အပြောင်းအလဲနှင့်ပတ်သက်၍ နိုင်ဂျီးရီးယားသမ္မတ မူဟမ်မာဒူဘူဟာရီ
ပြောကြားခဲ့သော မိန့်ခွန်း၏ စာပိုဒ်တစ် ပိုဒ်မှာ အမေရိကန်သမ္မတ
အိုဘားမား၏ မိန့်ခွန်းတစ်ရပ်ပါ စာသားများကို ကူးချ ထားခြင်းဖြစ်ကြောင်း
ရိုက်တာသတင်း ဌာနက စက်တင်ဘာ ၁၇ရက်တွင် ရေး သားတင်ပြထားသည်။အဂတိလိုက်စားမှု
ပပျောက်ရေး အစီအစဉ်အရ 'ကျွန်တော်နဲ့အတူ အပြောင်းအလဲကို စတင်'ပါအမည်ရှိ လှုပ်
ရှားမှုတစ်ရပ်ကို နိုင်ဂျီးရီးယားနိုင်ငံ၌ လွန် ခဲ့သောသီတင်းပတ်က စတင်ခဲ့ရာ
ယင်း လှုပ်ရှားမှုစတင်ခြင်းအထိမ်းအမှတ် အဖြစ် သမ္မတဘူဟာရီက မိန့်ခွန်းတစ်ရပ်
ပြောကြားခဲ့သည်။သို့ရာတွင် နိုင်ဂျီးရီးယားနိုင်ငံကို ကာလရှည်ကြာစွာ
လှိုက်စားဖျက်ဆီးခဲ့ သော နိုင်ငံရေးဘက်လိုက်မှုများ၊ သဘော
ထားကျဉ်းမြောင်းမှုများ၊ မရင့်ကျက်မှုများ ကို စွန့်ပစ်ရန်
နိုင်ဂျီးရီးယားပြည်သူများ အား တိုက်တွန်းထားသည့် အထက်ပါ မိန့်ခွန်းတွင်
အမေရိကန်သမ္မတ အိုဘား မား၏ ၂ဝဝ၈ရွေးကောက်ပွဲ အောင်ပွဲခံ မိန့်ခွန်းပါ
စာပိုဒ်တစ်ပိုဒ်ကို ကူးချထားခြင်း ဖြစ်ကြောင်း နိုင်ဂျီးရီးယားသမ္မတရုံးက
စက်တင်ဘာ ၁၇ရက်တွင် ဝန်ခံခဲ့သည်။သမ္မတအိုဘားမား၏ ၂ဝဝ၈ မိန့်ခွန်းပါ
စာပိုဒ်တစ်ပိုဒ်နှင့် သမ္မတ ဘူဟာရီ လွန်ခဲ့သောသီတင်းပတ်က ဖတ် ကြားခဲ့သည့်
စာပိုဒ် ၁၆ပိုဒ်ပါ မိန့်ခွန်းမှ နဝမမြောက်စာပိုဒ်မှာ တူညီလွန်းလှသည် ဖြစ်ရာ
တိုက်ဆိုင်မှုဟုမဆိုသာကြောင်း နိုင်ဂျီးရီးယားသမ္မတရုံး ပြောရေးဆိုခွင့်ရှိ
သူက ပြောကြားသည်။သမ္မတအိုဘားမား၏ ၂ဝဝ၈မိန့်ခွန်းကို ကူးချမှုတွင် တာဝန်ရှိသူ
များကို အပြစ်ပေးအရေးယူမည်ဖြစ် ကြောင်း နိုင်ဂျီးရီးယားသမ္မတရုံးက
သတင်းထုတ်ပြန်ထားသည်။
No comments:
Post a Comment