Sunday, September 18, 2016

နောင်ဖြစ်မည့်စစ်ပွဲများ၌ အစ္စရေး နိုင်ငံအတွင်းသို့ နေ့စဉ်ဒုံးကျည် ၁၅ဝဝ အထိကျရောက်နိုင်

နောင်အခါဖြစ်ပွားလာနိုင်သည့် မည်သည့်စစ်ပွဲမျိုးတွင်မဆို အစ္စရေးနိုင်ငံ
တွင်းသို့ ဒုံးကျည်ထောင်ပေါင်းများစွာ ကျရောက်လာနိုင်ကြောင်း ပြည်လုံးကျွတ် မြို့ပြကာကွယ်ရေး စစ်ရေးလေ့ကျင့်မှု မစတင်မီ အစ္စရေးစစ်ဘက် သတင်း အရင်းအမြစ်များက စက်တင်ဘာ ၁၇ရက်တွင် ပြောကြားလိုက်သည်။စစ်မျက်နှာအများအပြားမှ လက် ကုန်ဖွင့်တိုက်ခိုက်လာမှုများ၊ မရှိမဖြစ် လို အပ်သော အခြေခံအဆောက်အအုံများ ကို တိုက်ခိုက်ဖျက်ဆီးမှုများ၊ ဒုံးလက်နက် များ အကြီးအကျယ်သုံး၍ တိုက်ခိုက်မှု များကို ရင်ဆိုင်နိုင်ရေးအတွက် အစ္စရေး စစ်ဘက်က ပြည်လုံးကျွတ်မြို့ပြကာကွယ် ရေးစစ်ရေးလေ့ကျင့်မှုကို စက်တင်ဘာ ၁၈ ရက်မှ ၂၁ရက်အထိပြုလုပ်ရန် စီစဉ် ထားကြောင်း အေအက်ဖ်ပီသတင်းဌာန က ရေးသားတင်ပြထားသည်။အစ္စရေးပြည်တွင်းမီဒီယာများ၏ အဆိုအရ နောင်ဖြစ်လာနိုင်သည့် စစ်ပွဲ များတွင် အစ္စရေးနိုင်ငံတွင်းသို့ နေ့စဉ် ဒုံးကျည်စင်းရေ ၁၅ဝဝအထိ ကျရောက် နိုင်ကြောင်း အစ္စရေးကြည်းတပ်က ခန့်မှန်းထားရာ ယင်းခန့်မှန်းချက်ကို အေ-ခြပြု၍ မြို့ပြကာကွယ်ရေး ပြည်လုံးကျွတ် စစ်ရေးလေ့ကျင့်မှုအစီအစဉ်ကို ရေးဆွဲ ထားခြင်းဖြစ်ကြောင်း သိရသည်။ယင်းဒုံးကျည်များကို လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာအုပ်စုက အစ္စရေးမြောက်ပိုင်းမှလည်းကောင်း၊ ဂါ ဇာကမ်းမြောင်အခြေစိုက် ဟားမားစ်အုပ် စုက တောင်ပိုင်းမှသော်လည်းကောင်း တစ်ပြိုင်တည်းပစ်ခတ်လာနိုင်ကြောင်း အစ္စရေးစစ်ဘက်က ခန့်မှန်းထားသည်။၂ဝ၁၄ခုနှစ် ဂါဇာစစ်ပွဲကြောင့် ဟားမားစ်အုပ်စုမှာ အင်အားချည့်နဲ့ခဲ့ သော်လည်း ယင်းအဖွဲ့၌ ဒုံးလက်နက် ထောင် ပေါင်းများစွာရှိနေနိုင်ပြီး ဟစ် ဘို လာအုပ် စုတွင်လည်း ဒုံးလက်နက် ၁ဝဝဝဝဝ နှင့် အထက်အထိ ရှိနေနိုင်ကြောင်း အစ္စရေး စစ်ဘက်သတင်းအရင်း အမြစ်များအဆို အရ သိရသည်။

No comments: