ပြည်သူများ ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးကို စိုးရိမ်နေ၊ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ရောက်ပြီး ဆေးစစ်ချက်အရ ခရီးပန်းခြင်း၊ အစာအိမ်နှင့် အရိုးကျီးပေါင်းဝေဒနာ ခံစားနေရ
စက်တင်ဘာ ၂၅ ရက်ညက ရန်ကုန်လေဆိပ်တွင် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုနေကြသူများ (ဓာတ်ပုံ - စိုင်းဇော်)
ဗြိတိန်နှင့် အမေရိကန် သို့ ၁၅ ရက်ကြာခရီးသွားရောက် ခဲ့သော နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် ယမန်နေ့ (စက်တင်ဘာ ၂၅ ရက် ) ည ၁၀ နာရီခန့်က ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ပြန်လည်ရောက်ရှိချိန်တွင် ရာပေါင်းများစွာသော ပြည်သူ များကရန်ကုန်အပြည်ပြည်ဆိုင် ရာ လေဆိပ်၌ ကြိုဆိုခဲ့ကြသော် လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နှုတ်ဆက်ခွင့်မရခဲ့ပေ။
ခရီးစဉ် ရှည်လျားခြင်းကြောင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပင်ပန်းနေ၍ အနားယူရန်လိုအပ်နေကြောင်းနှင့် ၎င်း၏ ကျန်းမာရေးအပေါ် စိတ်ပူရန်မ လိုကြောင်း သမ္မတရုံးပြောရေးဆို ခွင့်ရှိသူ ဦးဇော်ဌေးက ပြောသည်။
‘‘ခရီးစဉ်က အရမ်းရှည် တယ်။ အစည်းအဝေးတွေ ဆက် တိုက်တက်ရတယ် အဲဒါကြောင့် ပင်ပန်းပြီး အနားယူဖို့လိုတယ်။ ကျန်းမာရေး ကောင်းတယ်လို့ ပြောချင်တယ်။ ပြည်သူတွေ စိတ် မပူကြဖို့ပါ’’ဟု ဦးဇော်ဌေးက စက်တင်ဘာ ၂၅ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်က ပြောကြားသည်။
နောက်ဆုံးရရှိသောသတင်းများအရရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိပြီးနာရီပိုင်းအကြာတွင် ဆရာဝန်နှင့် ဆေးစစ်ချက်ရယူခဲ့ ရာ၌ ခရီးပင်ပန်းခြင်း၊ အစာစားချိန် မမှန်၍ အစာအိမ်ဝေဒနာ ခံစားနေရခြင်း၊ ကွန်ပျူတာအသုံး ပြုချိန်များ၍ အရိုးကျီးပေါင်း ဝေဒနာ ခံစားနေရကြောင်း ဦးဇော်ဌေးက စက်တင်ဘာ ၂၅ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့် တွင်ပြောသည်။ စိုးရိမ်စရာမရှိကြောင်းလည်း ၎င်းက ထပ်တလဲလဲပြော သည်။
သို့သော် လေယာဉ်ဆိုက်ရောက်ချိန် ၉ နာရီခွဲကျော်ကစ၍ လေဆိပ်ဆင်ဝင်အောက်ရှိ မီးများကို မှိတ်ထားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ် တန်းသည် ည ၁၀ နာရီခန့်၌ လေ ဆိပ်မှ ထွက်ခွာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်အား သတင်းထောက်များအပါအ၀င် လာ ရောက်ကြိုဆိုသော ပြည်သူများ မည်သူမျှ မြင်တွေ့ခွင့်မရလိုက်၍ ၎င်း၏ ကျန်းမာရေးကို စိုးရိမ်နေကြသည်။
ဒေါ်အောင်ဆန်းစုကြည် လိုက်ပါလာသော ယာဉ်တန်းလေဆိပ်အတွင်းမှ ထွက်လာချိန်တွင် ပြည်သူများက ‘အမေစုကျန်းမာပါစေ’ဟု ဟစ်ကြွေးခဲ့သည်။
‘‘ကျန်းမာရေးအရ အမေစု က ထွက်မတွေ့တာဖြစ်မယ်။ တွေ့မယ်လို့တော့ မျှော်လင့်ထား တာပေါ့။ ခရီးစဉ်က အရမ်းပင်ပန်း တယ်ထင်တယ်။ ကျန်းမာပါစေ လို့ ဆုတောင်းပါတယ်’’ဟု လာ ရောက်ကြိုဆိုသည့် အမျိုးသား တစ်ဦးက ပြောကြားသည်။
‘‘အရင်ကလည်း လာကြိုဖူး တယ်။ အမေက အမြဲတမ်းအမိုး ဖွင့်ပေါ်ကဖြစ်ဖြစ် လက်ဝှေ့ယမ်း နှုတ်ဆက်တာမျိုး ရှိတယ်။ အခု တစ်ကြိမ်တော့ နှုတ်ဆက်မသွား ဘူးပေါ့။ စိတ်ပူတာပေါ့’’ဟု မင်္ဂလာဒုံမြို့နယ်နေ မဟန်နီက ပြောကြားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ပြန်လာသည့် ခရီးစဉ်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး မင်းသိန်း၊ တိုင်းဒေသကြီးလွှတ် တော်ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်နာယက ဦးတင်ဦး၊ အမေရိကန်သံအမတ်ကြီး၊ဗြိတိန် သံအမတ်ကြီးတို့ လာရောက်ကြို ဆိုခဲ့ကြသည်ကို တွေ့ရသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စက်တင်ဘာ ၁၀ ရက်တွင် ရန်ကုန်မြို့မှစတင်ထွက် ခွာခဲ့ပြီး လန်ဒန်မြို့တွင် သုံးရက် ကြာနေထိုင်ကာ ထိုမှတစ်ဆင့် အမေရိကန်ပြည်ထောင်စုသို့ စက် တင်ဘာ ၁၃ရက်ည၌ ရောက်ရှိခဲ့ သည်။ စက်တင်ဘာ ၂၂ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အ ပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း များ၏ အကြီးအကဲများနှင့် တွေ့ ဆုံပြီးနောက်ပိုင်း ခရီးပင်ပန်း၍ ဆရာဝန်က အနားယူရန်အကြံ ပေးသောကြောင့် စက်တင်ဘာ ၂၃ရက်နှင့် ၂၄ရက်များတွင် ပြု လုပ်သော အစည်းအဝေးများသို့တက်ရောက်ခြင်းမရှိပေ။
ထို့အပြင် စက်တင်ဘာ ၂၈ ရက်တွင် နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း စင်တာ-၂၌ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်နှင့် စီးပွားရေးလုပ်ငန်းရှင် များ၊ ဖွံ့ဖြိုးတိုးတက်မှုမိတ်ဖက် များတွေ့ဆုံပွဲကို အခမ်းအနား ပြု လုပ်ရန်စီစဉ်ထားသော်လည်း စက်တင်ဘာ ၂၅ရက်တွင် ယင်း တွေ့ဆုံပွဲရွှေ့ဆိုင်းကြောင်း ပြန် ကြားရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့သည်။
ယင်းရွှေ့ဆိုင်းမှုအပေါ် ဦး ဇော်ဌေးသို့ မေးမြန်းရာ ဒေါ် အောင်ဆန်းစုကြည်၏ ကျန်းမာ ရေးအခြေအနေကြာင့် ရွှေ့ဆိုင်း ခြင်းမဟုတ်ဘဲ လက်ရှိတွင် ခရီး ပန်းနေ၍ အနားယူရန်လိုအပ်ပြီး စိတ်ပူရန်မလိုအပ်ကြောင်း 7Day Daily အားပြန်လည် ဖြေဆိုသည်။
No comments:
Post a Comment