မော်တော်ယာဉ်တင် သွင်းရာတွင် ကြုံတွေ့နေသည့် အခက်အခဲအခြေအနေ ငါးချက် ကို စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီးနှင့် စက်တင်ဘာ ၂၄ ရက် တွေ့ဆုံဆွေးနွေးပွဲတွင် တင်ပြခဲ့ကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း (MAMDA)မှ သတင်းရရှိသည်။
‘‘အသင်းက အချက်ငါးချက် ကို ဆွေးနွေးတင်ပြခဲ့တယ်။ ပြည် ထောင်စုဝန်ကြီးကလည်း ဒီအ ချက်ငါးချက်ကို တခြားသက်ဆိုင် ရာ ဝန်ကြီးဌာနတွေနဲ့ ညှိနှိုင်း ဆောင်ရွက်ပေးမယ်လို့ ပြော တယ်။ ယာဉ်အို ယာဉ်ဟောင်း အပ်နှံမှုစနစ်အစား တခြားအစား ထိုးစနစ်တစ်ခု ဆောင်ရွက်ပေးဖို့ တင်ပြခဲ့တယ်’’ဟု အထက်ပါအ သင်းဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
၂၀၁၅ ဒီဇင်ဘာ မတိုင်မီ စီးပွားကူးသန်းတွင် သွင်းကုန်လိုင် စင်လျှောက်ထားခဲ့သော Consi-gnment လိုင်စင်များဖြင့် တင် သွင်းလာသောယာဉ်များ ကညန တွင် ယာဉ်နံပါတ် ရယူခြင်းကို ၂၀၁၆ ဒီဇင်ဘာလကုန်၌ အပြီး ဆောင်ရွက်ရန်နှင့် ပတ်သက်၍ မော်တော်ယာဉ်တင်သွင်းမှု ကြီး ကြပ်ရေးကော်မတီအနေဖြင့် ညှိ နှိုင်းဆောင်ရွက်ပေးရန်၊ ၂၀၁၇အတွက် မော်တော်ယာဉ် တင် သွင်းခွင့် Model Year သတ်မှတ် ချက်ကို ညှိနှိုင်းထုတ်ပြန်ပေးရန်၊ အရောင်းစင်တာများ၏ Consi-gnment စနစ်ဖြင့် တင်သွင်းသော မော်တော်ယာဉ်များ အစီးရေကန့်သတ်ချက်ကို ဖြေလျှော့ဆောင် ရွက်ပေးရန်တို့ကို တင်ပြခဲ့ကြောင်း သတင်းရရှိသည်။
ထို့အပြင် ရန်ကုန်တိုင်းဒေသ ကြီးအတွင်း ပါကင်ပါမစ်ရပ်ဆိုင်း ထားပြီး မော်တော်ယာဉ် မှတ်ပုံ တင်ခွင့် ရပ်ဆိုင်းထားခြင်းကို တိုင်းဒေသကြီးအစိုးရနှင့် ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ SKD, CKD နှင့်ပတ်သက်၍ ဝန်ကြီးဌာနများ အချင်းချင်း ပေါင်းစပ်ညှိနှိုင်း၍ ရှင်းလင်းတိကျသည့် SKD, CKD သတ်မှတ်ချက် မူဝါဒကို ထုတ်ပြန် ပေးနိုင်ရန် စသည့် အချက်များ ဆွေးနွေးတင်ပြခဲ့ကြောင်း (MA-MDA)မှ သတင်းရရှိသည်။
လက်ရှိတွင် ပြည်တွင်းကား ဈေးကွက်၌ ကားဟောင်း (အပ် ကား)ရှားပါးလားပြီး စလစ်ဈေး နှုန်းများ မြင့်တက်လာကာ ကျပ် ၁၀၅ သိန်းခန့် ဈေးပေါက်နေကြောင်းနှင့် မော်တော်ယာဉ်ရောင်း ဝယ်နေသူများ အခက်အခဲအချို့ ကြုံတွေ့နေရကြောင်း သတင်း ရရှိသည်။7day
No comments:
Post a Comment