Sunday, September 18, 2016

သိန်းန္နီမြို့အဝင်တွင် ငွေကျပ်သိန်း ၁၅၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သိန်းန္နီမြို့
အဝင်တိုးလ်ဂိတ်အနီးတွင် ဆိုင်ကယ်စီးလာသူ

နှစ် ဦးထံမှ အင်ဂျင်ဝိုင်ဗူး အတွင်း သိုဝှက်သယ်ဆောင်လာသော ငွေကျပ်သိန်း ၁၆၃.၈ တန်ဖိုးရှိ 88 နှင့် 1 စာတမ်းပါဆေးပြားများနှင့်
ဓား တစ် ချောင်းကို စက်တင်ဘာ ၁၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စုနှင့် ပူးပေါင်းအဖွဲ့ဝင်များသည် သိန်းန္နီမြို့အဝင် အိုရီယမ်တယ်တိုးလ်ဂိတ်အနီးတွင် ရှောင်တခင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးဆောင်ရွက်နေစဉ် ကွမ်းလုံမြို့မှ သိန်းန္နီသို့ မောင်းနှင်လာသော
Kenbo ဆိုင်ကယ်ကို စစ်ဆေးရာမှ စိတ်ကြွရူးသွပ်ဆေးပြား ၈၁၉၀ ပြားကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“နည်းမျိုးစုံနဲ့သယ်နေတာကို ဖမ်းဆီးရမိပါတယ်။ ရမည်သင်းမြို့ကိုသယ်သွားပြီးရောင်းမှာလို့ စစ်ဆေးသိရ
ပါတယ်။”ဟု အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စုမှ ရဲအရာရှိတစ်ဦးက ပြောသည်။စိတ်ကြွရူးသွပ်ဆေးပြားများနှင့် လက်ဝယ်တွေ့ရှိသယ်ဆောင်လာသူဟု ယူဆရသူ ရမည်းသင်းမြို့နယ်၊ လွှစင်ကျေးရွာနေ မောင်ဦး(၄၂)နှစ်၊ ကွမ်းလုံမြို့နယ်၊ ကန်မိန်းအုပ်စု၊ မြင်စီးပါးရွာနေ နှစ်ဦးအား သိန်းန္နီမြို့မရဲစခန်းမှ မယ (ပ)၄၅/၂၀၁၆ ၊ မူးစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေပုဒ်မ ၁၅/၁၉(က)/၂၀ (က)/ ၂၂(ခ)/၂၁ အရအမှုဖွင့်ကာ သယ်ဆောင်ခိုင်းသူအား ဆက်လက်ဖမ်းဆီး ရမိရေး ဆောင်ရွက်နေကြောင်း သိရသည်။

No comments: