMDA)မှ သတင်းရရှိသည်။

၂၀၁၅ နှင့် ၂၀၁၅ မတိုင်မီ တင်သွင်းထားသော ယာဉ်များ အားလုံးသည် ၂၀၁၆ ဒီဇင်ဘာ တွင် မှတ်ပုံတင်ခြင်းကိစ္စများ မပြီး စီးပါက ယာဉ်မှတ်ပုံတင်ခွင့်ရရှိ မည်မဟုတ်ကြောင်း အထက်ပါ အသင်း ဒုဥက္ကဋ္ဌ ကိုကြည်သာဟန် က ပြောသည်။

‘‘Consignment ကားတွေ က တင်သွင်းလာတဲ့ အချိန်ကစ ပြီး ဝယ်ယူသူ အမည်ပေါက်လုပ် ပြီး နံပါတ်ယူတဲ့အထိ ဒဏ်ကြေး ဆိုတာမရှိဘူး။ ယာဉ်အိုယာဉ် ဟောင်းအပ်ပြီး သွင်းလာတဲ့ကား နဲ့ တစ်နိုင်တစ်ပိုင်တင်သွင်းလာ တဲ့ ကားတွေက ဆိပ်ကမ်းထဲက ထုတ်လာတာနဲ့ ကညနမှာ နံပါတ် မယူရင် နေ့စဉ် ဒဏ်ကြေးပေး ဆောင်ရတယ်။ ဒါကြောင့် ဒီကား တွေကတော့ ယာဉ်မှတ်ပုံမတင် ထားတာ အတော်ရှားတယ်’’ ဟု ၎င်းက ပြောသည်။

 လက်ရှိ  Consignment ယာဉ်များသည် ၂၀၁၆ ဒီဇင်ဘာမကုန်မီ ကညနတွင် ယာဉ်မှတ်ပုံ တင်ရမည်ဖြစ်၍ မော်တော်ယာဉ်တင်သွင်း ကြီးကြပ်ရေးကော်မတီ အနေဖြင့် ညှိနှိုင်းဆောင်ရွက်ပေး ရန်နှင့် ယာဉ်အို ယာဉ်ဟောင်း စလစ်ဈေးနှုန်းများ ကြီးမြင့်လာ ခြင်းအတွက် စလစ်မူဝါဒကို ပြင်ဆင်သတ်မှတ်၍ ဆောင်ရွက်ပေး နိုင်လျှင် စလစ်ဈေးနှုန်းကြီးမြင့်နေ ခြင်းနှင့် အရောင်းစင်တာများရှိ ၂ နှစ်နှင့်အထက်ကားများ ကညနတွင် မော်တော်ယာဉ်မှတ်ပုံတင် ခြင်းကိစ္စရပ်များ လွယ်ကူအဆင် ပြေသွားနိုင်ကြောင်း စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးထံ တင်ပြထားသည်ဟု ဆိုသည်။

‘‘Consignment နဲ့ တင် သွင်းတာက အရောင်းစင်တာ တွေဆိုပေမယ့် တချို့အရောင်း စင်တာတွေဆို ဖျက်သိမ်းခွင့်တင် ထားတယ်။ ဒီစင်တာတွေကနေ တစ်ဆင့် ရောင်းချလိုက်တဲ့ကား တွေက ပြင်ပကား အရောင်းအ ဝယ်ဈေးကွက်တွေမှာ ရှိနေတယ်။ ဒါကြောင့် Consignment နဲ့ တင် သွင်းတာဖြစ်ပေမယ့် အားလုံးနဲ့ သက်ဆိုင်နေတယ်’’ဟု မော်တော် ယာဉ် တင်သွင်းရောင်းချရေးလုပ် ငန်းရှင်တစ်ဦးက ပြောသည်။

အထက်ပါ Consignment ယာဉ်များအနေဖြင့် ၂၀၁၇ ဇန်နဝါ ရီ ၁ ရက်မှစ၍ ယာဉ်မှတ်ပုံတင် ခွင့်ရရှိမည်မဟုတ်ဘဲ ၂၀၁၆ အပ် ကုန်စနစ်ဖြင့် တင်သွင်းထားသော ယာဉ်များမပါဝင်ဘဲ ယာဉ်မှတ်ပုံ တင်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။7day

No comments: